Knowledge and News

ပျင်းရိခြင်းရလဒ်

Knowledge

တခါတုန်းက ဆားကုန်သည်တစ်ယောက်မှာ ဆားတွေသယ်ဖို့အတွက် မြည်းတစ်ကောင်ရှိသတဲ့..။သူဟာ မြည်းပေါ်ကို ဆားတွေတင်ပြီး နေရာအနှံ့ လိုက်ရောင်းပါတယ်။

တစ်နေ့တော့ ရွာတစ်ရွာကို ဆားသွားရောင်းဖို့ ချောင်းတစ်ခုကိုကူးဖြတ်ရတယ်။ အဲ့ဒီအချိန်မှာ သူ့ရဲ့ မြည်းဟာ ချော်လဲသွားပြီး ဆားတွေဟာ အရည်တွေပျော်ကုန်တော့တယ်။

မြည်းဟာ သူ့ကျောကုန်းပေါ်က ဆားတွေပေါ့ပါးသွားလို့ ပျော်ရွှင်နေသတဲ့..။နောက်ခရီးတစ်ခုမှာ မြည်းက သိသိနဲ့(တမင်သက်သက်) ချောင်းထဲ ပြုတ်ကျခဲ့တယ်။

ကုန်သည်က မြည်းရဲ့ရည်ရွယ်ချက်ကို သံသယဝင်လာတယ်။ နောက်နေ့မှာလည်း မြည်းက တမင်သက်သက် အဲဒီအကွက်ကို ထပ်သုံးခဲ့တယ်။

သူ့သခင်က မြည်းရဲ့ မကောင်းတဲ့ရည်ရွယ်ချက်ကို သေချာသိသွားခဲ့တယ်။နောက်နေ့မှာတော့ ကုန်သည်က မြည်းပေါ်ကို ဝါဂွမ်းထုပ်တွေနဲ့တင်လိုက်တယ်။

မြည်းက သူ့အကွက်ကို ထပ်မံပြုလုပ်ရန် ချောင်းထဲ ပြုတ်ကျခဲ့တယ်။ ဒီတစ်ခါတော့ အထုပ်တွေက အရမ်းလေးလံသွားတယ်။မြည်းက အရမ်းလေးတဲ့အထုပ်တွေကို သယ်ခဲ့ရတယ်။

ရှေ့ဆက်ဖို့တော်တော် အားစိုက်ခဲ့ရတယ်။ မြည်းက သူ့အမှားကို နားလည်ခဲ့တယ်။ ဒါနဲ့ နောက်ဘယ်တော့မှ ချောင်းထဲ မပြုတ်ကျတော့ဘူး။ လှည့်စားတာ မကောင်းမှန်း မြည်းက တွေးသိလာခဲ့တယ်။

ကုန်သည်က မြည်းကို သင်ခန်းစာကောင်းတစ်ခု ပေးလိုက်တာပါ။

သင်ခန်းစာ – လူတစ်ယောက်ကို တစ်ကြိမ်နှစ်ကြိမ်တော့ ညာလို့ရမယ်။ ဒါပေမယ့် အမြဲတော့ မရဘူး။

Credit – မူရင်းရေးသူအား လေးစားစွာဖြင့်