Knowledge and News

အဖိုးတန်တဲ့လူသား

Thinking

ဆရာတစ်ယောက်က သူရဲ့ကျောင်းသားတွေကို အတွေးအခေါ်မြင့်အောင်လို့ သင်ခန်းစာတစ်ခုပေးဖို့ အခန်းထဲကိုဝင်လာတယ်။  စာသင်ခန်းထဲမှာ စရိုက်ပေါင်းစုံနဲ့ ကျောင်းသားအယောက် (၂၀) လောက်ရှိနေတယ်။  ဒါ်လာနှစ်ဆယ်တန်ငွေစက္ကူလေးတစ်ရွက်ကိုကိုင်ပြီးတော့ သူကစပြီးမေးလိုက်တယ်။ “ဒီ ဒေါ်လာနှစ်ဆယ်ကို ဘယ်သူတွေလိုချင်ပါသလဲ” လက်တွေလေထဲကိုမြောက်တက်သွားကြတယ်။ အကုန်လုံးလိုလိုလက်ထောင်ကြတယ်။ သူကဆက်ပြောတယ်။ ” ကျွန်တော် ခင်ဗျားတို့ထဲကတစ်ယောက်ကို ဒီငွေပေးဖို့ပါပဲ။ ဒါပေမယ့် ခဏစောင့်ပါဦး။” အဲဒီလိုပြောပြီးသူဟာ ဒေါ်လာနှစ်ဆယ်တန်ကို လုံးခြေလိုက်တယ်။

ပြီးတော့သူဆက်မေးတယ်။ “ဘယ်သူလိုချင်ပါသေးလဲ” လက်တွေလေထဲမြောက်တက်သွားကြတုန်းပါပဲ။ “ကောင်းပြီ” သူကဆက်ပြောတယ်။ “ကဲ…ဒီလိုဆိုရင်ရော…” သူကပြောပြောဆိုဆို ဒေါ်လာနှစ်ဆယ်တန်ကို အောက်ကိုချပစ်လိုက်တယ်။ ပြီးတော့ကြမ်းပြင်မှာ သူ့ခြေထောက်က ဖိနပ်နဲ့နင်းခြေလိုက်တယ်။ ဒေါ်လာနှစ်ဆယ်တန်စက္ကူဟာ ညစ်ပတ်ပြီးအတော်လေးကိုရုပ်ဆိုးသွားတယ်။ သူကပြန်ကောက်လိုက်တယ်။ “ကဲ…အခုဘယ်သူလိုချင်ပါသေးလဲ” စကားသံဆုံးဆုံးချင်းမှာပဲ လက်တွေ တော်တော်များများလေထဲမှာ မြောက်သွားကြတယ်။ “ကဲ…ခင်ဗျားတို့အားလုံး အခုဆိုရင် အရမ်းကိုတန်းဖိုးရှိတဲ့သင်ခန်းစာတစ်ခုကိုရသွားကြပါပြီ။ ကျွန်တော်ငွေစက္ကူကိုဘယ်လိုပဲလုပ်လုပ်၊ ခင်ဗျားတို့လိုချင်နေကြတုန်း။ ဘာကြောင့်လဲဆိုတော့ ငွေစက္ကူရဲ့တန်ဖိုးမပြောင်းလဲသွားလို့ပါ။ ဒေါ်လာနှစ်ဆယ်တန်နေတုန်းပါပဲ။”

ကျွန်တော်တို့ဘဝမှာ အကြိမ်များစွာ ကျဆုံးခဲ့ခြင်း၊ နင်းခြေခံရခြင်းနဲ့ ကျွန်တော်တို့ကိုယ့်ဖာသာချခဲ့တဲ့ ဆုံးဖြတ်ချက်တွေကြောင့် စိတ်ဓာတ်နဲ့တန်ဖိုးတွေဟာ မြေကြီးပေါ်မှာညစ်ပတ်ပေရေနေခဲ့ရတယ်။တစ်ခါတစ်ရံမှာ ကျွန်တော်တို့ရဲ့ဘဝဟာ တန်ဖိုးမရှိဘူး။ ငါဟာ ဘာမှအသုံးမကျဘူး စသဖြင့်အမျိုးမျိုးတွေးတတ်ကြတယ်။ ဘာတွေ ဘယ်လိုပဲ သင်ခဲ့ပါစေ၊ ဘာတွေဘယ်လိုပဲဖြစ်နေပါစေ…။ သင်ရဲ့တန်ဖိုးကို သင်ဘယ်တော့မှ မဆုံးရှုံးပါစေနဲ့။သင်ဟာ တကယ်တော့ သိပ်အဖိုးတန်တဲ့လူသားပါ။ ဒါကို ဘယ်တော့မှမမေ့ပါနဲ့။

Credit: Meir Kay