Knowledge and News

ကမ္ဘာ့ပထမဆုံး ရထား-ကားလမ်း နှစ်မျိုးသုံးမော်တော်ယာဥ်

Sciences & technology

ကမ္ဘာပေါ်တွင် ပထမဆုံးဖြစ်သော ရထား-ကား လမ်း နှစ်မျိုးစလုံးတွင် ပြေးဆွဲနိုင်သော DMV (Dual – Model Vehicle) ကို ဂျပန်နိုင်ငံတွင် စတင်ပြေးဆွဲနေပြီ ဖြစ်ပါတယ်။ အဆိုပါ မော်တော်ယာဉ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့က စတင်ကာ တိုကူရှီမာနဲ့ ကိုချီ တို့အကြား စတင်ပြေးဆွဲခဲ့တာ ဖြစ်ပါတယ်။

ဘတ်စ်ကားပုံစံ ဒီဇိုင်း ပြုလုပ်ထားသော DMV ဟာဆိုရင် ခရီးသည် (၁၈) ဦး လိုက်ပါ စီးနင်းနိုင်ပြီး ရထားလမ်းမှ ကားလမ်း၊ ကားလမ်းမှ ရထားလမ်းသို့ ငြင်သာချောမွေ့စွာကူးပြောင်းပြီး မောင်းနှင်နိုင်ပါတယ်။ရထားလမ်းမှ ကားလမ်း၊ ကားလမ်းမှ ရထားလမ်းသို့ ပြောင်းရာတွင် ခရီးသည်များ အောက်ဆင်းပေးရန် မလိုဘဲ အချိန် ၁၅ စက္ကန့်အတွင်း ကူးပြောင်းနိုင်မှာ ဖြစ်ပါတယ်။

ရထားလမ်းပေါ်မှတော့ တစ်နာရီကို ကီလို ၆၀ မောင်းနှင်နိုင်ပြီး၊ ကားလမ်းပေါ်မှာ ဆိုရင်တော့ တစ်နာရီကို ကီလို ၁၀၀ အထိ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ဒီဇယ်အင်ဂျင်ကို အသုံးပြုထားတဲ့ DMV တစ်စီးရဲ့ တန်ကြေးဟာဆိုရင် အမေရိကန် ဒေါ်လာ ၁.၂ သန်းဝန်းကျင် တန်ကြေးရှိကြောင်းလည်း သိရပါတယ်။