Knowledge and News

မိဘကိုလုပ်ကျွေးပြုစုရင်ရရှိမည့်အကျိုးတရား(၁၂)ပါး

Knowledge

မိဘကိုလုပ်ကျွေးပြုစုရပြီးရလာတဲ့ပီတိဟာဘာနဲ့မှမလဲနိုင်ပါဘူး။ ဒါကြောင့်လည်းသားလိမ္မာ သမီးအလိမ္မာတွေဟာမိဘတွေကို လုပ်ကျွေးပြုစုကြတာပေါ့။

မိဘကို လုပ်ကျွေးပြုစုတဲ့သားသမီးတွေမှာ အောက်ဖော်ပြပါအချက်တွေလည်း မဖြစ်မနေရှိနေရမှာပါ။ အဲတာတွေကတော့-

၁။ မိဘကို ကျွေးမွေး ပြုစုရန် မိမိမှာ ဖြူစင်သော စေတနာ ရှိခြင်း
၂။ မိမိမှာ ကျွေးမွေးနိုင်သော အင်အားရှိခြင်း
၃။ မိဘများ အသက်ရှင်လျှက် ရှိခြင်း စသောအချက်တွေပဲဖြစ်ပါတယ်။

မိဘကို လုပ်ကျွေးသော သားသမီးတိုင်း လက်တွေ့ ခံစားရမည့် အကျိုးတရား (၁၂)ပါး-

၁။ လူတိုင်း ချီးမွမ်းမှုကို ခံရသည်
၂။ အသိ လိမ္မာဉာဏ်ပညာ တိုးပွားမယ်
၃။ လူ အများတို့၏ ကြည်ငြို ပူဇော်မှုခံရမည်

၄။ အချွေအရံ ပေါများမည်
၅။ ကျော်ဇော ထင်ရှားမည်
၆။ စီးပွား ဥစ္စာရတနာ နေ့တိုင်း တိုးတက်မည်

၇။ ရောဂါဘေးအန္တရာယ် ကင်းမည်
၈။ ကျက်သရေ မင်္ဂလာနေ့တိုင်း တိုးမည်
၉။ အသက်ရှည်စွာ နေရမည်

၁၀။ နတ်တို့ ချစ်ခင်စောင့်ရှောက်မည်
၁၁။ လောက၏ အမြင့်ဆုံး ချမ်းသာကို ခံစားရမည်
၁၂။ တမလွန် ဘဝတွင် နတ်ချမ်းသာကို ခံစားရမည်။

ဒါကြောင့် ပရိသတ်ကြီးတို့လည်း မိမိတို့ရဲ့ မိဘကို လုပ်ကျွေးပြုစုရင်း ကုသိုလ်အကျိုးတွေ ရရှိပိုင်ဆိုင်နိုင်ကြပါစေနော်။