Knowledge and News

လူတွေကိုသင်္ဂြိုဟ်ရာမှာ ဓလေ့ထူးဆန်းတဲ့ရွာ

Knowledge

အင်ဒိုနီးရှားနိုင်ငံ၊ South Sulawesi ၏ လှပသော တောင်တန်းဒေသသည် Toraja ဟုခေါ်သော လူမျိုးစုတစ်စု၏ နေထိုင်ရာဖြစ်ပါသည်။ ၎င်းလူမျိုးအများစုသည် တောင်ပိုင်းဆူလာဝေစီပြည်နယ်မြို့တော် မကာဆာ၏မြောက်ဘက် ၃၀၀ ကီလိုမီတာအကွာ ဆူလာဝေစီကျွန်း၏အလယ်ဗဟိုရှိ Tana Toraja သို့မဟုတ် “Toraja နယ်မြေ” တွင် နေထိုင်ကြပါသည်။

နတ်ကိုးကွယ်ယုံကြည်မှုကိုကျင်သုံးတဲ့ တိုရာဂျာလူမျိုးစုတွေဟာ ကမ္ဘာပေါ်တွင် ဓလေ့ထူးခြားတဲ့ အသုဘအခမ်းအနားအချို့ကို ပြုလုပ်ကြပါတယ်။ဒီလိုထူးခြားတဲ့ဓလေ့တွေထဲမှာ သေဆုံးသွားသော မွေးကင်းစ ကလေးငယ်များကို သစ်ပင်တွေထဲထည့်သွင်းမြှုပ်နှံမှုများနှင့် လွန်ခဲ့သည့် ဆယ်စုနှစ်များစွာက သေဆုံးသွားခဲ့သော ဘိုးဘွားများ၏ ရုပ်အလောင်းများကိုအရိုအသေပြုသည့် အခမ်းအနားများလည်း ပါဝင်ပါသည်။

Photo: https://www.mooremisadventures.com

 

Photo: https://www.mooremisadventures.com

ဒီလို ဈာပနအခမ်းအနားများကို ရွာသူရွာသားများနဲ့ မိသားစုအားလုံးစုစုစည်းစည်းပါဝင်နိုင်ရန် ရက်ပေါင်းများစွာကြာအောင် ကျင်းပကြပါတယ်။ ဒီလိုကျင်းပခြင်းဖြင့် ရွာသူရွာသားများ၏ တစ်ဦးပေါ်တစ်ဦးယုံကြည်မှု၊ ပေါင်းသင်းဆက်ဆံရေးကို အသစ်ပြန်လည်တည်ဆောက်နိုင်ရန်နှင့် ဘိုးဘေးဘီဘင်များ၏ ယုံကြည်မှုနှင့် ဓလေ့ထုံးတမ်းများကို မပျောက်ပျက်အောင်ပြုလုပ်ကျင်းပကြခြင်းဖြစ်ပါတယ်။

Toraja လူမျိုးစုတစ်ဦးဦးသေဆုံးပါက သေဆုံးသူ၏မိသားစုဝင်များသည် Rambu Soloq ဟုလူသိများသော ဈာပနအခမ်းအနားများကို ရက်ပေါင်းများစွာကျင်းပရန် လိုအပ်ပါသည်။ ဒါပေမယ့် ပုံမှန်ဝင်ငွေသာရှိတဲ့မိသားစုဝင်တွေကတော့ ဒီလိုရက်ပေါင်းများစွာကြာတဲ့ စျာပနအခမ်းအနားတွေကိုမလုပ်နိုင်ပါဘူး။ဒါကြောင့်သူတို့ဟာ စျာပနအခမ်းအနားကိုပြုလုပ်နိုင်ဖို့အတွက် လပေါင်းများစွာကြာအောင် ဝင်ငွေစုကြရပါတယ်။ထိုအချိန်မှာသေဆုံးသူအတွက် ရိုးရာအိမ်များပြုလုပ်ကာ ထားရှိကြပါတယ်။ စျာပနအခမ်းအနားကိုမပြုလုပ်ရသေးခင်အထိ သေဆုံးသွားသည်ဟု မယူဆကြဘဲ ရောဂါဝေဒနာခံစားနေရသူတစ်ယောက်အဖြစ်သာသတ်မှတ်ကြပါတယ်။

Photo: https://www.mooremisadventures.com

ဝင်ငွေစုဆောင်းမှုလုံလောက်ပါက စျာပနအခမ်းအနားကိုကျင်းပဖို့စတင်ကြပါတော့တယ်။အခမ်းအနားမှာလူငယ်များက တေးဂီတများသီဆိုကာ ကခုန်ကြပြီး ကျွဲနှင့်ဝက်များကိုသတ်ဖြတ်ကာ ပူဇော်ကြပါတယ်။သေဆုံးသူက နာမည်ဂုဏ်သတင်းကြီးလေလေ ကျွဲအကောင်ရေ ဆယ်ဂဏန်းမှ ဝက်အကောင်ရေ ရာဂဏန်းထိ ပူဇော်ကြပါတယ်။ဒီလိုပူဇော်ပြီးပါက စျာပနကိုလာတဲ့ ဆွေမျိုးတွေနဲ့ ရွာသူရွာသားတွေကို အသားများပြန်လည်ဝေငှကြပါတယ်။

Photo: https://www.mooremisadventures.com
Photo: https://www.mooremisadventures.com
Photo: https://www.mooremisadventures.com

 

သေဆုံးသွားတဲ့ Toraja မျိုးနွယ်ဝင်များကို မြေကြီးထဲမှာ မြှုပ်နှံတာရှားပါတယ်။ ၎င်းတို့ကို တောင်ကျောက်ဆောင်များတွင် တူးဖော်ထားသော လိုဏ်ဂူများ၊ ဒါမှမဟုတ်  သစ်သားခေါင်းတလားများပြုလုပ်ကာချောက်ကမ်းပါးပေါ်တွင် ချိတ်ဆွဲထားရှိကာ ထည့်သွင်းမြှုပ်နှံကြပါတယ်။

Photo: https://www.mooremisadventures.com
Photo: https://www.mooremisadventures.com

သေဆုံးသူဟာ ကလေးဖြစ်ပါက အဝတ်ဖြင့်ထုပ်ပိုးပြီး အလွန်ကြီးသောသစ်ပင်များကိုရွေးချယ်ကာ ထိုသစ်ပင်၏ပင်စည်ထဲတွင် အပေါက်ဖောက်၍  ထန်းမျှင်တံခါးဖြင့်ပြုပ်လုပ်ဖုံးအုပ်ကာအလုံပိတ်ထည့်သွင်းကြပါတယ်။ သူတို့ ဓလေ့ယုံကြည်မှုက တော့ ကလေးငယ်လေးတွေရဲ့ဝိညာဉ်တွေဟာ သဘာဝသစ်ပင်တွေပေါ်မှာ မှီခိုပြီးတော့ လေနဲ့အတူ အဝေးကိုလွတ်လပ်စွာရောက်ရှိသွားဖို့အတွက်ရည်ရွယ်တယ်လို့ ဆိုထားပါတယ်။တည်ရှိတဲ့ နေရာကတော့ Makassar မြို့ရဲ့ မြောက်ပိုင်း၁၈၆မိုင် ကွာ ဆူလာဝါဆီရဲ့တောင်ဘက်မှာ ရှိတဲ့ တောအုပ်တွေထဲက သစ်ပင်ကြီးတွေမှာ ကလေးငယ်လေးတွေရဲ့ရုပ်အလောင်းတွေ ရှိပါတယ်။

သင်္ဂြိုလ်ခြင်းပြီးစီးသည်နှင့် အိမ်ပြန်ကြသော်လည်း ထုံးတမ်းစဥ်လာကတော့ မပြီးသေးပါဘူး။ နှစ်အနည်းငယ်ကြာတိုင်း၊ သြဂုတ်လရောက်ရင် Ma’Nene ဟုခေါ်သော ရိုးရာဓလေ့တစ်ခုပြန်လည်ပြုလုပ်ကြပါတယ်။ ဒါကတော့ ကွယ်လွန်သူ၏ ရုပ်အလောင်းများကို ဆေးကြောရန်၊ ဝတ်စားဆင်ယင်ရန်နှင့် အဝတ်အစားသစ်များ ၀တ်ဆင်ရန်အတွက် ပြုလုပ်လေ့ရှိကြပါတယ်။

              

Toraja လူမျိုးစု၏ ထူးခြားသော ဓလေ့ထုံးတမ်းများသည် နှစ်စဉ် ကမ္ဘာလှည့်ခရီးသွားများနှင့် မနုဿဗေဒပညာရှင် ထောင်ပေါင်းများစွာကို ကျွန်းသို့လာရောက်ရန် ဆွဲဆောင်လျက်ရှိပါသည်။ 1984 ခုနှစ်မှစ၍ Toraja နယ်မြေအား အင်ဒိုနီးရှား၊ ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဘာလီပြီးလျှင် ဒုတိယမြောက် ကမ္ဘာလှည့်ခရီးသည်များလာရောက်ရာနေရာအဖြစ် သတ်မှတ်ခဲ့ပြီး Toraja လူမျိုးစု၏ ဂုဏ်ကို မြှင့်တင်ပေးခဲ့ပါတယ်။

ကြောက်စရာလဲကောင်း အံ့ဩစရာလဲကောင်းတဲ့ ဒီအင်ဒိုနီးရှားရွာလေးကတော့ အထူးတကာအထူးဆန်းဆုံးတွေထဲတစ်ခုလို့ ပြောရင်မှားမယ် မထင်ပါဘူး။

Reference Source : https://www.amusingplanet.com