Knowledge and News

အုန်းစိမ်းရည်အစွမ်းအံ့မခမ်း

Health, Knowledge

အုန်းရည် ဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေရှိပါတယ်…ဒါကြောင့်လည်း ပင်လယ်ကမ်းခြေသွားတဲ့ အခါဖြစ်စေ ..ရံဖန်ရံခါ ဖြစ်စေ အုန်းရည်ကို ဝယ်သောက်ကြသူတွေရှိပါတယ်….

ဒါပေမဲ့ အုန်းရည်ကို တစ်ပတ်တိတိနေ့စဉ်ရက်ဆက်တော့ ဘယ်သူမှ မသောက်ဖူးကြဘူးလို့ ထင်ပါတယ်….တ ကယ်တော့ အုန်းရည်ကို တပတ်လုံး နေ့စဉ် သောက်ကြည့်ပါ…အံ့ဖွယ်အကျိုးကျေးဇူးတွေကို ရရှိစေလာမှာပဲ ဖြစ်ပါတယ်….တပတ်လုံး အုန်းရည်သောက်မယ်ဆိုရင် ပထမဆုံးအနေနဲ့ ပရိသတ်ကြီးတို့ရဲ့ ကိုယ်ခံအားတွေကို သိသိသာသာ ကောင်းလာစေမှာပဲ ဖြစ်ပါတယ်….ကိုယ်ခံအားနည်းတဲ့သူတွေ သောက်သင့်ပါတယ်…

နောက်ပြီးတော့ ဒုတိယအနေနဲ့ အားဖြည့်အချိုရည်တွေသောက်သုံးထားသလိုပဲ အုန်းရည်ဟာ လူကို အားပြန်ပြည့်စေတဲ့ သဘာဝအားဖြည့်အချိုရည်လည်း ဖြစ်ပါတယ်…..ဒါ့အပြင် တတိယအချက်အနေနဲ့ အုန်းရည်က ပရိသတ်ကြီးတို့ရဲ့ ခန္ဓာကိုယ်ထဲက ကိုယ်တွင်းအင်္ဂါတွေကို ကျန်းမာသန်စွမ်းစေပါတယ်…. စတုတ္ထအချက်တော့ အစာခြေစနစ်တွေကောင်းလာမယ်….. ပဉ္စမအချက်က အစာခြေစနစ်ကောင်းလာတာကြောင့် ဝိတ်မတက်ဘဲ ဝိတ်ကျစေလာမှာပဲ ဖြစ်ပါတယ်….နောက် ဆဋ္ဌမအချက်အနေနဲ့ ခေါင်းကိုက်တာတွေလည်း ပျောက်ကင်းစေနိုင်သလို နောက်ဆုံးအချက်ကတော့ ငယ်ရွယ်နုပျိုအရွယ်တင်စေပြီးတော့ လှပကျော့ရှင်းတဲ့ အသားအရည်ကိုလည်း ပိုင်ဆိုင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်…ကဲပရိသတ်ကြီးရေ ဒီလောက်ဆိုရင် အုန်းရည်ကို တစ်ပတ်တာလုံးသောက်သုံးခြင်းကြောင့် ရလာမဲ့ အကျိုးကျေးဇူးတွေကို သိလောက်ပါပြီနော်။

Credit: Original Uploader