Knowledge and News

အနာဂတ်ကို ကြိုတင်ခန့်မှန်း ရိုက်ကူးထားခဲ့တဲ့ ရုပ်ရှင် (10) ကား

Discovery, Movie

သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်များသည် နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုအပေါ်ကို အခြေခံပြီး ဒါရိုက်တာများက စိတ်ကူးစိတ်သန်းများပူးပေါင်းကာ
ကြိုတင်ရိုက်ကူးထားကြပါတယ်။ ထိုရုပ်ရှင်များ အထဲများက ဖြစ်ရပ်များသည်လည်း ဟောကိန်းတစ်ခုကဲ့သို့ ဖြစ်ရပ်များ မှန်ကန်လာသည်ကို အံ့အားသင့်စွာ တွေ့မြင်ကြရမှာပါ။ အချို့ဇာတ်ကားများရိုက်ကူးချိန်က မပေါ်ပေါက်လာသေးသော ကိစ္စရပ်များသည် နောက်အချိန်မှ ပေါ်ပေါက်လာသည်တို့ကိုလည်း တွေ့မြင်ရမှာပါ၊

ဇာတ်ကားတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်နော် …

1. A SPACE ODYSSEY (1968)
ဒီရုပ်ရှင်မှာ ၁၉၆၀ ကမရောက်သေးတဲ့ လကမ္ဘာအကြောင်း၊ နေအဖွဲ့အစည်းအကြောင်းအပြင်အဲ့ခေတ်အဲ့အခါက ထွင်ဖို့တောင်မပြောနှင့်၊ စဉ်းတောင်မစဉ်းစားမိသေးတဲ့ A.I (Artificial Intelligence) စနစ်တွေကိုပါ ထည့်သွင်းရိုက်ကူးပြထားတာဖြစ်ပြီး တကယ်ပဲ ကြက်သီးမွှေးညှင်းထမိစေပါလိမ့်မယ်။ ဒါရိုက်တာကြီးကိုယ်တိုင်က ဒီဇာတ်ကားဟာ သာမန်ရုပ်ရှင်ကြည့်ပရိသတ်အကြိုက်တွေ့မယ့်ဇာတ်ကားမျိုးမဟုတ်ဘူးလို့ အခိုင်အမာပြောဆိုထားပြီး ကြည့်ရှူသူတစ်ယောက်ကိုအမြင်တစ်မျိုးထွက်လာအောင်လုပ်ထားတဲ့ဇာတ်ကားဖြစ်တဲ့အတွက်ရုပ်ရှင်ကို ဖျော်ဖြေရေးတစ်ခုအတွက်နဲ့ ကြည့်ရှူနေသူတွေအတွက်တော့ ပျင်းစရာကောင်းပြီးဘာရိုက်ပြနေမှန်းမသိပါဘူးလို့ ပြောမိပါလိမ့်မယ်ဆိုတာတော့ ကြိုတင်အသိပေးလိုပါတယ်။

2. AIRPLANE II: THE SEQUEL (1982)
ဒီရုပ်ရှင်ကတော့ အရမ်းသိပ်မကောင်းဘူးလှပါဘူး၊ ဒါပေမယ့် သူကလေဆိပ်မှာ လုံခြုံစိတ်ချရတဲ့အနာဂတ်ကို အံ့သြစရာကောင်းလောက်အောင်ကြိုတင်ခန့်မှန်းရိုက်ကူးပြနိုင်ခဲ့ပါတယ်။ ရုပ်ရှင်ရိုက်ကူးသူများသည် ၁၉၈၂ တွင်မရှိသောနည်းပညာများကို အသုံးပြုတင်ပြထားပြီး ယနေ့ခေတ်လေဆိပ်အားလုံးတွင် ယခုအခါမှသာ အသုံးပြုလာကြသည်။

3. BLADE RUNNER (1982)
Blade Runner ရုပ်ရှင်ထဲမှ အနည်းငယ်မျှသောတစ်ခုမှ ယခုအခါအမှန်တကယ်ဖြစ်လာသည့်အရာမှာ ကြော်ငြာလုပ်ငန်းနယ်ပယ်တွင် နေရာအနှံ့ တွေ့မြင်လာမည်ဖြစ်သည်။ ထို့အပြင် ဇာတ်လမ်းရုပ်ရှင်အရ အနာဂတ်တွင် (Messengerလိုမျိုး) ဗွီဒီယိုဖြင့် အပြန်အလှန် ခေါ်ဆို စကားပြောမှုများ ရှိလိမ့်မည်ဟုခန့်မှန်းထားပုံရသည်။

4. THE TERMINATOR (1984)
Terminator ဇာတ်ကားထဲမှ ဇာတ်ဝင်ခမ်းများထဲမှ လူသတ်သမားသည် မောင်းသူမဲ့ လေယာဉ်ပျံ အခုအခါ(ဒရုန်း) ဖြင့်လိုက်လံရှာဖွေသည်ကိုတွေ့ရမည်ဖြစ်သည်။ မြေကြီးပေါ်ရှိရန်သူများကိုပစ်ခတ်သောစက်ရုပ်လေယာဉ်၏စိတ်ကူးသည် ယခုခေတ်တွင် ရှိလာပြီဖြစ်လေသည်။ အခြားသော လေဆာလက်နှက်များနှင့် တင့်များလည်းပါဝင်သည်။ စက်ရုပ်တော့ မဖြစ်လာသေးပါ။

5. BACK TO THE FUTURE PART II (1989)
2019 မှ ပေါ်ပေါက်လာသည့် Google Glass ရဲ့မျက်မှန်ကို ကြိုတင်ခန့်မှန်း ရိုက်ကူးထားသလားတောင် မြင်တွေ့ရမည်။ အင်တာနက်နှင့် သတင်းအချက်အချက်အလက်များ ကိုပါ ထိုမျက်မှန်မှ လိုသလိုခိုင်းစေခြင်းကိုတွေ့ရသည်။ အခြားသော စိတ်ကူးယဥ်ပစ္စည်းများလည်း ထွက်ပေါ်လာပြီဖြစ်သည်။


6. TOTAL RECALL (1990)

အင်္ဂါဂြိုဟ်သို့သွားသော အာကာသ ခရီးသွား အနာဂတ် စိတ်ကူးဖြစ်နေဆဲပင်ဖြစ်သော်လည်း၊ ဇာတ်လမ်း၏ အစိတ်အပိုင်းများထဲမှ
ဗီဒီယိုကွန်ဖရင့်၊ မျက်နှာပြုပြင်သည့် ပလာစမာပြားများ၊ ပရိုဂျက်တာများအပြင် မောင်းသူမဲ့ကားများလို နည်းပညာများသည်ယခုအခါအသုံးဝင်ပေါ်ပေါက်လာသည်။

7. Occulus Rift in Hackers (1995)
စတင်ရိုက်ကူးချိန်က စိတ်ကူးယာဥ်သပ်သပ်ဖြစ်သော်လည်း ယခုအခါ အမှန်တကယ်ပေါ်ထွက်လာတဲ့ VR လို့ခေါ်ကြတဲ့ virtual reality နည်းပညာတစ်ခုပဲဖြစ်ပါတယ်။

8. THE NET (1995)
Sandra Bullock ပါဝင်တဲ့ ဇာတ်ကားထဲမှာ ထိုအချိန်က မရှိသေးတဲ့ Online မှ Pizza ကို Order မတင်ဘဲ Hack ကာ ခိုးယူစားသောက်သည့် ဇာတ်ဝင်ခန်းအကို
Online shoping ရှေ့ပြေးဟုပင် ခေါ်ယူရမလိုဖြစ်ခဲ့သည်။

9. THE TRUMAN SHOW (1998)
၁၉၉၈ ခုနှစ်တွင်ရုပ်မြင်သံကြား၌ သာမန်လူများ၏ ဘဝကိုပြသရန်မေးခွန်းမရှိခဲ့ပါ။ ဇာတ်ကားတွင် လူတစ်ယောက်အကြောင်းကို တိုက်ရိုက် TV တွင်ပြသခြင်းဖြစ်သည်။ ယနေ့ တီဗီရှိုးများတွင်လည်း သူတို့ကိုယ်သူတို့ရိုက်ကူးဖို့သဘောတူလာကြသည်။ live stream များ ဘလော့ကာများလည်း ပေါ်ပေါက်လာကြတယ်၊ မည်သို့ပင်ဆိုစေကာ, ဒီရုပ်ရှင်၏ စိတ်ကူးစိတ်သန်း အားကောင်းမှု၏ အခြေခံတစ်ခုဟုလည်းဆိုထိုက်သည်။

10. I AM LEGEND (2007)
အခုတော့ဖြစ်မလာသေးဘူးပေါ့ ဒါတောင် နဲနဲပဲလိုတော့တယ်ထင်တယ်။

Read More – – – >>> https://shwepyitaw.com