Knowledge and News

မြွေ မလာစေသောနည်း

Knowledge

မြွေဆိုးကိုက်ခံရလျှင် ဆေးဒန်းမှုန့်(၁)ကျပ်သား ဆား(၁)ကျပ်သားအား ပေါင်းစပ်ပြီး မြွေဆိုးကိုက်ခံရပါက ရအောင်တိုက်ပေးပါ။အဆိပ်ပြေစေပါသည်။ ပြီးမှသာ ဆေးရုံဆေးခန်းသို့ပို့ကြပါ။ တောနေပြည်သူတို့အတွက် ရည်ရွယ်ပါသည်။

သင့်အိမ်သင့်ယာမြွေမလာစေသောနည်း – အသေအချာမှတ်ပါ။ တောင်သူလယ်သမားတို့ စပါးရိတ်သိမ်းချိန် တွင်မြွေဆိုးများတွေ့ရှိတတ်၍ မကြာခဏ အသက်အန္တရာယ်တို့နှင့် ရင်ဆိုကြုံတွေ့ တတ်ကြသလို၊ အခြားသောလုပ်သားပြည် သူများသည်လည်း မြွေဆိုးများမိမိအိမ်၊ အဆောက်အဦး၊ ခြံဝန်းကျင် အတွင်းမြွေမလာနိုင်စေရန် အောက်ပါနည်း လမ်းလေးကို ယုံယုံကြည် သုံးကြည့်ပါ။

မြွေမလာ၍ မြွေကြောက်ရသော ဘေးအန္တရာယ်မှ ကင်းစင်သွားပါလိမ့်မည်။လိုအပ်သောပစ္စည်း (၁) ဆေးဒန်း။ (၂) ဆီးဖြူသီး။ ဆေးဒန်းကို ပရဆေးဆိုင်များတွင် ဝယ်ယူနိုင်ပါသည်။ များသောအားဖြင့် ဆေးဒန်းကို မြန်မာပြည်တွင် တိုင်းရင်းဆေးများ ဖေါ်စပ်ခြင်း နှင့်အဂ္ဂိရတ်ဝါသနာရှင်များ အသုံးပြုကြပါ်သည်။ ဆေးဒန်းသည် အဆိပ်ကိုနိုင်နင်းသော သတ္တိထူးရှိပြီး မြွေအလွန်ကြောက်ပါသည်။

အချို့သော တောရပ်မှီသူတော်စင်တို့ ဆေးဒန်း ကိုဆောင်ကြခြင်းရှိပါသည်။ အဂ္ဂိရတ်မှ လာသော ဆေးဒန်းဓာတ်လုံးကောင်းပါလျှင် မြွေဖြတ်ပြေးသည်ကို ဓာတ်လုံးဖြင့်ကျော်ပစ်ပါက မြွေမလှုပ်နိုင်တော့ ဟုဆိုကြပါသည်။ အချို့ မြွေကိုက်ပါလျှင် ဆေးဒန်းဓာတ်ကောင်းဖြင့်ကုပါက အဆိပ်မတက် ဘာမျှမဖြစ်တော့ပါ ဟုဆိုပါလျှင် ယုံဖွယ်မရှိပါ။

အချို့မြွေဆိုးကြီးများအား ဆေးဒန်းကိုမီးရှို့၍ အောင်မြင်စွာနှိမ်နင်းနိုင်လေသည်။ ဆေးဒန်းကိုမြွေ အလွန်ကြောက်သည်ဟု ဆိုချင်ပါသည်။ ဆေးဒန်း (၅) ကျပ်သားကို ပရဆေးဆိုင်တွင်ဝယ် ယူပြီး အမှုန့်ကြိတ်၍ ရေ (၁) ပုံးတွင်ထည့်ပါ။ ထိုဆေးဒန်းစိမ်ရေထဲသို့ ဆီးဖြူသီးများပါ ရော၍များများစိမ်ထားပါ။

(၂) ရက်လောက်စိမ်ထားလိုက်ပါက မူလကပင် မြွေကြောက်သော ဆီးဖြူသီးမှာဆေးဒန်း အစွမ်းကြောင့် ပိုမိုအာနိသင်ရှိသွားပါသည်။ ထိုဆီးဖြူသီးနှင့်ဆေးဒန်းရည်ကို မိမိရိတ်သိမ်းတော့မည် လယ်ယာမြေနှင့် အိုးအိမ်ခြံမြေသို့ ပက်ဖျန်းပေးလိုက်ပါက မြွေလာပါဆို၍ပင် လာတော့မည်

မဟုတ်ပါကြောင်း မိမိလေ့လာ ထားသော မြွေမလာစေသောနည်းလမ်းမျှဝေ လိုက်ပါသည်။ဆေးဒန်း (၄) မျိုးရှိပါသည်။ မိမိနှစ်သက်သောဆေးဒန်းမှာ ဆေးဒန်းမြင်းသီလာ ဖြစ်ပါသည်။ ပရဆေးဆိုင်တွင်မေးလျှင် ရပါမည်။

Credit: ရဲမျိုးသူ (ဗောဓိမြိုင်)