Knowledge and News

သီပေါမင်း၏တိုက်ပုံအင်္ကျီ

History, Knowledge

အညိုရောင် သားမွှေးဖြင့် အနားကွပ်ထားသည့် ပုံပါ နက်ပြာရောင် ပိုးသားအပေါ်ရုံအင်္ကျီကို ၁၈၇၉ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်မြို့မှ ဧရာဝတီဖလော်တီလာ ကုမ္ဗဏီ၏ အထွေထွေမန်နေဂျာ မစ္စတာ ဂျော့ဆွမ်း (Mr. George Swan)က သီပေါမင်းထံ ဆက်သခဲ့သည်။ ယနေ့တွင် ထိုအင်္ကျီကို ဂလက်စ်ဂိုမြို့ကောင်စီ ပြတိုက်များအဖွဲ့က ပိုင်သည်။ ထိုအင်္ကျီသည် မန်ချူးမာဂွာ (Manchu magua) ဟုခေါ်သော မန်ချူးအမျိုးသားဝတ် အပေါ်ရုံအင်္ကျီ ပုံစံတစ်မျိုးဖြစ်သည်။

မူလက အထက်တန်းလွှာ ချင် (Qing) တံခွန်ကိုင် မြင်းစစ်သည်တော်များသာ ဝတ်ဆင်ခွင့်ရှိသည့် အင်္ကျီဖြစ်သော်လည်း ၁၈ ရာစုတွင် (ဝတ်ဆင်ရန် ခွင့်ပြုသောကြောင့်) လူချမ်းသာတရုတ်များက ဖက်ရှင်အဖြစ် ဝတ်ဆင်လာခဲ့ကြသည်။ ၁၉ ရာစုအတွင်း ထိုအင်္ကျီပုံစံ မြန်မာပြည်သို့ ရောက်ရှိလာပြီး ထိုပုံစံကို မှီငြမ်းထားသည့်အင်္ကျီမှာ မြန်မာအမျိုးသား အဝတ်အစားတစ်ခု ဖြစ်လာခဲ့သည်။ ၂၀ ရာစု အစောပိုင်းရောက်သောအခါ မန်ချူးမာဂွာ၏ မြန်မာမှီငြမ်းပုံစံ တိုက်ပုံအင်္ကျီသည် မြန်မာအမျိုးသား ပွဲနေပွဲထိုင်ဝတ်စုံ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့ပြီးနောက် ရှေးခေတ်မြန်မာ့ရိုးရာအင်္ကျီကို ဝတ်ဆင်မှု နည်းသွားခဲ့သည်။

Credit: https://lostfootsteps.org