Knowledge and News

ကွန်ပျူတာရှေ့မှာ အလုပ်လုပ်တဲ့အခါ ကိုယ်နေဟန်ထားမှန်အောင်နေနည်း

Health

သင်ဟာ တစ်နေ့လုံး ကွန်ပျူတာရှေ့မှာထိုင်ပြီး အလုပ်လုပ်နေရရင်တော့ ကိုယ့်ရဲ့ကျန်းမာရေးကို ဂရုစိုက်ဖို့အတွက် ကိုယ်နေဟန်ထားမှန်မှန်ထိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ကွန်ပျူတာကို ကိုယ်နေဟန်ထားမှန်မှန်နဲ့ အသုံးပြုတတ်ဖို့ နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။

●  ခြေချိတ်မထိုင်ဘဲ ခြေဖဝါးနဲ့ ကြမ်းပြင်ကို ကပ်နေအောင်ထားပါ။ ဒူးခေါင်းကို ကြမ်းပြင်နဲ့အပြိုင်ထားပြီး ဒူးနဲ့တင်ပါးကို တစ်ပြေးညီထားပြီး ထိုင်ပါ။
●  တံတောင်ဆစ်ကို ကိုယ်ခန္ဓာဘေး ကပ်ထားပြီး လက်ဖျံနဲ့လက်မောင်းကို ထောင့်မှန်ကျအောင် ထားပေးပါ။ လက်ဖျံဟာ ကြမ်းပြင်နဲ့အပြိုင် ရှိသင့်ပါတယ်။
●  နောက်ကျောကို ထိုင်ခုံနဲ့ကပ်နေအောင် မှီထားပါ။ ခါးကောက်ကြောင်းကို ထောက်ကူပေးတဲ့ နောက်မှီတွေကို အသုံးပြုလို့လည်း ရပါတယ်။ လည်ပင်းနဲ့ခေါင်းကို မတ်မတ်ထားပြီး ကွန်ပျူတာကို တည့်တည့်ကြည့်ပါ။
●  ကွန်ပျူတာမျက်နှာပြင်ရဲ့ထိပ်ဟာ မျက်လုံးနဲ့ တစ်ပြေးတည်း ရှိနေပါစေ။ သက်သောင့်သက်သာနဲ့ စာရိုက်နိုင်ဖို့ ကီးဘုတ်ကို လက်လှမ်းမှီတဲ့အကွာအဝေး (သို့) စားပွဲစွန်းကနေ လေးငါးလက်မအကွာမှာ ထားပါ။

အထိုင်များတဲ့ နေထိုင်မှုပုံစံရှိသူတွေဟာ ဒီနည်းလမ်းတွေကို လိုက်နာပြီး အရိုးနဲ့ကြွက်သားတွေကို ဒဏ်မဖြစ်အောင် ကာကွယ်သင့်ပါတယ်။ ဒါ့အပြင် အချိန်ကြာကြာထိုင်ရင် ဆီးချိုသွေးချိုရောဂါနဲ့ နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ချေလည်း မြင့်တက်လာနိုင်တာကြောင့် တစ်နာရီ အလုပ်လုပ်ပြီးတိုင်းမှာ ဆယ်မိနစ်လောက် အနားယူပြီး ထိုင်ရာကထ၊ လှုပ်လှုပ်ရှားရှားနေဖို့ကိုလည်း မမေ့ကြပါနဲ့နော်။

Credit: www.drmyanmar.com