Knowledge and News

ဝိဉာည်များအတွက် ဆောက်ထားသောစံအိမ်ကြီး

Knowledge

ရုပ်ရှင်သရုပ်ဆောင် Helen Mirren, Sarah Snook နဲ့အတူ Finn Scicluna- O’ Prey တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Winchester ဆိုတဲ့ သည်းထိပ်ရင်ဖို ရုပ်ရှင်ဇာတ်ကားကြီးကို စာဖတ်သူတို့ ကြည့်ရှုပြီးကြပြီလား။ အဲ့ဒီ Winchester စံအိမ်ကြီးဟာ အပြင်မှာ တကယ်ရှိတယ်အတွက် အဲ့ဒီစံအိမ်ကြီးရဲ့ အကြောင်းကို စာဖတ်သူတို့ ဗဟုသုတရစေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

၁၈၈၆ခုနှစ်မှာ Sarah Winchester အမည်ရှိတဲ့ ထူးထူးဆန်းဆန်းအမျိုးသမီးတစ်ဦးဟာ Connecticut ပြည်နယ် New Haven ကနေ California ပြည်နယ် San Jose ကို ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။ သူမဟာ ရှစ်လုံးတွဲ လယ်သမားအိမ်လေးတွေကို ဝယ်ယူပြီး အဲ့ဒီခေတ်အဲ့ဒီအခါက ငွေကြေးတန်ဖိုး ၅.၅ မီလီယံတန်ဖိုးရှိတဲ့ စံအိမ်တစ်ခုကို အချိန် ၃၆နှစ်ကြာတဲ့အထိ ဆောက်လုပ်ခဲ့ပြီး သူမ သေဆုံးတဲ့အချိန် ၁၉၂၂ ခုနှစ်ရောက်မှ ရပ်ဆိုင်းပစ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီအချိန်တုန်းက Winchester စံအိမ်ကြီးဟာ ခေတ်မီတဲ့ အိမ်တွင်းအပြင်အဆင်တွေ၊ လှေကားတွေအထပ်ထပ် နဲ့ အခန်းပေါင်း ၁၆၀၊ အိပ်ခန်းပေါင်း ၄ဝအပြင် မြေအောက်ခန်း နှစ်ခန်းပါ ပါရှိတယ်လို့သိရပါတယ်။ အိမ်တစ်ခုလုံးဟာ ဝင်္ကဘာပုံစံလိုမျိုး ဆန်းကြယ်လွန်းပြီး တန်ဖိုးကြီးသစ်တွေနဲ့ ဆောက်လုပ်ထားတာကိုလည်း သိရပါတယ်။
Mrs.Winchester ဟာ ဘာကြောင့် အဲ့လိုစံအိမ်ကြီးကို ဆောက်လုပ်ရသလဲဆိုတဲ့အကြောင်းရင်းကို ဘယ်သူမှ သေသေချာချာ ရေရေရာရာမသိရပေမယ့် ဟိုဟိုဒီဒီ ပြောဆိုကြတဲ့ ကောလဟာလတွေကတော့ ရှိခဲ့ပါတယ်။

အဲ့ဒီအထဲမှာ လူပြောအများဆုံးဖြစ်တဲ့ကောလဟာလကတော့ Mrs.Winchester ဟာ ခင်ပွန်းဖြစ်သူရဲ့ ကုမ္ပဏီက ထုတ်လုပ်လိုက်တဲ့ Winchester ရိုင်ဖယ်သေနတ်ကြောင့် သေဆုံးသွားတဲ့ ဝိဉာည်တွေရဲ့ ခြောက်လှန့်မှုကို ခံစားခဲ့ရတယ်လို့သိရပါတယ်။ ခင်ပွန်းသည်ကွယ်လွန်သွားပြီးတဲ့နောက် သူမရဲ့ စိတ်ကျန်းမာရေးဆရာဝန်က အဲ့ဒီဝိဉာည်တွေကို နှင်ထုတ်ဖို့အတွက်ဆိုရင် အနောက်အရပ်ကိုထွက်ပြီး အိမ်တစ်လုံးကို ဝယ်ကာ မရပ်မနားဆောက်လုပ်ဖို့ အကြံပေးခဲ့တယ်လို့ သိရှိရပါတယ်။ တချို့ ကောလဟာလတွေမှာတော့ အဲ့ဒီလို ဆောက်လုပ်မှုက ပြီးဆုံးသွားတာနဲ့ တစ်ပြိုင်နက် သူမအသက် သေဆုံးရမှာဖြစ်တယ်လို့ ဆိုကြပြီး တချို့ကတော့ စံအိမ်ကြီးကို ဝင်္ကဘာလို ဆောက်လုပ်ထားခြင်းက သူမကို နှောင့်ယှက်နေတဲ့ ပရလောကသားတွေကို ဝင်္ကဘာအချိုးအကွေ့တွေမှာ လမ်းပျောက်အောင်လုပ်ထားတာလို့ ဆိုကြပါတယ်။
၁၉၀၆ ခုနှစ်မှာ ငလျင်အကြီးအကျယ်လှုပ်ခတ်ခဲ့ချိန်မှာ ၄င်းစံအိမ်အရှေ့ဘက်အခြမ်းပြိုကျခဲ့တဲ့အပြင် အဲ့ဒီကောလဟာလတွေဟာလည်း ပျောက်ပျယ်ခဲ့ပါတယ်။ အဲ့ဒီနောက် Sarah ဟာ ဝိဉာည်တွေရဲ့ အကူအညီနဲ့ အဲ့ဒီစံအိမ်ကို တည်ဆောက်နေခဲ့တာဖြစ်ကြောင်းနဲ့ ငလျင်လှုပ်ခတ်ခဲ့စဉ်က ပြိုကျခဲ့တဲ့ စံအိမ်အရှေ့ပိုင်းအခြမ်းဟာ အခန်းတွင်းပြင်ဆင်မှုပြီးဆုံးဖို့အတွက် ပရလောကမှ အကြံပေးမှုကို စောင့်ဆိုင်းနေချိန်မှာ ပြိုကျခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။

စံအိမ်ကြီးအတွင်း ထူးခြားဖြစ်စဉ်နဲ့ ပရလောကနဲ့ သက်ဆိုင်တဲ့ အဖြစ်အပျက်တွေရှိနေကြောင်းကို ၁၉၉ဝခုနှစ်နှောင်းပိုင်း မှာ စတင်တွေ့ကြုံလာရပြီး တည်ဆောက်ခဲ့ချိန်တုန်းကလည်း တွေ့ကြုံခဲ့ရသူတွေ ရှိတယ်လို့သိရှိရပါတယ်။
အခုအချိန်မှာတော့ အဆိုပါ Winchester စံအိမ်ကြီးအတွင်း လေ့လာရေးခရီးစဉ်တွေ ရှိနေပြီဖြစ်ပေမယ့် အသက် ၉နှစ်အောက်ကလေးတွေကိုတော့ ကန့်သတ်ထားတယ်လို့ သိရှိရပါတယ်။ စတင်တည်ဆောက်တဲ့ ခေတ်အခါအရ တည်ဆောက်ပုံဒီဇိုင်းတွေဟာ ယခုခေတ်အထိပါလက်ရာမြောက် ဆန်းကြယ်လွန်းပြီး အဲ့ဒီဒီဇိုင်းအကုန်လုံးကို Mrs.Sarah Winchester တစ်ဦးထဲက ရေးဆွဲခဲ့တယ်လို့ သိရပါတယ်။
Credit: Chris