Knowledge and News

ရေမချိုးတဲ့ မျိုးနွယ်စုကြီးအကြောင်း

Knowledge

စာဖတ်သူများကို ဦးဆုံး တင်ပြချင်တာက အပျိုကြီး လူပျိုကြီးလည်း မရှိ တစ်သက်မှာ တစ်ခါလေးတောင် ရေမချိုးတဲ့ လူမျိုးနွယ်စု အကြောင်းပါ။

အဲလို လူမျိုးစု ကမ္ဘာပေါ်မှာ တကယ်ရှိတယ်ဆိုရင် အံ့ဩသွားမလား။ မိတ်ဆွေတို့ရော ရေမချိုးဘဲ ဘယ်နှစ်ရက်လောက် နေနိုင်ကြလဲ မသိဘူး။

နမီးဘီးယားနိုင်ငံ မြောက်ပိုင်းမှာ နေထိုင်ကြတဲ့ Ovahimba လို့ခေါ်တဲ့ လူမျိုးတစ်စုဟာ လူသိနည်းတဲ့ မျိုးနွယ်စု ဖြစ်ပါတယ်။ အသိပညာ၊ ယဉ်ကျေးမှု၊ တိုးတက် ဖွံ့ဖြိုးမှုဟာလည်း အလွန်နည်းပါးကြပါတယ်။

အံ့သြစရာကောင်းတာက အဲဒီ Ovahimba လို့ခေါ်တဲ့ လူမျိုးတစ်စုဟာ တစ်သက်လုံးမှာ တစ်ခါမှကို ရေမချိုးကြတာပါပဲ။ ရေမချိုးကြတဲ့အတွက် သန့်ရှင်းရေး မလုပ်ဘူးလားလို့ ထင်စရာ ရှိပါတယ်။

ဒီလိုလည်း မဟုတ်ပါဘူး။ သူတို့ လူမျိုးတွေဟာ သန့်ရှင်းရေးလည်း လုပ်ကြပါတယ်။ သူတို့ သန့်ရှင်းရေး လုပ်ပုံက ရေချိုးတာ၊ ရေနဲ့ သန့်စင်တာမျိုးတော့ မဟုတ်ပါဘူး။

Ovahimba လူမျိုးတွေရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ သန့်ရှင်းရေးလုပ်တဲ့ ထုံးတမ်းစဉ်လာနည်းက မနက်စောစောမှာ သူတို့လူမျိုးတွေ အသုံးပြုတဲ့ ဆေးမြစ်တွေကို မီးရှို့ပြီး တဲတစ်ခုလုံး မီးခိုးတွေ ဖုံးနေတဲ့အခါ ၎င်းမီးခိုးလုံးတွေကြားမှာ နှစ်နာရီကြာမျှ ထိုင်နေခြင်းဟာ သူတို့အတွက် သန့်ရှင်းရေး လုပ်နည်းပါလို့ ဆိုပါတယ်။

သူတို့ ဝတ်ဆင်တဲ့ သားရေထည်ပစ္စည်းတွေကိုလည်း ဒီလို မီးခိုးတွေနဲ့ဘဲ သန့်ရှင်းရေးလုပ်ကြတာ ဖြစ်ပါတယ်။

Ovahimba လူမျိုး ကလေးငယ်များဟာ သူတို့ ကိုယ်ခန္ဓာပေါ်မှာ အဝတ်အစားဆိုတာ မရှိသလောက် နည်းပါးပြီးတော့ အမျိုးသမီး၊ ကလေး၊ လူကြီး အားလုံးဟာ လည်ပင်းမှာ ပုတီးလို အဆင်တန်ဆာများကို ဝတ်ဆင် ထားတတ်ကြပါတယ်။

သို့သော်လည်း အမျိုးသမီးတွေမှာတော့ အိမ်ထောင်ရှိသူနဲ့ မရှိသူ ဆွဲကြတဲ့ လည်ဆွဲချင်းကတော့ မတူညီကြပါဘူး။

အဲဒီ ဒေသကို ရောက်ခဲ့ကြ သူများကတော့ Ovahimba လူမျိုးတွေ သန့်ရှင်းရေးလုပ်တဲ့ အချိန်မှာ သူတို့နေထိုင်ရာ တဲအတွင်းမှာ မီးခိုးလုံးတွေ ပြည့်နေပြီးတော့ အသက်တောင် ကောင်းကောင်းရှူလို့ မရခဲ့ကြဘူးလို့ ပြန်လည် ပြောပြ ကြပါတယ်။

ထူးခြားတာ နောက်တစ်ခုက အမျိုးသမီးများဟာ အပျိုဖော် ဝင်လာရင် ဖခင်ကသင့်တော်တဲ့ အမျိုးသားတစ်ယောက်နဲ့ အိမ်ထောင်ချပေးတာပါ။

အပျိုကြီး လူပျိုကြီးလည်း မရှိကြပါဘူး။ အိမ်မှာ ဧည့်သည်တစ်ယောက် ရောက်လာရင်လည်း အိမ်ရှင်အမျိုးသမီးနဲ့ အတူ အိပ်စက်ခွင့် ပြုကြတာပါ ။ ဒါဟာသူတို့လူမျိုးစုရဲ့ ဓလေ့တစ်ခုပါတဲ့ ။အိမ်ရှင်အမျိုးသားက အိမ်အပြင်ထွက်ပြီး အိပ်စက်ကြရပါတယ်။ မီးခိုးတွေနဲ့ဘဲ သန့်ရှင်းရေး လုပ်လို့လားမသိ။ သူတို့ရဲ့ အရောင်ကတောင် မီးခိုးရောင် ပေါက်နေသလိုပါပဲ။

Credit: Original Uploader