Knowledge and News

ထမင်းစားပြီးနောက် မလုပ်သင့်သည့် အန္တရာယ် (၈)ရပ်

Knowledge

၁. ဆေးလိပ် မသောက်ပါနှင့်။

ထမင်းစားပြီးနောက် စီးကရက် ၁-လိပ်သောက်ခြင်းသည် သာမန် အချိန် စီးကရက်၁၀-လိပ်သောက်ခြင်းနှင့် ညီ မျှပြီး၊ ကင်ဆာ ရောဂါဖြစ်နိုင်ချေ အလားအလာပိုများကြောင်း ဆေးသိပ္ပံပညာရှင် များက သတိပေးထား သည်။

၂. သစ်သီးများ အလျင်စလို မစားပါနှင့်။

ထမင်စားပြီးနောက် အချိုပွဲ သစ်သီးစားခြင်းသည် မှားယွင်းသော အစဉ်အလာ တစ်ခုဖြစ်နေကြပါသည်။ အမှန် အားဖြင့် ထမင်းစား ပြီးပြီးချင်း သစ်သီးစားခြင်းက လေပွစေပြီး၊ အစာအိမ်ကို ဘေးဥပါသ်ဖြစ်စေ၏။ ထို့ကြောင့် ထမင်းစားပြီး အနည်းဆုံး နာရီဝက်ခန့် ကြာမှသာ သစ်သီး စားသင့်သည်။

၃. လ္ဘက်ရည် မသောက်ပါနှင့်။

လ္ဘက်ရည် အချိုခြောက်ထဲတွင် အက်ဆစ်ဓာတ် အမြောက်အများ ပါရှိကြပေရာ၊ ၎င်းတို့က ထမင်း ဟင်းထဲ တွင် ပါရှိသည့် ပရိုတင်း များကို အနှောင့် အယှက်ပြုကာ အစာချေဖျက်မှု ကိုလည်း ဟန့်တားစေပါသည်။

၄. ခါးပတ်ကြိုး မလျော့ပါနှင့်။

ထမင်း စားပြီးပြီးချင်း ခါးပတ်ကြိုး (သို့မဟုတ်) ပုဆိုး၊ လုံချည်လျော့ဝတ်ခြင်း က အူသိမ် အူမ တို့ကို လိမ်ခေါက်၍ အူလမ်းကြောင်း ပိတ်ဆို့စေပါသည်။

၅. ရေ မချိုးပါနှင့်။

ထမင်းစားပြီးနောက် ရေချိုးခြင်းသည် လက်/ခြေထောက်နှင့် ခန္ဓာကိုယ် တစ်ခုလုံးရှိ သွေး လည်ပတ်စီးဆင်း မှု တိုးပွားလာပြီး၊ အစာအိမ် တဝိုက် သွေးလည်ပတ် စီးဆင်းမှု လျော့ကျ လာသောကြောင့် အစာ အိမ်ကောင်း စွာ အလုပ် မလုပ်နိုင်တော့ပေ။

၆. သွက်သွက် လမ်း မလျှောက်ပါနှင့်။

ထမင်း စားပြီးချင်း ခပ် သွက်သွက် လမ်းလျှောက်ခြင်း က ဗိုက်အောင့်စေတတ်ပြီး၊ ထမင်း ဟင်း ထဲမှပါဝင်သော အာဟာရ စုပ်ယူရန် အတွက် အစာချေ စံနစ်ကို အနှောင့် အယှက်ဖြစ် စေ တတ် သည်။ ကျန်းမာရေး နဲ့ ညီညွတ်စေဖို့အတွက် ထမင်းစားပြီး ပါက အနည်းဆုံး ၁၅ မိနစ်ခန့် မတ်တပ် ရပ်နေပါ (သို့မဟုတ်) ဖြည်းဖြည်း မှန်မှန်လမ်းလျှောက်ပါ။

၇. မအိပ်ပါနှင့်။

ထမင်းစားပြီး ချက်ချင်း လှဲအိပ်ခြင်းသည် အစာကောင်းစွာ မကျေညက်စေတော့ဘဲ၊ အစာအိမ်ရောဂါဖြစ်စေ သည့်ပြင်၊ အူ များကို ကူးစက်ရောဂါပိုး ဝင်စေသည်။

၈. အားကစား မလုပ်ပါနှင့်။

အားကစား မလုပ်ခင် အနည်းဆုံး နာရီဝက် မှ အများဆုံး ၂ နာရီ ခန့်ကြိုတင်၍ ထမင်းစားထားပါ။ သို့မဟုတ် ပါက၊ အကြော ဆွဲခြင်း (သို့မဟုတ်) ရုတ်တရက်နှလုံးခုန် ရပ်တန့်ခြင်း (သို့မဟုတ်) အသက်သေစေနိုင်သည်။

Credit: lwin pyin (Myawady Health)