Knowledge and News

အင်တာနက်ကို ဘယ်တုန်းကစတင်ခဲ့တာလဲ

Knowledge

အင်တာနက်ကို (၁၉၈၃) ခုနှစ်အတွင်းမှာ ဖန်တီးခဲ့တယ်။ အင်တာနက်က အမေရိကန်ကာကွယ်ရေးဌာနကနေ ဆင်းသက်လာခဲ့ပြီး နောက်ကွယ်မှာစိတ်ကူးအကြံဉာဏ်တွေရှိတယ်။ အမေရိကန်ကာကွယ်ရေးဌာနက အင်တာနက်ကိုအစပျိုးလိုက်တဲ့ အခြေခံမူတစ်ခုကတော့ သူတို့ရဲ့သတင်းအချက်အလက်တွေအတွက် လုံခြုံရေးစနစ်တစ်ခုကို တည်ထောင်လိုက်သလိုပဲဖြစ်တယ်။ အဓိကအားဖြင့် ပညာနဲ့ဆိုင်တဲ့ဇစ်မြစ်တစ်ခုကနေ အင်တာနက်ဆိုတာကိုမွေးဖွားခဲ့တာဖြစ်တယ်။

အင်တာနက်ဆိုတာက အရေအတွက်များပြားလွန်းတဲ့ ကွန်ပျူတာကွန်ရက်တွေကို တစ်စုတစ်စည်းတည်း ချိတ်ဆက်ပေးတဲ့ လူမှုအဆောက်အအုံတစ်ခုဖြစ်တယ်။ အင်တာနက်ကအလွန်ရေပန်းစား လူကြိုက်များတဲ့၊ စီးပွားရေးအလုပ်ဖြစ်တဲ့ ဆက်သွယ်ရေးနည်းလမ်းတစ်ခုအဖြစ် တစ်ဟုန်ထိုးဖွံဖြိုးတိုးတက်လာခဲ့တယ်။ (၁၉၉၀) နှစ်များအလယ်လောက်တုန်းက ကမ္ဘာအနှံ့အပြားမှာ ကွန်ပျူတာသန်းပေါင်းများစွာဟာ ကမ္ဘာ့အကြီးဆုံး World Wide Web ကွန်ရက်ကြီးအဖြစ် ချိတ်ဆက်ခဲ့ကြတယ်။ နည်းပညာနယ်နိမိတ်က အမြဲပြောင်းလဲနေတယ်။ အင်တာနက်စမ်းသပ်မှုတွေက မျက်မှောက်ခေတ် ဖွံ့ဖြိုးတိုးတက်မှုမှာ လုပ်နိုင်စွမ်းတွေ ပြည့်နှက်နေတာပေါ့။

Credit: မိုးဇက်ပိုင်