Knowledge and News

လူ့အသက်ကိုအန္တရာယ်ပြုနိုင်သည့်အဆိပ်ရှိသောအပင်များ

Knowledge

အပင်များဟာ လူသားများနှင့် တိရိစ္ဆာန်များတို့အတွက် အစားအစာအဖြစ်၄င်း၊  ၎င်းတို့မှရရှိတဲ့အသီးအပွင့်အရွက်များဟာ ဆေးဖက်ဝင် ဂုဏ်သတ္တိများရှိတာကြောင့်ကျန်းမာရေးအတွက်လည်းအပင်များဟာ ကမ္ဘာပေါ်တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါတယ်။

အမျိုးမျိုးသောနည်းပညာများ တိုးတက်လာသည်နှင့်အမျှ ကမ္ဘာပေါ်ရှိ အပင်များအသုံးပြုမှုကို အစားထိုး၍ ဆေးဝါးအများအပြားကို တီထွင်နိုင်ခဲ့ပေမယ့် အချို့အရာများအတွက်အပင်များကို နှစ်သက်နေကြသူများလည်း ရှိနေဆဲပဲဖြစ်ပါတယ်။ဒါပေမယ့် အချို့သောအပင်မျိုးစိတ်များကတော့ ၎င်းတို့စားသုံးသည့်လူနှင့် တိရစ္ဆာန်များ၏ ကျန်းမာရေးနှင့်အသက်အန္တရာယ်ကို ထိခိုက်စေတဲ့ အဆိပ်ရှိသောအပင်များဖြစ်လို့နေပါတယ်။

ဒါ့ကြောင့်လူနှင့်တိရစ္ဆာန်များကို အဆိပ်သင့်စေမယ့် အဆိပ်ရှိအပင်များအကြောင်းကိုဖော်ပြပေးသွားပါမယ်။

(၁) သေခြင်း၏သစ်ပင် (Hippomane Mancinella)

သေခြင်း၏သစ်ပင် (သို့) မရဏသစ်ပင်လို့လည်း ခေါ်ကြတဲ့ ဒီအဆိပ်ရှိတဲ့အပင်ရဲ့တည်နေရာဟာ အဓိကအားဖြင့် ကာရေဘီယံနှင့် အမေရိကအလယ်ပိုင်းရှိ ကျွန်းများတွင်ဖြစ်ပါတယ်။ ၎င်းကို ကမ္ဘာပေါ်တွင် အဆိပ်အပြင်းဆုံးအပင်များထဲမှ တစ်ခုအဖြစ်သတ်မှတ်ခံထားရပြီး ၎င်းကို ကာရေဘီယံပင်လယ်ရှိ ကျွန်းများတွင် အဓိကတွေ့ရှိရပြီး ခန့်မှန်းခြေအားဖြင့် အမြင့် 20 မီတာရှိသည်။

ဒီသစ်ပင်ဟာ လူနှင့် တိရိစ္ဆာန်များအတွက် အဆိပ်အတောက်အရှိဆုံး အပင်များထဲမှ တစ်ခုလို့ ယူဆနိုင်ပါတယ်။သူ့ရဲ့အနံဟာဆွဲဆောင်မှုရှိပြီး အသီးကတော့ လုံးဝအဆိပ်ပြင်းပါတယ်။

ဒီအပင်ကထွက်တဲ့ နို့ရည်များဟာ အရေပြားနှင့် ထိတွေ့မိပါက ရောင်ရမ်းခြင်း၊ ပြင်းထန်သော မီးလောင်ဒဏ်ရာများ ဖြစ်ပေါ်စေသည့် အရည်ကြည်ဖုများနှင့် အဖုအပိမ့်များ ဖြစ်ပေါ်လာခြင်း တို့ကိုဖြစ်စေပါတယ်။ စားသုံးမိပါကအန်ခြင်း၊ ဝမ်းလျှောခြင်းနှင့် ရေဓာတ်ခန်းခြောက်ခြင်း သို့မဟုတ် သေဆုံးသည်အထိ ပြင်းထန်ပါတယ်။

 

(၂) Atropa Belladonna

Atropa Belladonna အပင်ဟာအဆိပ်ရှိသောအပင်အုပ်စုဝင်ဖြစ်ပြီး ဥရောပ၊ အနောက်အာရှနှင့် အာဖရိကတို့ရှိ အလှဆုံးပန်းများထဲမှ တစ်ခုဖြစ်ပါတယ်။ အပင်ဟာအလှတရားရှိပေမယ့်လည်းအဆိပ်အပြင်းဆုံး အပင်များထဲမှ တစ်ခုဖြစ်သည်။ ၎င်းကို အလယ်ခေတ်တွင် အီဂျစ်လူမျိုးများက မူးယစ်ဆေးဝါးဒြပ်စင်များအဖြစ် အသုံးပြုခဲ့ကြပါတယ်။

ဒီအပင်ဟာ အလွန်အန္တရာယ်များသော အဆိပ်အတောက်များကို ထုတ်လွှတ်နိုင်ပြီး အာရုံကြောစနစ်ကို ပြင်းထန်စွာပြောင်းလဲစေသော လက်ချောင်းများကိုထုံကျင်စေပြီး အလိုအလျောက်လှုပ်ရှားမှုများဖြစ်စေပါတယ်။ ပို၍ပြင်းထန်သောအခြေအနေများတွင် နှလုံးရပ်သွားခြင်း၊ မေ့မြောခြင်း သို့မဟုတ် သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

 

(၃) ကြက်ဆူပင် (Ricinus Communi)

Ricinus Communi ကြက်ဆူပင်ဟာ အဆိပ်ရှိတဲ့အပင်များထဲကတစ်ခုဖြစ်ပြီး အနီရောင် သို့မဟုတ် ခရမ်းရောင်အရွက်များရှိသော ပင်စည်ပါရှိသော ချုံပင်ဖြစ်ပါတယ်။ အာဖရိကတိုက်သည် ပေါက်ရောက်ရှင်သန်ရာ ဇာတိဖြစ်ပါတယ်။ဒီအပင်နဲ့ တိုက်ရိုက်ထိတွေ့မိလျှင် ပျို့အန်ခြင်း၊ ဝမ်းဗိုက်နာခြင်း၊ ပြင်းထန်သော အော့အန်ခြင်းတို့ကို ဖြစ်စေကာ ရေဓာတ်ခန်းခြောက်ခြင်း၊ သွေးယိုစီးခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အစေ့မှ ကြက်ဆူဆီထုတ်ယူပြီး အလှကုန်ထုတ်ကုန်များတွင်အသုံးပြုခြင်းများလည်းရှိပါတယ်။

 

(၄) Conium Maculatum

Conium Maculatum အပင်ကို ဥရောပနှင့် အာဖရိကရှိ မြစ်ကမ်းပါးများ၊ လမ်းများနှင့် သီးနှံစိုက်ခင်းအချို့တွင် အလွယ်တကူ တွေ့ရှိနိုင်ပါတယ်။ ၎င်းတွင် (ဆစ်ကရူတမ်) Cicutin ကဲ့သို့ အန္တရာယ်ရှိသော ပစ္စည်းများ ပါဝင်သောကြောင့် ခန္ဓာကိုယ်၏ အာရုံကြောစနစ်များကို ယိုယွင်းပျက်စီးစေပါတယ်။အများအားဖြင့် တက်ခြင်းကို ဖြစ်ပေါ်စေပြီး ပြင်းထန်သော ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ခန္ဓာကိုယ်အပူချိန် ကျဆင်းခြင်းနှင့် ကြွက်သားလှုပ်ရှားမှုများ ရပ်တန့်ခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။

 

(၅) Stramonium Datura

Stramonium Datura ကို ကမ္ဘာတစ်ဝှမ်းရှိ ပူနွေးသောဒေသများတွင် အလွယ်တကူတွေ့ရှိနိုင်သော်လည်း ဒီအပင်ဟာ မြစ်ကမ်းပါးများ၊ မြေဩဇာများ၊ အမှိုက်များနှင့် မြင်းဇောင်းများကဲ့သို့သော မြေအမျိုးအစားအမျိုးမျိုးနှင့် အလွယ်တကူ လိုက်လျောညီထွေပေါက်ရောက်ရှင်သန်နိုင်ပါတယ်။၎င်းသည် (ထရိုပန်းနစ် အယ်ခါလွိုက်) tropanic alkaloids အုပ်စုဝင် အဆိပ်ရှိသောအဆိပ်များပါ၀င်သော အခြားအပင်တစ်ခုလည်းဖြစ်ပါတယ်။ အပင် သို့မဟုတ် ၎င်း၏အစေ့များကို စားသုံးခြင်းသည် အာရုံကြောစနစ်ကို ပြောင်းလဲစေကာ လူ သို့မဟုတ် တိရိစ္ဆာန်များတွင် ပြင်းထန်သောအပြုအမူများရရှိစေပြီး မေ့မြောခြင်းနှင့် ပိုမိုပြင်းထန်သော အခြေအနေတစ်ခုတွင်အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။

 

(၆) အမေရိကန်နွယ်ချို (Regaliz Americano)

 အမေရိကန်နွယ်ချိုအပင်ဟာ အမြင့် ၅ မီတာခန့်အထိ တက်နိုင်သော တောင်တက်အပင်တစ်မျိုးဖြစ်ပြီး များသောအားဖြင့် အစုလိုက်အပြုံလိုက် စုဖွဲ့ကာ အနီရောင်နှင့် ခရမ်းရောင်များ ဖြစ်ကြပါတယ်။ဒီအပင်ဟာ အန္တရာယ်အရှိဆုံး အဆိပ်အတောက်များထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး လူတစ်ဦးကို အမြန်ဆုံးသေစေနိုင်ပါတယ်။ ရှေးခေတ်က ကိုယ်ဝန်ဖျက်ချလိုသော အမျိုးသမီးများနှင့် အခြားကိစ္စများတွင် ကပ်ပါးဗိုင်းရပ်စ်များကို ဖယ်ရှားပစ်ရန် အသုံးပြုခဲ့ကြပါတယ်။

 

(၇) အိန်ဂျယ်တံပိုး (Trompeta De Angel) 

အိန်ဂျယ်တံပိုးအပင်ဟာ ဥရောပနှင့် လက်တင်အမေရိကတွင် အသုံးအများဆုံးအပင်များထဲမှ တစ်ခုဖြစ်ပြီး ၎င်းသည် ရှည်လျားသောပန်းပွင့်များစွာရှိတဲ့ သစ်ပင်ငယ်တစ်ပင်ဖြစ်ပြီး ၎င်းတို့တစ်ခုစီဟာ ခန့်မှန်းအရွယ်အစား ၁၅ မှ ၂၀ စင်တီမီတာကြားရှိပါတယ်။

၎င်းတွင် အယ်လ်ဇိုင်းမားရောဂါအတွက် ဆေးဝါးအချို့ထုတ်လုပ်ရန်သိပ္ပံနည်းကျအရအသုံးပြုသော (အယ်ခါလွိုက်) alkaloid အဆိပ်များပါ၀င်သောကြောင့် အာရုံယောင်ယောင်ယောင်ဖြစ်စေသော ပစ္စည်းများကိုဖန်တီးရန် အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် ပမာဏအလွန်အကျွန်အသုံးပြုပါက လေဖြတ်ခြင်း၊ အမြင်မှားခြင်းတို့ကို ဖြစ်စေနိုင်ပြီး လွန်ကဲသော အခြေအနေများတွင် လူတစ်ဦးသေဆုံးနိုင်သည်အထိဖြစ်စေနိုင်ပါတယ်။