Knowledge and News

ပျားစွဲ နိမိတ်

Knowledge

ပျားသည် အရှေ့ဘက်မှလာ၍စွဲမူ စီးပွားပျက်တတ်သည်။

ပျားသည် အနောက်ဘက်မှလာ၍စွဲမူ လာဘ်ရတတ်သည်။

ပျားသည် တောင်ဘက်မှလာ၍စွဲမူ သောကရောက်တတ်သည်။

ပျားသည် မြောက်ဘက်မှလာ၍စွဲမူ စီးပွားတိုးတက်တတ်သည်။

ပျားသည် အရှေ့မြောက်မှလာ၍စွဲမူ မင်းပူဇော်ခံရတတ်သည်။

ပျားသည် အရှေ့တောင်မှလာ၍စွဲမူ အကြံအစည်အောင်တတ်သည်။

ပျားသည် အနောက်မြောက်မှလာ၍စွဲမူ ဥစ္စာပစ္စည်း တိုးပွားတတ်သည်။

ပျားသည် အနောက်တောင်မှလာ၍စွဲမူ ဘေးတွေ့တတ်သည်။

ပျားသည် အိမ်၏အထက်ပိုင်း ထုတ်, ယောက်, ဒိုင်း, မြှား တို့ကိုလာ၍စွဲမူ ဥစ္စာပစ္စည်း လျော့ပါး ပျက်စီးတတ်သည်။

ပျားသည် အိမ်၏ အောက်ပိုင်း၌လာ၍စွဲမူ စီးပွားတိုးတက်တတ်သည်။

ပျားသည် အိမ်တံခါး၌လာ၍စွဲမူ လာဘ်ရတတ်သည်။

ပျားသည် လှေခါးအောက်၌လာ၍စွဲမူ ပျက်စီးတတ်သည်။

ပျားသည် အိမ်သာ၌လာ၍စွဲမူ သောကရောက်ရတတ်သည်။

ပျားသည် ပုဆိုးအဝတ်၌လာ၍စွဲမူ မြတ်သောစည်းစိမ်ကိုရသည်။

ပျားသည် အိပ်ယာ၌လာ၍စွဲမူ ချမ်းသာတတ်သည်။

ပျားသည် တင်းကုတ်၌လာ၍စွဲမူ စွပ်စွဲခံရတတ်သည်။