Knowledge and News

အာဟာရတန်ဖိုးလျော့မသွားအောင် ဟင်းသီးဟင်းရွက်ကြော်ချက်နည်း (၅) နည်း

Food, Health

ကျွန်တော်တို့ မြန်မာလူမျိုးတွေဆိုတာ ထမင်းများစားရင် အသားဟင်းလေးတစ်ခွက်နဲ့ အသီးအရွက်ကြော်လေးကတော့ မပါမဖြစ်ပါတာဆိုတော့ ပုံမှန်စားနေကျလူတွေကတော့ အာဟာရတန်ဖိုးပြည့်ပြီထင်ကြတာပေါ့ဗျာ။အဲဒီထဲမယ် ကျွန်တော်လည်းပါခဲ့တာကိုး။ ဒါပေမယ့် ခုနောက်ပိုင်းစဉ်းစားမိတာက ဟင်းသီးဟင်းရွက်တွေသာစားတယ် တကယ်ရောကျန်းမာရေးနဲ့အညီဖြစ်ရဲ့လားဆိုတာပါပဲ။

အဲဒီလိုကနေ သေချာလေ့လာကြည့်ခဲ့တဲ့အခါ ဟင်းသီးဟင်းရွက်တွေကလည်း မချက်တတ်ရင် အာဟာရတန်ဖိုးတွေ လျော့ပါးတာကို တွေ့​ရမှာပါ။ အဲဒီတော့ကျွန်တော်သိရှိလေ့လာမိသလောက်ဟင်းသီးဟင်းရွက်တွေချက်တဲ့အခါ အာဟာရဓါတ်ပြည့်ပြည့်ဝဝရဖို့ ဒီ ၅ နည်းကို လိုက်နာစေချင်တဲ့စိတ်နဲ့ ဝေမျှပေးလိုက်ရပါတယ်။

၁) ဟင်းသီးဟင်းရွက်တွေ ပြုတ်တဲ့အခါအစိမ်းအရည်တွေကုန်သွားပြီး အဲ့ဒီအစိမ်းရောင်ခြယ်ထဲက ဗီတာမင်စီနဲ့ ဒီတွေက ပြုတ်ရည်ထဲပါသွားတတ်ပါတယ်။ဒါ့ကြောင့်အသီးအရွက်ပြုတ်တာဖြစ်ဖြစ်၊ဘာဖြစ်ဖြစ်အစိမ်းရည်တွေမထွက်အောင် ရေနဲ့ပြုတ်တာမျိုး တတ်နိုင်သလောက်ရှောင်ပေးပါ။

၂) အသီးအရွက်ထည့်ကြော်ရင် အဆီဓါတ်တစ်မျိုးမျိုးပါထည့်ပါ။အသီးအရွက်တချို့က အစာခြေဖျက်နိုင်စွမ်းနည်းတာမို့ သူတို့ကိုကြော်တဲ့အခါအဆီတစ်မျိုးမျိုးထည့်ကြော်ပေးပါ။ Beta Carotene တို့နဲ့ ဗီတာမင်ဒီနဲ့ ကေက ပျော်ဝင်စေတဲ့အဆီတွေဖြစ်တာမို့ အူထဲရောက်တဲ့အခါ အရွက်တွေကြေညက်အား ပိုကောင်းစေပါတယ်။

၃) အသီးအရွက်တွေကို နွမ်းဖတ်နေအောင်မကြော်မိပါစေနဲ့။ တကယ်တော့ အဲ့ဒီအရွက်တွေထဲက တချို့အာဟာရဓါတ်တွေ၊အစိမ်းရောင်ခြယ်ဆဲလ်တွေကမှ ခန္ဓာကိုယ်အတွက် အထောက်အကူအများကြီးဖြစ်စေတာပါ။အဲ့ဒါကြောင့် တတ်နိုင်သလောက် စိမ်းစိမ်းစိုစိုလေးဖြစ်အောင် ပဲကြော်ပါ။

၄) Citrus ဓါတ်ထည့်ပါ။ မုန်ညင်း၊ကိုက်လံနဲ့ ပန်းပွင့်စိမ်းတွေမှာ သံဓါတ်ပါပေမယ့် အစာခြေဖျက်ရခက်ပါတယ်။ သံပုရာသီးတို့၊ လီမွန်တို့လိုအသီးတွေကတော့ ဗီတာမင်စီကြွယ်ဝတာမို့ အသီးအရွက်တွေထဲမှာပါတဲ့ သံဓါတ်ကိုပါ ခြေဖျက်ဖို့ လီမွန် ဒါမှမဟုတ် သံပုရာရည်လေးညှစ်ပြီး သုပ်စား၊ ကြော်စားတာမျိုးလုပ်တာပိုကောင်းပါတယ်။

၅) အကောင်းဆုံးကတော့ ပေါင်းပြီးစားပါ။ အသီးအနှံတွေ အရွက်တွေ အကုန်လုံးကိုကင်တာ၊ ကြော်တာ၊ ချက်တာနဲ့ ပြုတ်တာတွေ အကုန်လုပ်ပြီး စမ်းသပ်ကြည့်တဲ့အခါ အသီးအရွက်ထဲက ဗီတာမင်စီတွေ ထွက်ကုန်ပေမယ့် ပေါင်းတဲ့အခါမှာတော့ ဗီတာမင်စီမထွက်ဘဲ အဲ့ဒီအာဟာရတန်ဖိုးအတိုင်းအနီးစပ်ဆုံးကျန်ခဲ့ပါတယ်။

Credit: https://www.howtocook.com.mm