Knowledge and News

အန္တရာယ်ရှိ ကြိမ်နှုန်းမြင့်ဖုန်းတွေထဲမှာ HUAWEI ဖုန်းတစ်မျိုးပါဝင်

Knowledge, Sciences & technology

တရားဝင် SAR limits ကျော်နေတဲ့ ဖုန်း ၈ မျိုးကို ပြင်သစ်ကြိမ်နှုန်းဆိုင်ရာ အဖွဲ့အစည်းတစ်ခုက တွေ့ရှိထားတယ်လို့ထုတ်ပြန်လိုက်ပါတယ်။ SAR Limits ဆိုတာကတော့ ဖုန်းတွေဆီကနေ ရေဒီယိုလှိုင်းတွေထုတ်လုပ်ပြီး လူ့ခန္ဓာကိုယ်က စွမ်းအင်တွေ စုပ်ယူတဲ့ အတိုင်းအတာကို ပြောတာပါ။ SAR Limits ကို ခန္ဓာကိုယ်အလေးချိန်တစ်ကီလိုဂရမ်ကနေ လျှပ်စစ်သံလိုက်လှိုင်း ဘယ်နှစ်ဝပ်နဲ့စုပ်ယူသလဲဆိုတာနဲ့တိုင်းတာပါတယ်။ ဖုန်းတစ်လုံးရဲ့ တရားဝင် SAR Limit အနေနဲ့နိုင်ငံတကာက လက်ခံထားတာကတော့ 1.6 W/kg ရှိပါတယ်။

ပြင်သစ်နိုင်ငံ အမျိုးသားကြိမ်နှုန်းအေဂျင်စီ (ANFR) ဟာ ၂၀၁၈ ပထမ ၆ လအတွင်း ဖုန်းမော်ဒယ် ၅၁ မျိုးကို SAR limits စစ်ရာမှာ ၄၃ မျိုးပဲ စစ်ဆေးမှု အောင်မြင်ခဲ့တယ်လို့ဆိုပါတယ်။ ANFR ဟာ လူရဲ့ ဦးခေါင်းကနေ ကြိမ်နှုန်းစုပ်ယူတဲ့ ပမာဏကိုပါ တိုင်းတာခဲ့တာပါ။ ဒီတိုင်းတာချက်အရ တရုတ်မှ စမတ်ဖုန်းကုမ္ပဏီ ၂ ခုနဲ့ပြင်သစ်ဖုန်း brand များ ပါဝင်ခဲ့ပါတယ်။

ANFR ရဲ့ စစ်ဆေးမှုအရ SAR Limit လွန်နေတဲ့ ဖုန်းတွေထဲမှာ Huawei Honor 8 ဟာ 2.11 W/kg ရှိတယ်လို့ဆိုပါတယ်။ ၂၀၁၆ မော်ဒယ် Honor 8 အပါအဝင် ကျန်ဖုန်း ၈ မျိုးစလုံးဟာ အနည်းဆုံး SAR Limits အနေနဲ့2.04 W/Kg နဲ့အထက်မှာ ရှိနေတာပါ။

SAR Limits မြှင့်ထားတဲ့ ဖုန်းတွေဟာ လိုင်းဆွဲအားပိုကောင်းပေမယ့် လူ့ရဲ့ ဦးနှောက်နဲ့ခန္ဓာအသားစတွေမှာ ဓါတ်ရောင်ခြည်သင့်နိုင်တဲ့ ပြဿနာ ရှိပါတယ်။ SAR Limits ဟာ ဦးနှောက်နဲ့ခန္ဓာကိုယ် နှစ်ပိုင်းခွဲ တိုင်းတာကြပြီး ဦးခေါင်းပိုင်း SAR Limits စုပ်ယူမှုတိုင်းတာချက်မှာ လိုတာထက် ပိုများရင် ကင်ဆာလိုမျိုး စိုးရိမ်စရာ ကျန်းမာရေး ပြဿနာ ရှိနိုင်တယ်လို့သုတေသနတစ်ချို့က ဆိုပါတယ်။

ANFR ရဲ့ ထုတ်ပြန်ချက် ထွက်လာပြီးနောက် ဖုန်း ၈ မျိုးထဲက ၆ မျိုးဟာ Software updateကနေတစ်ဆင့် SAR Limit ကို ပြန်လျှော့ခဲ့ပါတယ်။ ကျန်တဲ့ ပြင်သစ် ဖုန်း brand ၂ ခုကတော့ ဈေးကွက်ကနေ ပြန်သိမ်းသွားခဲ့ပါတယ်။

Credit-duwun