Knowledge and News

နှုတ်ခမ်းမှာထူးဆန်းစွာအလှဆင်ကြတဲ့ မာစီလူမျိုးများ

Knowledge

မာစီ (Mursi) လူမျိုးများကို မာစူ (Mursu)၊ သို့မဟုတ် မန် (Mun) လူမျိုး များဟုခေါ် ကြပြီး ၎င်းတို့ကို အီသီယိုးပီးယားရှိ (နိုင်းလော့တစ်) Nilotic သင်းအုပ်ဆရာလူမျိုးစု ဟုရည်ညွှန်းပါတယ်။၎င်းတို့နယ်မြေ၏ ကီလိုမီတာ၂ဝဝဝ ဝန်းကျင်ခန့်သည် ဆူဒန်တောင်ပိုင်းနှင့် နယ်နိမိတ်ချင်းထိစပ်နေသော အိုမိုမြစ်နှင့် မာဂို မြစ် အကြားရှိ တောင်ပိုင်းနိုင်ငံများ၊ လူမျိုးများနှင့် ပြည်သူ့ ဒေသဆိုင်ရာ ပြည်နယ် (SNNPR) ၏တောင်ပိုင်း အိုမိုဇုန်တွင် တည်ရှိပါတယ်။

၂၀၀၇ ခုနှစ်၊ အမျိုးသားသန်းခေါင်စာရင်းအရ မာစီလူမျိုး ၇၅၀၀ ဦးရှိသည့်အနက်မှ ၄၄၈ ဦးဟာ မြို့ပြတွင်နေထိုင်ကြပြီး အိုမိုမြစ်နှင့် ၎င်း၏မြစ်လက်တက်များရှိရာ မာဂို မြစ်အကြားရှိ တောင်များဝန်းရံထားသော မာစီတို့ ၏နေအိမ်သည် တိုင်းပြည်၏အထီးအကျန်ဆုံးဒေသ တစ်ခုဖြစ်ပါတယ်။

ရာသီဥတုကြောင့် သူတို့လူမျိုးစုတွေဟာ ဆောင်းရာသီနှင့် နွေရာသီကာလများတွင် တစ်နှစ် လျှင် နှစ်ကြိမ်ပြောင်းရွှေ့နေထိုင်ကြရပါတယ်။ နွားများကိုမွေးမြူကြပြီး အိုမိုမြစ်ကမ်းတစ် လျှောက်တွင် ကောက်ပဲသီးနှံ များကိုစိုက်ပျိုးကြပါတယ်။ သူတို့ရဲ့ အိမ်နီးချင်းများ မှာ ဘန်နာ (Banna), ဘာဒီ (Bodi), ခါရို(Karo), ခွက်ဂူ (Kwegu), နန်ဂတန် (Nyan gtalon) နှင့် စူ ရီ (Suri) တို့ပင် ဖြစ်ကြပြီး မာစီ (Mursi) ဘာသာစကားကို မိခင် ဘာသာစကားအဖြစ်ပြောဆိုကြပါတယ်။

မာစီလူမျိုးတို့၏ ထုံးတမ်း အစဉ်အလာအရ နှစ်ဦးသား ယှဉ်ပြိုင်တိုက်ခိုက်ခြင်း သေ့ဂျင် ပြိုင်ပွဲ (Thagine) သည် မာစီ အမျိုးသား များ၏ ထင်ပေါ်ကျော်ကြားသည့်လုပ်ဆောင် မှုတစ်ခုဖြစ်ပါတယ်။အထူးသဖြင့် အဓိကသော့ချက်မှာ လက်မထပ်ရသေးသည့် အမျိုးသားများအတွက်ပင် ဖြစ်ပြီး နိုင်ငံ၏အနာဂတ်ကိုပုံ ဖော်ရာတွင် အမျိုး သားများသည် မိမိတို့ရှင်သန်နေထိုင်သည့်ကာလ အတွင်း အသက်အရွယ်အလိုက် အဆင့်ဆင့်ကိုဖြတ် သန်းကြရပါတယ်။ အိမ်ထောင်ရှင်အမျိုးသမီးများဟာ ၎င်းတို့၏ခင်ပွန်းများနှင့် သက်တူရွယ်တူများသာဖြစ် ကြရပါတယ်။

မာစီအမျိုးသားများသည် ၎င်းတို့၏ ခန္ဓာကိုယ်နှင့် မျက်နှာများတွင် အဖြူရောင်ဆေးသုတ်လိမ်းခြင်း ကိုအသုံးပြုကြပြီး အောက်ပိုင်းချိုင့်ဝှမ်းရှိ အခြား တိုင်းရင်းသားများနည်းတူ မာစီအမျိုးသားများသည် လက်မထပ်မီစစ်ဆေးမှုခံယူရပါတယ်။ မာစီအမျိုးသား များကို Donga ဟုခေါ်သည့် တုတ်ချောင်းကိုပေးပြီး ပြိုင်ဘက်တစ်ယောက်နှင့်ရင်ဆိုင်ကြတယ်။ ပြီးနောက် ၎င်းတို့တစ်ဦးနှင့်တစ်ဦး ထုတ်များဖြင့် အပြန်အလှန် တိုက်ခိုက်ကြပါတယ်။အနိုင်ရရှိသူဟာ အမျိုးသမီး အုပ်စုတစ်စု၏ မည်သူနှင့် လက်ထပ်ရမည်ကို ဆုံးဖြတ်ပေး ခြင်းခံရပါတယ်။ မာစီအမျိုးသား များသည် ခန္ဓာကိုယ်တွင် ကြောက်လန့်စရာကောင်းသည့်အမှတ်အသားများ ပြုလုပ်ကြပြီး ဒီအမှတ်အသားက အခြားသောလူမျိုးစုများကဲ့သို့ သူတို့သုတ်သင်ခဲ့သည့် ရန်သူ၏ အမှတ်အသားပင်ဖြစ်ပါတယ်။

မာစီအမျိုးသားများသည် ၎င်းတို့၏ရန်သူတစ်ဦးတစ် ယောက်ကို သုတ်သင်ပြီးသည့် နောက်တွင် ပခုံးပေါ်၌ အဖြူ ရောင် ဆေး အနည်းငယ်သုတ် လိမ်းပြီး ခေါင်းပေါ်တွင် ဂျီဩမေတြီကဲ့သို့ ထောင့်မှန် စတုဂံပုံစံများရိတ်ကြသည်။အကများနှင့်အခမ်းအနား များပြုလုပ်ချိန်တွင် ၎င်းတို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်း အားလုံးကို အဖြူရောင် မြေဖြူများ သုတ်လိမ်းခြင်းဖြင့် အလှဆင်ကြသည်။မာစီမိန်းကလေးများသည် အသက် ၁၅ နှစ်၊ သို့မဟုတ် ၁၆ နှစ်အရွယ်သို့ရောက်သည့်အချိန်တွင် နှုတ်ခမ်းကိုအလှဆင်နိုင်ရန် အတွက်အပေါက်ဖောက်ရသည်။ ထိုမိန်းကလေးခံနိုင်ရည်ရှိသည်အထိ နှုတ်ခမ်း မြားကြီးကြီးဖောက်နိုင်သလောက် ၎င်း၏သတို့သမီး ဈေးနှုန်းသည် ဖခင်အတွက် များများယူဆောင်လာ နိုင်မည်ဖြစ်သည်။

၎င်းတို့အသုံးပြုသည့်မျက်နှာ၏ ထူးခြားသောအဆင်တန်ဆာသည် ရိုးရိုးသာမန်လူ များအတွက် အလွန်ပင်ထူးခြားသည်။ ထိုမျိုးနွယ်စု က မိန် လေးများသည် အသက်အရွယ်ငယ်စဉ်မှာပင် ၎င်းတို့၏အောက်နှုတ်ခမ်းကို အဖြတ်ခံလိုက်ရသကဲ့သို့ ပင် ဖြစ်သည်။ထို့နောက်တွင် ၎င်း မိန်းကလေးများသည် နှုတ်ခမ်း ကို စတင်၍ သစ်သားတုံးများ ထည့်ကာ နေ့စဉ်နှင့်အမျှ ပိုမို ၍ ကြီးသည် ထက်ကြီးအောင် သစ်သားပြားများကိုထည့်သွင်း ကြရသည်။

မာစီလူမျိုးများ၏ ဘဝ သည် မကြာခဏခက်ခဲကြမ်း တမ်းပြီး တစ်ခါတစ်ရံအန္တရာယ် ရှိသည်။ သို့သော် ၎င်းတို့သည် ကောင်းမွန်စွာနေထိုင် နိုင်ရန်အတွက် အပန်းဖြေခြင်း ၊စကားပြောခြင်း၊ ဂီတနှင့် တီးတိုးဆွေးနွေးခြင်းများအတွက် အချိန် များစွာသင်ယူခဲ့ကြသည်။ ၎င်းတို့၏သမိုင်းကြောင်းအတွေးအခေါ်ဆိုင်ရာဗဟုသုတနှင့်ကိုယ်ကျင့်တရား ဆိုင်ရာပုံပြင်များ ကို ထိန်းသိမ်းထားပြီး ပြန်လည် ပြောပြကြသည်။မာစီလူမျိုးများ၏ ပုတီးရိုးရာယဉ်ကျေးမှုသည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သည်။ ထိုပုတီး များကို အခမ်းအနားများ တွင်သာမက နေ့စဉ်ဘဝ၌ လည်း ဖြားယောင်းသွေးဆောင်ခြင်း၏ သင်္ကေတ အဖြစ် အသုံးပြုကြသည်။

မာစီအမျိုးသမီးများသည် သွေးဆောင်ဖြားယောင်းမှု အနုပညာကို ကျွမ်းကျင်ကြ သည်။ ၎င်းတို့၏အဆင်တန်ဆာများနှင့် အတူ လွန်စွာ လှပအောင်ဖန်တီးမှုများပြုလုပ်ကြသည်။၎င်းတို့၏ မျက်နှာနှင့် ခန္ဓာကိုယ်ကို ဆေးများ၊ ပုတီးများချိုနှင့် အမာရွတ်များကိုအသုံးပြု၍ အလှဆင်ကြသည်။ အမျိုးသမီး များသည် အလှဆင်ခြင်းများစွာပြုလုပ်လျှင် အမျိုးသားများကို အမှန်တကယ်ပင် ပိုမို၍ ဆွဲဆောင် မှုရရှိနိုင်ကြသည်။ဤအချက်ကြောင့် အခြားသောမျိုးနွယ်စုများက မာစီအမျိုး သမီးများကို သွေးဆောင်ဖြား ယောင်းခြင်းအနုပညာ၌ ထူး ချွန် သောဆရာများဟုပင်ပြော ဆိုကြသည်။မာစီအမျိုးသမီးများ သည် မိမိတို့၏ခင်ပွန်းဖြစ်နိုင်ချေရှိသောအမျိုးသားများကို ဆွဲ ဆောင်ရန် အလှအပ သင်္ကေတများစွာရှိ သည်။ လက်မထပ်ရသေးခင်အချိန်ထိ မိမိ တို့၏အလှအပကို ဂရုစိုက်ကြ သည်။မိမိတို့ကို လက်ထပ်သည့် အခါတွင် ပေးသောလက်ဆောင် များကို အလေးအနက်တန်ဖိုးထားကြသည်။ လက်ဆောင်ပေး ရာတွင်လည်း နွား ၃၈ ကောင်နှင့် AK 47 သေနတ် တစ်လက်တို့ကို သတို့သမီးအား ပေးအပ် ရသည်။လွန်ခဲ့သော ၁၀ စုနှစ်အနည်းငယ်အတွင်း မာစီလူမျိုးများသည် အေးဆေးတည်ငြိမ်သောနေရာ တစ်ခုကိုရှာဖွေခြင်းဖြင့် အီ သီယိုးပီးယားနိုင်ငံ၏ ပိုမို ကောင်းမွန်သောနေရာတည်ဆောက်ခြင်း လုပ်ဆောင် မှုများကို ဆန့်ကျင်ခဲ့သည်။

Mursiland သည် ၁၉ ရာစုအကုန်ပိုင်းတွင် (အက်ဘီစီနီယာ) Abyssinia ဘုရင် (မန်နယ်လိပ်) Menelik က အီသီယိုးပီးယားနိုင်ငံကို ပထမဆုံးအကြိမ် အဖြစ် ရောက်ရှိလာခဲ့သည်။ အီသီယိုးပီးယားနိုင်ငံ၏ ခေတ်သစ်နယ်နိမိတ်ကို ကင်ညာ၊ ဆူဒန်နှင့် ဆိုမာလီယာတို့ဖြင့် တိုးချဲ့ ထူထောင်ခဲ့သည်။သို့သော် ဒုတိယကမ္ဘာ စစ်အပြီးတွင် ပြည်နယ်ဖွဲ့စည်းမှုနှင့်ပတ်သက်၍ လက်တွေ့ကျကျပြောဆိုရန်ခွင့်ပြုသည့် နိုင်ငံရေး ထိန်း ချုပ်မှုကို စတင်တည်ထောင်ခဲ့ပြီး ဦးတည်ချက် အတွက် ၁၉၆ဝ ပြည့်နှစ်တွင် အထင်ရှားဆုံးအစောပိုင်း ခြေလှမ်းမှာ အိုမိုအမျိုးသားဥယျာဉ်ကိုတည်ဆောက်မှုနှင့်အတူ သယ်ယူပို့ဆောင်ရေးတိုးတက်လာခြင်း ပင်ဖြစ်ပါတယ်။ ဒါကြောင့် မာစီလူမျိုးများ၏ ဈေးကွက် စီးပွားရေးစနစ်ကို ဆွဲဆောင်နိုင်ခဲ့သည့်အပြင် ကျွဲနွား တိရစ္ဆာန်မွေးမြူရေးလုပ်ငန်း များ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များမှရရှိသောဝင်ငွေများဖြင့် အဝတ်အစား များ ဆေးဝါးများ၊ ကော်ဖီများ၊ ဟင်းခတ် အမွှေးအကြိုင် များနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသုံးကိရိယာများ ကိုဝယ်ယူရာတွင် သုံးစွဲခဲ့ကြပါတယ်။

ယနေ့ အိုမိုအောက်ပိုင်းဒေသများတွင် အစိုးရ ဖွဲ့စည်းခြင်းနှင့် အလယ်ပိုင်းမြစ်ဝှမ်းဒေသတွင် ကြီးမား သည့်ရေအားလျှပ်စစ် ဆည်တည်ဆောက်ခြင်းလုပ်ငန်း များ ခိုင်မာစွာဖြင့် အတူတကွပေါ်ပေါက်လာသည်။ထိုဆည်ကြီးသည် မြစ်အောက်ပိုင်းတွင် နေထိုင်သော လူများ၏ စိုက်ပျိုးရေးနှင့် သဘာဝသယံဇာတများ အတွက် အစဉ်အ မြဲမှီခိုအားထားနေရပြီး နှစ်စဉ်ရေကြီးမှု ကိုဖယ်ရှားစေခြင်းကြောင့် တည်ဆောက်ကြ ခြင်းဖြစ်သည်။ထောင်ပေါင်းများစွာသောလူတို့ဟာ နေရာရွှေ့ပြောင်းခြင်းနှင့် ပြန်လည်နေရာချထားခြင်း များကို ပြုလုပ်ကြရပါတယ်။ အီ သီယိုးပီးယား၏ အလွန် ကြွယ်ဝသောသမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ ရှုမောဖွယ်သဘာဝရှုခင်းများထူးခြား ဆန်းပြားသည့် ဝတ်စားဆင်ယင်မှုဓလေ့ထုံးတမ်းများက ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ၏ စိတ်ကိုကျေနပ်မှုပေးစွမ်း နိုင်မည်မှာ အမှန်ပင်ဖြစ်ကြောင်း တင်ဆက်လိုက်ရပါတယ်။