Knowledge and News

တန်ဖိုးသိတဲ့အရပ်မှာနေပါ

Thinking

တခါတုန်းက ဖခင်တစ်ဦးဟာ သားမမွေးခင်ကတည်းက သားအတွက်ဆိုပြီးဝယ်ထားပေးတဲ့ ကားကို တကြိမ်တခါ မှမသုံးပဲ ကား ဂိုဒေါင်ထဲမှာ ၂၃နှစ်တိုင်တိုင် သိမ်းထားပေးခဲ့သတဲ့..။ကျောင်းပြီးသွားတဲ့ချိန် ဂုဏ်ပြုလက်ဆောင်အဖြစ် ဒီကား နဲ့ Surprise လုပ်ပေး မယ်ပေါ့..ဖခင်က သားကို ပြောတယ် ကားကိုအပိုင်မပေးခင် ဒီကားဘယ်လောက်တန်လဲ သိရအောင် တစ်ပတ်နွမ်းကားဈေးတန်းမှာ သွားပြကြည့်ပါလို့ပြောလိုက်တယ်..။သူ့သား က တစ်ပတ်နွမ်းကားဈေးတန်းမှာ သွားပြပြီး အဖေရေ သူတို့က $ 1000 ပဲပေးမယ် လို့ပြောကြတယ်..။ဘာလို့လဲဆိုတော့ ကားက နည်းနည်းဟောင်းနေလို့တဲ့။ဒါနဲ့သူ့အဖေက သား ရေဒီတစ်ခါ အပေါင်ဆိုင်ကို သွားပြကြည့်ပါအုံးလို့ ခိုင်းပြန်ပါတယ်။သားက လည်း အပေါင်ဆိုင်ကိုသွားပြတယ်..ပြီးတော့ အဖေရေ သူတို့က $ 100 ပဲ ပေးမယ်လို့ပြောကြတယ်။ ဘာလို့လဲဆိုတော့ ကားကအရမ်းအိုနေပြီတဲ့..။

ဖခင်က သား ရေ ဒီတစ်ခါတော့ ကားပြပွဲ car show room အသင်းဆီကို ယူသွားကြည့်ပါလို့ပြော ပါတယ်။သားက ကားပြပွဲအသင်းဆီ ကားကိုပြလိုက်တဲ့အချိန် ကြားလိုက်ရတဲ့ စကားကြောင့် အရမ်းကို စိတ်လှုပ်ရှားသွားစေတယ်..။ အဖေ အဖေ သူတို့က ကားကို $100000 ပေးမယ်တဲ့ ။ ဘာလို့လဲဆိုတော့ ဒီကားက ရောင်းရအကောင်းဆုံးနဲ့ ခုဆိုရှားပါးကားဖြစ်ပြီး ရှေးအရမ်းကျတယ် လို့ ပြော ကြတယ်..။ဖခင်က ဒီမှာ ”သား ရေ မှန်ကန်တဲ့ နေရာမှာသာ တန်ဖိုးထားမှုခံရကြ တာပါ..။သား ကို တန်ဖိုးမထားကြရင် အသိအမှတ် မပြုကြရင် ဝမ်းမနည်းပါနဲ့။ စိတ်လည်း မဆိုးပါနဲ့။အမြဲ မှတ်ထားပါ သား..ဘာလို့လဲဆိုတော့ အဲ့ဒီနေရာက သားအတွက် သားရဲ့ ”တန်ဖိုး” ကို နားလည်တဲ့ နေရာမှာသာသားကို အသိအမှတ်ပြုကြမှာ။

“သင့်တန်ဖိုးကိုနားမလည်တဲ့နေရာမျိုးမှာ သင့်ရဲ့ အဖိုးတန်လှတဲ့ အချိန်တွေကို အဆုံးရှုံးမခံပါနဲ့။”

Credit: မူရင်းရေးသားသူ