Knowledge and News

ပထမဆုံးလေယာဉ်ပျံ ဘယ်တုန်းက ပျံသန်းခဲ့တာလဲ

Sciences & technology

ပျံသန်းမှုအားကောင်းပြီး ကြံကြံခံနိုင်တဲ့၊ လိုရာညွှန်ကြားနိုင်တဲ့ ပထမဆုံးလေယာဉ်ပျံ ပျံသန်းမှုကို(၁၉၃၀) ခုနှစ်၊ ဒီဇင်ဘာ (၁၇) ရက်နေ့က ပျံသန်းခဲ့ပါတယ်။ အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနားရှိ Kitty Hawk မှာ ပျံသန်းခဲ့တာဖြစ်ပြီး ဒီပျံသန်းမှုက အမြဲပထမဖြစ်နေခဲ့ပါတယ်။

Orville Wright နဲ့ Wilbur တိုတဲ့ ညီအစ်ကိုနှစ်ယောက်က သမိုင်းတွင်တဲ့ပျံသန်းမှုအတွက် ဒီဇိုင်းရေးဆွဲပြီး လေယာဉ်တည်ဆောက်ခဲ့ပါတယ်။ လေယာဉ်ကို Flyer လို့လိုက်ဖက်အောင် အမည်ပေးခဲ့ပြီး Orville က လေယာဉ်မှူးအဖြစ်ပထမဆုံးပျံသန်းမောင်းနှင်ခဲ့ပါတယ်။

၁၂ စက္ကန့်အတွင်းမှာ Orville က ပေ (၁၂၀) အထိ ဖြတ်သန်းခရီးနှင်ခဲ့တယ်။ အဲ့ဒီလို ပျံသန်းပြီးနောက်Wilbur က ပြေးလမ်းအဖြောင့်အတိုင်း (၁၂) စက္ကန့်အတွင်းမှာ (၁၇၅) ပေအထိမောင်းနှင်ခဲ့တယ်။ သူတို့က နောက်တစ်ခေါက်ထပ်ပြီး ကြိုးစားမောင်းနှင်ခဲ့ကြတယ်။

Orville က (၁၅) စက္ကန့်အတွင်း ပေ (၂၀၀) ပျံသန်းနိုင်ပြီး Wilbur က (၅၉) စက္ကန့်အတွင်း (၈၅၂) ပေ အထိ ခရီးပေါက်ခဲ့တယ်။ အဲဒီနေ့ပျံသန်းမှုရဲ့ အရှည်လျားဆုံးပျံသန်းမောင်းနှင်နိုင်ခြင်းအဖြစ် စံချိန်တင်ခဲ့တယ်။

Credit: မိုးဇက်ပိုင် (သိပ္ပံနဲ့နည်းပညာကမ္ဘာ)