Knowledge and News

မြန်မာပြည်၏နောက်ဆုံးသော ဘုရင်ဖြစ်သည့် သီပေါမင်း

History, Knowledge

သီပေါမင်း (၁၈၅၉ ခုနစ် ဇန်နဝါရီလ ၁ ရက်- ၁၉၁၆ ခုနစ် ဒီဇင်ဘာလ ၁၉ ရက်) သည် မြန်မာနိုင်ငံ၏ နောက်ဆုံးဘုရင် ဖြစ်သည်။ မင်းတုန်းမင်းနှင့် လောင်းရှည်မိဖုရားတို့၏သား ဖြစ်ပြီး မင်းတုန်းမင်း၏ ၄၁ ဦးမြောက်သားတော်ဖြစ်သည်။ သီရိပဝရ ဝိဇယာနန္တယ သတိလောကာဓိပတိ ပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ အမည်ဖြင့် ဘိသိက်ခံခဲ့ပြီး ကုန်းဘောင်မင်းဆက်၏ (၁၁)ဆက်မြောက် ဘုရင်ဖြစ်သည်။

၁၈၇၈ ခုနှစ် အောက်တိုဘာလတွင် နန်းတက်ပြီး ၁၈၈၅ ခုနှစ်တွင် ဗြိတိသျှတို့၏ နန်းချခြင်းခံရကာ နယ်နှင်ဒဏ်ခံနေရစဉ်အတွင်း ၁၉၁၆ခုနှစ် ဒီဇင်ဘာ (၁၉)တွင် အသက် ၅၇ နှစ်၌ နတ်ရွာစံသည်။ အငြင်းပွားဖွယ် ရွေးချယ်မှုများဖြင့် နန်းတက်လာပြီး အငြင်းပွားခံရဆုံးသော ဘုရင်ဖြစ်သော်လည်း လွတ်လပ်ရေးကို ထိပါးခြိမ်းခြောက်ခံနေရချိန်တွင် တိုင်းပြည်ကို ခေတ်မီနိုင်ငံအဖြစ် ပြုပြင်ပြောင်းလဲရန် ရေကုန်ရေခမ်း ကြိုးစားသည့် အစိုးရတစ်ရပ်၏ အဓိက အခန်းကဏ္ဍတွင် ပါဝင်ခဲ့သည်။ ဓာတ်ပုံအောက်ခြေရှိ သီပေါမင်း၏ လက်မှတ်သည် မြင်တွေ့ဖူးသည့် တစ်ခုတည်းသောလက်မှတ် ဖြစ်သည်။

Credit: https://lostfootsteps.org