Knowledge and News

လိပ်ပြာလေးနှစ်ကောင်

Thinking

တစ်ခါတုန်းက သိပ်ချစ်ကြတဲ့လိပ်ပြာလေးနှစ်ကောင်ရှိတယ်။ တစ်နေ့မှာသူတို့ဟာ တူတူပုန်းတမ်းကစားဖို့ ဆုံးဖြတ်လိုက်ကြတယ်။
လိပ်ပြာထီးလေး။ ။ ငါတို့ ကစားပွဲလေးတစ်ခုကစားရအောင်။
လိပ်ပြာမလေး။ ။ ကောင်းပြီလေ၊ ဘယ်လိုကစားမလဲ။
လိပ်ပြာထီးလေး။ ။ ဒီပန်းပွင့်လေးထဲမှာ မနက်ဖြန် မနက်စောစောလာပြီးထိုင်နိုင်တဲ့သူက ပိုချစ်တဲ့သူဖြစ်မယ်။
လိပ်ပြာမလေး။ ။ ကောင်းပြီလေ။
ဒီလိုနဲ့နောက်တစ်နေ့မနက်ခင်းမှာ လိပ်ပြာထီးလေးဟာ ပန်းကလေးပွင့်လာမယ့်အချိန်ကို အစောကြီးလာစောင့်နေတယ်။ သူလိပ်ပြာမလေးကို ဘယ်လောက်ချစ်ကြောင်းသက်သေပြဖို့အတွက်ပေါ့။ နောက်ဆုံးမှာပန်းကလေးပွင့်လာတယ်။ သူဘာကိုတွေ့သွားပါသလဲ။ လိပ်ပြာမလေးဟာ ပန်းပွင့်ကလေးထဲမှာ သေဆုံးလို့နေပါတယ်။ လိပ်ပြာမလေးဟာ တစ်ညလုံး ပန်းပွင့်ကလေးထဲမှာနေခဲ့တယ်။ သူ လိပ်ပြာထီးလေးကို ဘယ်လောက်ချစ်ကြောင်း သက်သေပြဖို့အတွက်ပေါ့။ သူ လိပ်ပြာထီးလေးကိုတွေ့တွေ့ချင်း သူ့ချစ်သူကို ဘယ်လောက်ချစ်ကြောင်း ပြောပြဖို့အတွက်ပေါ့။
အဲ့ဒီပန်းပွင့်ကလေးဟာ ညဖက်မှာငုံပြီး မနက်မှာပွင့်တက်တဲ့ ပန်းအမျိုးအစားဖြစ်လို့နေခဲ့တယ်။ လိပ်ပြာမလေးအထဲဝင်နေစဉ်မှာ မွန်းကျပ်သေဆုံးသွားခဲ့ခြင်းဖြစ်တယ်။ သူ့ချစ်သူကို သူကပိုချစ်ကြောင်းပြဖို့အတွက် အသက်တစ်ချောင်းဆုံးရှုံးခဲ့ရပြီဖြစ်တယ်။
အချစ်ဆိုတာ အလွန်လှပတဲ့စိတ်ဝိညာဉ်လေးတစ်ခုဖြစ်တယ်။ သင်တို့လည်းကိုယ့်ချစ်သူကို ကိုယ့်အသက်ထက်ပိုပြီး တန်ဖိုးထားနိုင်ကြပါစေ။
သင်ချစ်မြတ်နိုးတဲ့ တစ်စုံတစ်ယောက်ကို သင်ဘယ်လောက်ချစ်ကြောင်း သိပ်နောက်မကျသေးခင်မှာ ပြောပြဖို့ဝန်မလေးပါနှင့်။
Credit: သက်တန့်ချို