Knowledge and News

အံ့အားသင့်ဖွယ် ကင်းမြှီးကောက်အမများရဲ့ ဓလေ့

Knowledge

ကင်းမြီးကောက်ကို ကမ္ဘာအနှံ့အပြား အပူပိုင်း သစ်တော၊ သဲကန္တာရနှင့်တကွ နှင်းကျတဲ့ အရပ်ဒေသမှာပင် တွေ့ရပါတယ်။

ကင်းမြီးကောက်တို့ရဲ့ အစာများမှာ သေးငယ်သော ပိုးမွှား၊ ပင့်ကူ၊ ဖွတ် ပုတတ်မျိုးဝင် အကောင်ငယ်များ၊ ဖားပြုပ်၊ ပက်ကျိ၊ ခရု စတဲ့ အကောင်ကလေးများအပြင် ကြွက် စသော နို့တိုက်သတ္တဝါကလေးများ ဖြစ်ကြပါတယ်။

ကင်းမြီးကောက်တွေဟာ သူတို့ကို နှောင့်ယှက်ရန်စခြင်း မပြုလျှင် ရန်မမူတတ်ပဲ လူကိုလည်း သာမန်အားဖြင့် ရန်ပြုဖို့ ခက်ခဲလှပါတယ်။ ထူးဆန်းတဲ့ အချက်ကတော့ ကင်းမြီးကောက်တွေရဲ့ ချစ်တင်း နှီးနှောပုံမှာ များစွာ စိတ်ဝင်စားဖွယ် ကောင်းလှပြီး ကင်းမြီးကောက်အမဟာ အဖိုထက် ကိုယ်လုံးကိုယ်ထည် ကြီးမားပြီး မိမိထံ ကင်းမြီးကောက် အဖိုတစ်ကောင် လာပြီး ချစ်ရေးဆိုလျက် ရှိစဉ် သဘောကောင်းချိန်နဲ့ ကြုံကြိုက်ပြီး စိတ်ကြိုက်နှင့် တွေ့ပါက ကြည်သာစွာပင် လက်ခံတတ်ပြီး အခန့်မသင့်ပါက အဲ့ဒီအဖိုကို ကိုက်သတ်ပြီး စားပစ်တတ်ပါတယ်။

နှစ်ဦးနှစ်ဝ ချစ်ရေး ကြည်ဖြူခဲ့လျှင် အဖိုဟာ အမရဲ့ လက်မ၂ ဖက်ကို မိမိ၏ လက်မများဖြင့် ညှပ်လျက် အချိန်အတော်ကြာအောင် စုံတွဲလျှက် နေပြီးနောက် မိမိခိုအောင်းရာသို့ ခေါ်ဆောင်သွားတတ်ပါတယ်။ ဒါပေမယ့်လည်း ကာလအတော်ကြာမျှ အတူတကွ နေထိုင်ပြီးတဲ့အခါ အမဟာ အဖိုကို စားပစ်လိုက်တာက များပါတယ်။ ဒါပေမယ့်လည်း ကင်းမြီးကောက် အမတွေဟာ မိမိသားငယ်များ အပေါ်မှာတော့ များစွာ ခင်မင် ကြင်နာသည်ကို တွေ့ရတတ်ပါတယ်။

ကင်းမြီးကောက်တွေဟာ အကောင်လိုက်ပေါက်ဖွားကြပြီး မိခင် ကင်းမြီးကောက်မကြီးဟာ သားငယ်များကို ကျောပေါ်မှာ သယ်ဆောင်ပြီး သွားလာလေ့ ရှိပါတယ်။ ကင်းမြီးကောက် ပေါက်စတွေဟာ ကိုယ်လုံးကိုယ်ထည် ငယ်သည်မှအပ အမိအဖ ဖြစ်သော ကင်းမြီးကောက်ကြီးများနှင့် ပုံသဏ္ဌာန်ချင်း တူလှပြီး ကြိမ်ဖန်များစွာ အရေခွံ လဲပြီးမှသာ တဖြည်းဖြည်း ကြီးပြင်းကြရတာပဲ ဖြစ်ပါတယ်။

Credit: Original Uploader