Knowledge and News

ကမ္ဘာမှာအန္တရာယ်အကြီးဆုံးသစ်ပင်

Agriculture, Knowledge

သြစတြေးလျတိုက်တွင် ရှိသည့် Gympie Gympie ဂျင်ပီ-ဂျင်ပီ ဆိုသည့် အပင်မှာ ကမ္ဘာတွင် အန္တရာယ်အကြီးဆုံး အပင်များအနက် အပင်တစ်မျိုးဖြစ်သည်။ ထိုအပင်ကို ရုက္ခဗေဒ အမည်ဖြင့် Dendrocnide excels ဟု ခေါ်သည်။ ထိုအပင်သည် ထိကိုက်လိုက်ရုံနှင့်ပင် အန္တရာယ်ကြီးလွန်းသဖြင့် ထိတွေ့၍ မရနိုင်သော အပင်ဖြစ်သည်။ ထိုအပင်မှ အရွက်မှာ ငရုတ်ကောင်းရွက်၊ ကွမ်းရွက်တို့နှင့် ပုံစံတူဖြစ်ပြီး အရွက်ပေါ်တွင် အမွှေးများနှင့် ကြမ်းရှနေပြီး ထိမိလျှင် စူးကာ အဆိပ်သင့်စေခြင်း ဖြစ်သည်။ အရွက်ကို ကိုင်မိလျှင် အလွန်အမင်း ယားယံခြင်း၊ ပျားတုတ်ရာကဲ့သို့ အဖူးအပိန့်များ ထွက်ခြင်းတို့ဖြစ်ကာ အတန်ကြာ အဆိပ်ပြေစေရန် ကုသရသည်။ ထိုအပင်နှင့် ထိမိသည့် အခြားသစ်ရွက်များ၊ သစ်သီးများပင် အဆိပ်သင့်ပြီး ထိကိုင်မိလျှင် အန္တရာယ်ရှိသည်။ အပင်၏ အဆိပ်သင့်မှုမှာ ကိုင်လိုက်သည်နှင့် ရုတ်တရက် အက်စစ်နှင့် ထိမိသလို၊ ဓာတ်လိုက်သလို ခံစားရကြောင်း သိရသည်။

Ref: Australian Geographic Apr

7 Day News Journal အတွဲ (၁၄) အမှတ် (၅) မှ ကူးယူဖော်ပြသည်။