Knowledge and News

ရန္တပိုစာချုပ် ဆိုတာဘာလဲ

Knowledge

ဖေဖော်ဝါရီလ ၂၄ ရက်နေ့သည် မြန်မာ့သမိုင်းတွင် အမည်းစက် ထင်ကျန်စေခဲ့သော နေ့ရက် တစ်ရက် ဖြစ်သည်။ ၁၈၂၆ ခုနစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အရှေ့အိန္ဒိယကုမ္ဗဏီ ကိုယ်စားလှယ် အနေဖြင့် ဆာအာချီဘောကမ့်ဘဲ (Sir Archibald Campbell) သည် လယ်ကိုင်းမြို့စား မဟာမင်းလှကျော်ထင်နှင့်အတူ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲကို အဆုံးသတ်စေသော ရန္တပိုစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ နှစ်ဖက်စလုံး၏ တင်းမာမှုများကြောင့် ယင်းစစ်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သို့သော် ၁၈၂၆ ခုနှစ် ရောက်သောအခါ ဘုရင့်တပ်များ အလွန်အထိနာနေပြီ ဖြစ်သည်။ ဗြိတိသျှနှင့် အိန္ဒိယတပ်သား အယောက် တစ်သောင်းခွဲ နှင့် မြန်မာတပ်သား ထောင်သောင်းချီ အသက်ဆုံးရှုံးခဲ့လေပြီ။ မြန်မာနှင့်ရှမ်း မင်းညီမင်းသားများ၊ မှူးကြီးမတ်ရာများလည်း ရာနှင့်ချီ သေဆုံးခဲ့ရသည်။ အထူးသဖြင့် ဗိုလ်ချုပ်များ အားလုံးနီးပါးပင် ကျခဲ့လေသည်။

ဤသို့ဖြင့် မြန်မာတို့ မဖြစ်မနေ လက်နက်ချရန် ဖြစ်လာခဲ့ပြီး အာသံ၊ ကချာ၊ အက္ကပါတ်၊ ဂျိမ်းရှ၊ မဏိပူရ၊ အာရကန် (ရခိုင်)နှင့် တန်နစ်စီရင် (တနင်္သာရီ)တို့တွင် အနှောင့်အယှက် တစ်စုံတစ်ရာမပြုရန် တွန်းအားပေးခံရသည်။ ထိုမျှမကဘဲ စစ်လျော်ကြေးအဖြစ် စတာလင်ပေါင် တစ်သန်းကို အရစ်ကျ ပေးအပ်ရပေမည်။ ၁၈၂၆ ခုနှစ်တွင် ထိုငွေပမာဏမှာ အင်မတန် များပြားသော ပမာဏ ဖြစ်သည်။ ပေးဆပ်ရမည့် ထိုလျော်ကြေးသည် မြန်မာပြည်ကို ဒေဝါလီခံသွားရစေမှာဖြစ်ပြီး နောက်ဆယ်စုနှစ်များစွာအထိ မြန်မာ့စီးပွားရေးကို ထိခိုက်စေခဲ့သည်။ ယင်းစစ်ပွဲသည် အရှေ့အိန္ဒိယကုမ္ဗဏီ၏ ဘဏ္ဍာရေးကိုလည်း များစွာဆုတ်ယုတ်စေခဲ့သည်။ ယင်းစစ်ပွဲကို အကြောင်းပြုကာ ဗြိတိသျှတို့သည် ၁၈၅၂ ခုနှစ်တွင် အောက်မြန်မာပြည်ကို လည်းကောင်း၊ ၁၈၈၅ ခုနစ်တွင် မြန်မာပြည်တစ်ပြည်လုံးကိုလည်းကောင်း သိမ်းပိုက်နိုင်ခဲ့လေသည်။ ဖော်ပြပါပုံတွင် ၁၈၂၄ ခုနှစ်က ကြည့်မြင်တိုင်ကို ဗြိတိသျှတို့ တိုက်ခိုက်နေပုံ ဖြစ်သည်။

Credit:https://lostfootsteps.org