Knowledge and News

Telegram ရဲ့ အသုံးဝင်တဲ့လုပ်ဆောင်ချက် (၄)ခု

Sciences & technology

လတ်တလောမှာ လူသုံးများလာတဲ့ Telegram ရဲ့ လုပ်ဆောင် ချက်တွေက အရမ်းလည်းအသုံးဝင်သလို Telegram ရဲ့နောက်ဆုံးထွက် Vesrsion Update မှာလည်း Featuresတွေ ပိုစုံလာပါပြီ။

Telegram ဟာ End-to-end Encryption စနစ်သုံးထားပြီးMessage တွေကို လက်ခံသူတစ်ဦးတည်းပဲ ဖတ်ရူနိုင်သလို ကြားဖြတ် အသုံးပြုတာမျိူးတွေကို လုံးဝပိတ်ပင်ထားတာမို့လို့ သာမန် Message App တွေထက် ပိုလုံခြုံပါတယ်။

လက်ရှိမှာတော့ Movie Channel တွေကြောင့် လူသုံးများလာသလို ကိုယ်တိုင်ကလည်း Telegram ရဲ့ Message Chat တွေကို အသုံးပြု နေတယ် ဆိုရင်တော့ ဒီလုပ်ဆောင်ချက် (၄)ခုက တကယ်ကိုအသုံးဝင်မှာဖြစ်ပါတယ်။

1.Message တွေကို Schedule နဲ့ ပို့နိုင်တယ်

-(Schedule Message)

– ဒီ Feature က အတော်လေးမိုက်ပါတယ်။ စာကို ကိုယ်ကြိုက်တဲ့ချိန် ရွေးထားပြီးပို့တာပါ။
Birthday Wish တွေအတွက် အထူးအသုံးဝင်ပါလိမ့်မယ်။

-ကိုယ်ပို့ချင်တဲ့ လူဆီကို စာရိုက်ပြီးတာနဲ့ Send button ကို ခပ်ကြာကြာလေးဖိထားလိုက်မယ်ဆိုရင် Schedule Message ကိုတွေ့ပါလိမ့်မယ်။ Schedule Message ကိုနှိပ်လိုက်မယ်ဆိုရင်တော့ ကိုယ်ပို့ချင်တဲ့ အချိန်ကို စိတ်ကြိုက်ရွေးပြီး ပို့လို့ရပါတယ်။

2.အသံမကြားအောင် စာပို့မယ်

-(Silent Messages)

– တစ်ဖက်လူက အလုပ်ရူပ်နေနိုင်တဲ့အချိန် ကိုယ်ကလည်း အရေးတကြီး စာပို့ဖို့လိုနေတယ်ဆိုရင် ဒီ Feature လေးကိုအသုံးပြုနိုင်ပါတယ်။

ပို့လိုက်တဲ့စာက ဝင်သွားမယ် ၊ ဒါပေမဲ့ တစ်ဖက်လူဆီမှာ Noti Soundသံကြားရမှာမဟုတ်ပါဘူး။
-စာရိုက်ပြီးတာနဲ့ Send Button ကိုဖိထားပြီး Silent Messages ကိုရွေးပေးလိုက်ပါ။

3.စာတွေ ၊ File တွေကို အလိုအလျှောက်ဖျက်ပေးနိုင်တယ်။

-(Self-Destruct Media)

– ကိုယ်ပို့ထားတဲ့ Message တွေကို အချိန်အတိုင်းအတာတစ်ခုထိ ရှိနေပြီး ကြာရင် သူ့ဘာသူ အလိုလိုပျက်သွားအောင်လုပ်တာပါ။

Photo , Video , Text အကုန်လုံးကို Self-Destruct အနေနဲ့လုပ်နိုင်ပါတယ်။

Secret Chat အနေနဲ့ သုံးနေတဲ့လူဆိုရင် Text Bar မှာ နာရီ ပုံလေးရှိပါတယ်။ စာရိုက်ပြီး နာရီပုံလေးကိုနှိပ်လိုက်တာနဲ့ ကိုယ်ပို့စေချင်တဲ့ အချိန်အထိပဲပြပေးပြီး အချိန်ပြည့်ရင် တစ်ဖက်လူကမြင်ရတော့မှာ မဟုတ်ပါဘူး။ ပုံတွေဆိုရင်တော့ ပို့မယ်ပုံကို အရင်ထောက်လိုက်မှ နာရီပုံ
လေး ပေါ်ပါတယ်။

4.ပို့ချင်တဲ့ Video တွေကို တည်းဖြတ်နိုင်တယ်

-(Edit Send Video)

– တစ်ယောက်ယောက်ဆီကိုပို့ဖို့ Video တွေကို သီးခြား Edit လုပ်ဖို့ မလိုတော့ပါဘူး။ Telegram မှာ Video Edit Feature ပါလာပါ ပြီ။ Version အသစ်ဖြစ်ဖို့တော့လိုပါတယ်။ပို့မယ့် Video ကို Play လုပ်ဖို့ ထောက်လိုက်ပါ ၊ Edit ပေါ်လာပါလိမ့်မယ် ၊ Brightness , Contrast နဲ့ Clip Edit ကိုပါလုပ်လို့ရမှာဖြစ်သလို Self-destruct နဲ့လည်း ပို့နိုင်ပါတယ်။

ကိုယ်တိုင်က Telegram သုံးနေတယ်ဆိုရင် Movie ကြည့်ဖို့ အတွက်တင်မဟုတ်ပဲ ၊ Chat အတွက် သုံးသင့်ပါတယ်။ ပြီးတော့ ခုဝေမျှထားတဲ့ လုပ်ဆောင်ချက်လေးတွေကိုလည်း စမ်းသုံးကြည့်သင့်ပါတယ်နော်။

Credit: မူရင်းရေးသားသူ