Knowledge and News

မီးကဘာကြောင့် ဒီလောက်တောင်ပူတာလဲ

Knowledge

ဒီမေးခွန်းရဲ့အဖြေကတော့ …

မီးတွင်းထဲမှာဆိုရင် တကယ့်ကိုပူမှာပေါ့။ မီးဆိုတာက ဓာတုဗေဒနည်းအရ ဓာတ်ပြုတုံ့ပြန်တာဖြစ်တယ်။ ဖြစ်ပွားပုံကလည်းအရမ်းမြန်တယ်။ အပူနဲ့အလင်းကိုထုတ်ပေးတယ်။ တွေ့နေမြင်နေကျ အများစုကတော့ အောက်ဆီဂျင်နဲ့လောင်စာတစ်ခုကြားက ဓာတုဗေဒနည်းအရ လုပ်ဆောင်မှုပဲဖြစ်တယ်။ တကယ်လို့အပူနဲ့အလင်းထွက်လာပြီဆိုရင် သင့်မှာမီးရရှိသွားပြီပေါ့။ မီးပြုလုပ်ဖို့ လိုအပ်တာ (၃)ခုရှိတယ်။ ပထမတစ်ခုကလောင်စာတစ်မျိုး၊ ဒုတိယကအောက်ဆီဂျင်၊ တတိယကအပူပဲဖြစ်တယ်။

စက္ကူ ဒါမှမဟုတ်သစ်သားက သူ့ချည်းသက်သက်လေနဲ့ထိတွေ့ရင် မီးမစွဲဘူး။ လောင်စာက လုံလောက်တဲ့အပူချိန်ရလာတဲ့အခါ အောက်ဆီဂျင်ကလောင်စာနဲ့လိုလိုလားလားစတင်ပေါင်းစပ်လာနိုင်တယ်။ အဲဒီနောက်မီးတောက်မီးလျှံအဖြစ် ပေါက်ကွဲလိမ့်မယ်။ လောင်စာတိုင်းမှာ သူ့ရဲ့ကိုယ်ပိုင်သီးသန့် အပူချိန်ရှိပြီး အဲဒီအပူချိန်ရောက်ရင် စတင်လောက်ကျွမ်းမယ်။ အဲဒီအပူချိန်ကို မီးမွှေးစာအပူချိန် ဒါမှမဟုတ် လောင်စာရဲ့ပေါက်ကွဲလုနီးပါးအခြေလို့ ခေါ်ကြတယ်။

တစ်စုံတစ်ခုကို မီးစွဲတဲ့အချိန်မှာ မီးတောက်မီး လျှံတွေကို ထိန်းချုပ်မှုအောက်ရောက်ဖို့ အရမ်းအရေးကြီးတယ်။ မီးညွန့်ကိုမီးလောင်လောင်ချင်းရသလောက် ထိန်းချုပ်နိုင်ဖို့အရေးကြီးတယ်။ အထူးသဖြင့် အဆောက်အအုံတစ်လုံး မီးစွဲနေတဲ့အခါမျိုးမှာပေါ့။

Credit: မိုးဇက်ပိုင်