Knowledge and News

ထမင်းချက်နည်း လျှို့ဝှက်ချက် (၆) မျိုး

Food, Knowledge

အိမ်ရှင်မတွေအတွက် လုံးဝတန်ဖိုးရှိလှတဲ့ ထမင်းချက်တဲ့အခါ မဖြစ်မနေသိထားသင်တဲ့ နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။နေ့စဉ်စားသုံးမှုမှာ အဓိက အစားအစာတမျိုးဖြစ်တဲ့ ထမင်းချက်ပြုတ်တာဟာ အပေါ်ယံအားဖြင့်တော့ လွယ်ကူတယ်လို့ ထင်ရပါတယ်။ပြီးပြည့်စုံတဲ့ ထမင်းဖြစ်ဖို့အတွက် အိမ်ရှင်မတွေကို အခုဖော်ပြပေးမယ့် အချက်တွေက အကူ အညီပေးနိုင်မှာပဲ ဖြစ်ပါတယ်နော်။

(၁) ရာသီဥတု အပူရှိန်ကြောင့် ထမင်းတွေ အလွယ်တကူ သိုးမသွားစေဖို့အတွက် ဆားအနည်းငယ်လောက်ကို ထမင်းချက်တဲ့အခါ ဖြူးပြီးထည့်နိုင်သလို ထမင်းကြမ်းတွေကို ပြန်နွှေးစားတဲ့အခါမျိုးမှာလည်း ဆားအနည်းငယ် ဖြူးပေးခြင်းက ထမင်းက အနံ့အသက်တွေကို ပျောက်ကင်းစေမှာ ပဲဖြစ်ပါ တယ်။

(၂) ထမင်း မချက်ပြုတ်မီ ဆန်ကို သုံးရေလောက်အထိ ရေကြည်အောင် ဆေးပေးခြင်းဟာ ဆန်ထဲက အနယ်အနှစ်တွေကို ဖယ် ရှားပေးတာကြောင့် ထမင်းသိုးသွားမှာကို စိတ်ပူစရာ မလိုတော့ပါဘူး …။ဒီလိုမျိုး (၃) ရေခန့်ဆေးပေးခြင်းဟာ ဆန်ထဲက အနယ်အနှစ်တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ဆန်မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကိုလည်း ဆုံးရှုံးစေနိုင်တာကြောင့် ကျန်းမာရေးအတွက်တော့ သတိပြုထားသင့်ပါတယ်။

(၃) ထမင်းစေ့တွေကို တစေ့နဲ့ တစေ့ စေးစေးကပ်ကပ် မဖြစ်စေဘဲ တစေ့ချင်းဖြစ်ချင်တယ် ဆိုရင်တော့ ထမင်း ချက်တဲ့အခါ ထည့်တဲ့ ရေထဲကို ပဲဆီ ဒါမှမဟုတ် ဟင်းချက်ဆီ တမျိုးမျိုးကို ထည့်ပြီး ချက်ပြုတ်နိုင်မှာပဲဖြစ်ပါတယ်။

(၄) ထမင်း လုံးဝ ကျက်ပြီးသွားတဲ့ အဆင့်မှာ ထမင်း အိုး ပေါ်ကို အဝတ်စ တခုနဲ့ ခံပြီးမှ အပေါ်ကနေ အဖုံးအုပ်ပေးခြင်းက ထမင်းတွေ ကပ်စေးစေး ဖြစ်ပေါ်ခြင်းကို တားဆီးပေးနိုင်တဲ့အပြင် ထမင်းသိုးသွားခြင်းကိုလည်း ဖြစ်ပေါ်စေမှာ မဟုတ်ပါဘူး။

(၅) ထမင်းချက်ရင်း ထမင်းတူးသွားတဲ့အခါမျိုးမှာ တူးနံ့တွေကြောင့် ထမင်းတွေ စားမကောင်းဖြစ်မှာကို စိုးရိမ်စရာ မလိုပါဘူးနော်။ကြက်သွန်မြိတ်တွေကို အနေတော် လှီးဖြတ်ပြီး ထမင်းအိုးထဲနဲ့ ထမင်းတွေကြားထဲကို ထည့်ပေးရုံနဲ့ တူးနံ့တွေကို ပျောက်ကင်းသွားစေမှာပဲ ဖြစ်ပါတယ်။

(၆) ထမင်းချက်ပြုတ်တဲ့အခါ ထည့်တဲ့ရေထဲကို ရှာလကာရည် တစ်စက်၊ နှစ်စက်ခန့် ထည့်ပေးမယ်ဆိုရင်တော့ ထမင်းသိုးခြင်းကို ကာကွယ်ပေးနိုင်တဲ့အပြင် ဆန်တွေ အထားကြာတဲ့အခါ ဖြစ်ပေါ်တတ်တဲ့ အနံ့အသက် မကောင်းတာတွေကိုပါ ပျောက်ကင်းစေနိုင်ပါတယ် နော်။