Knowledge and News

ကမ္ဘာပေါ်က တာဇံစစ်စစ် လူမျိုးစုအကြောင်း

Discovery, Knowledge, Travel

ကမ္ဘာပေါ်က တာဇံစစ်စစ် Korowai လူမျိုးစုတွေနဲ့ တွေ့ဆုံလိုက်ပါ ။ သူတို့ကို စိတ်ဆိုးအောင် လုပ်ရင်တော့ သင့် ကို ချက်စားချင် ချက်စားနိုင်တယ်။

နည်းပညာ ဖွံ့ဖြိုး တိုးတက်နေတဲ့ ယနေ့ခေတ်ကာလမှာ လွန်ခဲ့တဲ့ နှစ်ရာချီလောက်က ဘိုးဘွားတွေ နေခဲ့တဲ့ ရှေးဟောင်း ဓလေ့တွေအတိုင်း နေထိုင်ကြတဲ့ လူမျိုးစုတွေ ရှိနေသေးတယ်ဆိုတာ မှန်းဆဖို့ တောင် ခက်ခဲပါတယ်။

ဒါပေမယ့် ကမ္ဘာ့အပြင်ဘက်နဲ့ အဆက်အသွယ် ဖြတ်ထားပြီး လူထုရဲ့ စောင့်ကြည့်မှုနဲ့ ကင်းလွတ်နေတဲ့ တိုင်းရင်းသား မျိုးနွယ်စု တစ်ချို့ ရှိ နေပါတယ် ။

ပစိဖိတ် ကျွန်းစုတွေ အက်ဒမန်ကျွန်းစုတွေနဲ့ အာဖရိကမှာ နေထိုင်တဲ့ တိုင်းရင်းသား မျိုးနွယ်စု တစ်ချို့ဟာ သူတို့ရဲ့ ရှေးဟောင်း ဓလေ့ထုံးစံအတိုင်း နေထိုင်ကြပါတယ် ။

အခု ဖော်ပြမှာကတော့ ပြင်ပကမ္ဘာနဲ့ဝေးကွာနေတဲ့ အံ့သြစရာ ကောင်းလွန်းတဲ့ Korowai ဆိုတဲ့တိုင်းရင်းသား မျိုးနွယ်စု အကြောင်းပါ ။

Korowai လူမျိုးစုတွေအကြောင်းကျွန်ုပ်တို့ မြင်မြင်ချင်း သိနိုင်တာကတော့ သူတို့က တကယ့် တာဇံတွေပါပဲ။ သူတို့ကို စိတ်ဆိုးအောင် လုပ်ရင်တော့ သင့် ကို ချက်စားချင် ချက်စားနိုင်တယ် ။

သစ်ပင်အိမ်တွေကို သင် သဘောကျလား ? ဒါဆိုရင်တော့ မြေပြင်ကနေ ပေ ၅၀ ကျော် မြင့်တဲ့ Korowai တွေရဲ့ သစ်ပင်အိမ်ပေါ်ကို တက်ကြည့်ပါလား ။

 

အမြင့်ဆုံး Korowai သစ်ပင်အိမ်ကတော့ မိုးသစ်တောရဲ့အမြင့်ဆုံးသစ်ပင်မှာ တည်ဆောက်ထားပါတယ်။

တစ်ချို့ အိမ်တွေမှာဆိုရင် လှေကား မရှိပါဘူး … သစ်ပင်ရဲ့ပင်စည်ကိုပဲ ထွင်းပြီးတော့ ခြေထောက်ကုပ်လို့ရအောင် လုပ်ထားတဲ့ အချိုင့်လေးတွေပဲ ရှိပါတယ် ။

Korowai တစ်ယောက်ကတော့ ကျွမ်းကျွမ်းကျင်ကျင် အတက်အဆင်း လုပ်နိုင်ပါတယ်။

ဒီသစ်ပင်အိမ်ကို ပါးလွှာပြီးတော့ခိုင်ခံ့တဲ့ သစ်ကိုင်းတွေနဲ့ ဆောက်လုပ်ထားတာပါ ။

အိမ်က လေဝင်လေထွက် လည်း ကောင်းတယ် ။ အခင်းကတော့ ဝါးခြမ်းပြားတွေနဲ့ ခင်းကျင်းထားပြီး အမိုးကိုတော့ သစ်ရွက်ခြောက် တွေနဲ့ပြုလုပ်ထားပါတယ်။

သစ်ပင်အိမ် တစ်အိမ် အတွင်းမှာ လူ ၁၀ ယောက်လောက် နေနိုင်ပါတယ် ။

Papua New Guinea နဲ့ သြစတေးလျက မျိုးနွယ်စုတွေလိုပဲ ….. Korowais မျိုးနွယ်စုတွေဟာလည်း တိရိစ္ဆာန်သွားတွေနဲ့ ပြုလုပ်ထားတဲ့ လည်ဆွဲ ကို ရတနာအဖြစ် ဝတ်ဆင်ကြပါတယ် ။

တစ်ခါတစ်လေ သွားတွေကို နှာခေါင်းမှာ ထိုးထားလေ့ ရှိတယ် ။ ဝတ်ဆင်တဲ့ အဆောင်အယောင် တွေဟာ မျိုးနွယ်စုအတွင်းက အဆင့်အတန်းကို ဖော်ပြ သတ်မှတ်ပါတယ် ။

အမျိုးသားတွေကတော့ ပုံမှန်အားဖြင့် ခါးမှာ ပတ်ထားတဲ့ကြိုးလို မျိုး ခါးပတ်အပြင် ဘာမှ မဝတ်စားထားပါဘူး ။

အမျိုးသမီးနဲ့ ကလေးတွေကတော့ သစ်ရွက်နဲ့ လုပ်ထားတဲ့ စကပ်လို အရာမျိုးကိုဝတ်ဆင် ထားကြပါတယ်။ သူတို့ရဲ့ အမဲလိုက်လက်နက်တွေကတော့ လှံနဲ့မြားတွေပဲဖြစ်ပါတယ် ။

Korowai လူမျိုးစုကို ၁၉၇၀ ပြည့်နှစ်မှာ အမေရိကန် စူးစမ်းလေ့လာရေးပညာရှင် Peter van Arsdale က ရှာတွေ့ခဲ့တာပဲ ဖြစ်ပါတယ် ။

Korowai တွေက သူ့ရဲ့ ဖြူဖတ်ဖြူရော် အသားအရေကြောင့် သူ့ကို Laleo (မကောင်းဆိုးဝါး တစ္ဆေ) လို့ ခေါ်တယ် ။

Boas လို့ ခေါ်တဲ့ လူမျိုးစုဝင် တစ်ယောက်ဟာ သူနဲ့ လိုက်ပါလာပြီးတော့ Papua ရဲ့ တိုးတက်တဲ့ နယ်မြေမှာနေထိုင်ခဲ့တယ်…

သူ Korowai ကို ပြန်သွားတဲ့အခါမှာ တခြား စူးစမ်းလေ့လာရေး ပညာရှင်တွေနဲ့ အလည်အပတ် လာရောက်တဲ့သူတွေကို Korowai ရဲ့ယဉ်ကျေးမှု အကြောင်း သိရှိဖို့ အကူအညီ ပေးနိုင်ခဲ့ပါတယ် ။

သူတို့တွေ လူသားစားတဲ့ အကြောင်းကတော့ မှတ်တမ်းရော မျက်မြင်ကိုယ်တွေ့ရော ရှိခဲ့ပါတယ်။

တခြား မျိုးနွယ်စုလိုပဲ သူတို့မှာလည်း ယုံကြည်မှုနဲ့ ဓလေ့ထုံးတမ်းတွေ ရှိပါတယ်။ သူတို့တွေဟာ သူတို့အခေါ် Khakhua လို့ ခေါ်တဲ့ စုန်းထီးတွေကို အလွန်အမင်း ကြောက်လန့်ကြပါတယ် ။

Khakhua လို့ သံသယရှိတဲ့ အမျိုးသား မှန်သမျှကို သတ်ဖြတ်ပစ်ပါတယ် ။ ဒီလို သတ်ဖြတ်ဖို့အတွက်လည်း အထူးအဖွဲ့တစ်ခု ဖွဲ့စည်းထားပါတယ် ။

များသောအားဖြင့်တော့ သံသယရှိသူကို ပုဆိန်နဲ့ ခုတ်သတ်ပြီးတော့ အသားကို မျိုးနွယ်စုအတွင်းမှာ ခွဲဝေ စားသောက်ကြပါတယ် ။

Korowai မျိုးနွယ်စု တွေဆီကို သွားလည်ခဲ့တဲ့ သတင်းထောက် ရဲ့ စာမူအရတော့….

Kilkil ရဲ့အစ်ကို Bailom ဟာ အိမ်ထဲက ဦးခေါင်းခွံတစ်ခုကို ထုတ်ပြပြီးတော့ “ဒါဟာ အခု လတ်တလောမှာ စုန်းထီး ဖြစ်နေလို့ သတ်ခဲ့ရတဲ့ Bunop ပဲ…

ကျောက်တုံးပုဆိန်နဲ့ ဦးခေါင်းကို ခွဲပြီးတော့ ဦးနှောက်ကို ထုတ်တယ်။ ပြီးရင်တော့ အသားတွေကို ဝေစားကြတယ် …. ကျွန်ုပ်ကတော့ ဘယ်အစိတ်အပိုင်းရဲ့အရသာကို မဆိုသဘောကျပါတယ် … ဒါပေမယ့် ဦးနှောက်ကိုတော့ ကျွန်ုပ် အကြိုက်ဆုံးပဲ” လို့ ပြောတဲ့အခါ Kilkil ကလည်း ခေါင်းငြိမ့်ပြပါတယ်။

မျိုးနွယ်စု အကြီးအကဲတွေ အပြောအရတော့ စုန်းထီးတစ်ယောက်ကို အိမ်မက်ကနေ တစ်ဆင့် သိရတယ်တဲ့ ။ စုန်းကြောင့် မိသားစုဝင်တစ်ယောက် သေဆုံးသွားခဲ့ရင် သူဟာ အိမ်မက်ထဲမှာ ပြန်ရောက်လာပြီး မိသားစုထဲက တစ်ယောက်ယောက်ကို သူသေခဲ့တဲ့ အကြောင်းနဲ့ သူ့ကိုသတ်ခဲ့တဲ့ စုန်းထီးရဲ့ နာမည်ကို ပြောပြတယ် ။

ဒီနောက်မှာတော့ အဲ့ဒီ စုန်းကို ရှာပြီး သတ်ဖြတ်ပြီးတော့ စားသောက်ကြပါတယ်။ ဒီထုံးတမ်းတစ်ခုကလွဲလို့ Korowai မျိုးနွယ်စုတွေဟာ အေးချမ်းတဲ့ မျိုးနွယ်စု တစ်ခုဖြစ်ပြီးတော့ တခြား မည်သည့် အကြောင်းပြချက်နဲ့မှ ဘယ်သူ့ကိုမှ မတိုက်ခိုက် မသတ်ဖြတ်ပါဘူး ။

နိဂုံးချုပ် ပြောရရင်တော့ ကျွန်ုပ်တို့လို ခေတ်နဲ့အညီ နေထိုင်တဲ့လူတွေအတွက်တော့ ဒီယဉ်ကျေးမှုတွေ ဓလေ့ ထုံးတမ်းတွေက လန့်ဖြန့်စရာ အံ့သြစရာ ကောင်းနေနိုင်ပါတယ် ။

ခရီးတွေ ထွက်တဲ့အခါမှာ နည်းပညာနဲ့ အဆက်အသွယ် ပြတ်နေတဲ့ လူတွေ၊ နေရာတွေ၊ အရာဝတ္ထုတွေကို ရှာဖွေ ရတာကလည်း ပျော်စရာတစ်မျိုးကောင်းနေနိုင်ပါတယ်။

Credit: Original Uploader