Knowledge and News

အသက်ကိုဉာဏ်စောင့်

Knowledge, Thinking

မြစ်ငယ်တစ်ခုရဲ့ ကမ်းနားဘေးမှာ သစ်ပင်လေး တစ်ပင်ရှင်သန်နေသလို အဲသည့်သစ်ပင်ရဲ့ အရိပ်ကိုခိုနေတဲ့ မိချောင်း နှစ်ကောင်ကလည်း မြစ်ထဲမှာ နေထိုင်နေကြတယ်။ သစ်ပင်ရဲ့အောက်ခြေအခေါင်းပေါက်ထဲမှာ မြွေတစ်ကောင်ကလည်းနေထိုင်နေသလိုအဲ့သည့်မြွေကို စားချင်နေသည့် နှစ်ပေါင်းများစွာချောင်းနေသောထိုနားဝန်ကျင် ကျင်လည်နေသည့်ခြင်္သေ့ကြီးတစ်ကောင်ကလည်းရှိတယ်။ တနေ့ ထင်းခုတ်သား လုလင်တစ်ယောက်ဟာ ထင်းရရန်အတွက် လိုက်ရှာဖွေနေရင်း ကမ်းနားတွင် ရှင်သန်နေသော သစ်ပင်ကိုဝမ်းသာအားရ အားကြိုးမာန်တက်ဖြင့် ခုတ်လှဲနေစဉ် လူ၏ အနံ့ကိုရသောသစ်ခေါင်းထဲမှမြွေဟာ ကိုက်ခဲဖို့ရန်ထွက်လာခဲ့တယ်။ သစ်ခုတ်သမားလည်း ထိုမြွေကိုမြင်ရ၍ ကြောက်လန့်ကာ အသက်ဘေးနှင့်ရင်ဆိုင်ကြောက်လန့်သည့်အတွက် ပုဆိန်ဖြင့်ထိုမြွေကိုခုတ်ဖြတ်ဖို့မေ့လျော့ကာပုဆိန်ကိုပြစ်ချ၍ အပင်ပေါ်သို့အတင်းတက်ပြေးလေသည်။

လုလင်၏အဖြစ်ကိုမြင်နေသောမိချောင်းနှစ်ကောင်ကလည်း အပင်မှပြုတ်ကျလာလျင် ကိုက်သတ်စားရန် အရန်သင့် စောင့်ဆိုင်းနေလေသည်။ခြင်္သေ့ကြီးကလည်းတွင်းခေါင်းထဲမှထွက်လာသောမြွေကိုမြင်ကာ အခွင့်ရေးကျပြီဟုဆိုကာ ထိုမြွေ ၏ အဆင်းကို အောက်မှစောင့်မျှော်နေလေသည်။ထင်းခုတ်သမားလုလင်သည် သစ်ကိုင်းအားတွဲခိုလျှက် အခက်ခဲဖြင့်ရင်ဆိုင်နေရတဲ့အချိန် လွတ်မြောက်ရန်အတွက် လက်နက်ဆိုတာလည်းဘာမျှမရှိဦးနှောက်ကိုအသုံးချပြုမှ အသက်ဘေးကလွတ်မြောက်မည်ကို သုံးသပ်မိလိုက်တယ်။အောက်ကိုပြုတ်ကျ၍ စားသောက်ရန်အသင့်စောင့်နေသော မိချောင်းနှစ်ကောင်ကိုကြည့်ကာ အားပါးတရ ဟားတိုက်ကာဖြင့် ရယ်လိုက်တယ်။ မိချောင်းနှစ်ကောင်ဟာ လုလင်၏အဖြစ်သနစ်ကိုကြည့်၍ အသက်ဘေးနဲ့ရင်ဆိုင်နေရတာတောင်ရယ်နိုင်သေးတယ်။ ဘာကြောင့်များလည်းဟု မေးမြန်းလိုက်လေ၏။ငါရယ်လိုက်ရတဲ့ အကြောင်းကတစ်ခြားမဟုတ် မြွေကိုက်၍ အောက်ကိုပြုတ်ကျခဲ့လျှင် ငါ့ခန္ဓာသည်ကား ပကတိ ခန္ဓာကိုယ် အနေထားမျိုးမဟုတ်တော့..အဆိပ်သင့်နေတဲ့ခန္ဓာ၊ ဆိပ်တုံးကြီးသာဖြစ်တယ်..အဆိပ်တွေဖုံးလွှမ်းနေတဲ့ ငါ့ခန္ဓာကိုယ်ကိုသင်တို့စားသောက်ခဲ့ပါလျှင် ငါ့လိုပဲ သင်တို့လည်း မကြာမီအချိန်မှာအ ဆိပ် သင့်လို့သေရတော့မည်ကို တွေး၍ ဒါကိုမသိရလေသလားဟုသင်တို့ရဲ့အတွေးခေါ်ဥာဏ်သည် နုံချာလွန်းလှ၍ ငါသည်ရယ်မောရခြင်းဖြစ်တယ်လို့ ဖြေလေ၏။

ထိုအချိန်မှာ မိချောင်းနှစ်ကောင်ဟာ ဖြစ်လာမယ့် ဖြစ်စဉ်ကို ပြန်သုံးသပ်လိုက်သောအခါ လုလင်ပြောတာ ဟုတ်နေတာပဲ ဆိုကာဖြင့်မိချောင်းများသည် ထိန့်လန့်ကာနေလေ၏။ထင်းခုတ်သမားလုလင်သည် မြွေဘက်သို့လှည့်၍ အသင်မြွေမင်း ငါ့ကို သင်ကိုက်လိုက ကိုက်လို့ရပါသည်၊ သို့သော်လည်း ငါသေသလို သင်လည်း ခြင်္သေ့ကပြန်လည်ကိုက်သတ်၍သေရမည့်သူသာဖြစ်၏လို့ပြောလိုက် လေသော အခါ ခြင်္သေ့ကလည်း လုလင်ပြောတာမှန်၏။ သင့်ကိုစားချင်သည်မှာ နှစ်ပေါင်းများမကစောင့်စားခဲ့ရသည် သည်နေ့တော့စောင့်ရကျိုးနပ်ပြီလို့ ခြင်္သေ့က မြွေကိုပြောလိုက်သောအခါ မြွေကလည်း ခြင်္သေ့ကြီး သင်ဟာ ငါ့ကိုသုံးချက်လောက်ကိုက်ပါက သင့်ကို ငါတစ်ချက်လောက်တော့ပြန်ကိုက်နိုင်သေး၏။ သင့်ကြောင့် ငါသေရသလို သင်လည်း ငါ့ရဲ့အဆိပ်ကြောင့်သေရမည်မဟုတ်လား ဟုမြွေကပြောပြလေ၏။ အားလုံး တကွ အပြန်လန်သေရတော့မည်ကိုကြောက်လန့်ကြသောအခါ မိချောင်းက သင်လုလင်ငါတို့သည် အဆိပ်သင့်နေသောသင့်ခန္ဓာကိုအားလုံးဝအလိုမရှိ ခြင်္သေ့ကြီးကလည်းသင်မြွေမင်း တစ်ဝမ်းဝရုံဖြင့် ငါ့အသက်အား မလဲနိုင်၊ မြွေကလည်း အသင်လုလင် ငါမသိသော ငါ့အသက်အန္တရာယ်ကိုသင်ဖော်ပြပေး၏ ကျေးဇူးရှင်ဖြစ်သော သင့်အား ငါသည်မကိုက်လို၊ ဤသို့ဖြင့် တစ်ယောက် နှင့် တစ်ယောက်တို့၏ အသက်အန္တရာယ်အခက်ခဲတို့ကိုအတူတကွဖြေရှင်းလိုက်ကြပါတယ်။ အဲ့နောက်မှာတော့ အဆိုပါသတ္တဝါတွေဟာ မေတ္တာတွေဂဟေဆက် ပေါင်းဖတ်ကာ သင့်မြတ်သွားကြလို့တစ်သက်လုံးအတူတကွနေထိုင်သွားကြပါတော့တယ်။

Credit – ဖန်ခါးမြေအရှင်