Knowledge and News

အဆောက်အအုံတွေမှာညောင်မြစ်ကို အလွယ်တကူဖယ်ရှားနည်း

Knowledge

ညောင်ပင်များဟာ မြေပေါ်သာမက အဆောက်အဦးများ ပေါ်တွင်လည်း ပေါက်ရောက်တတ်ပြီး၊ ၄င်း အဆောက်အအုံများကို မျိုသွားတတ်ပါတယ်။

ညောင်ပင်၏ အကိုင်းများ ခြောက်သွေ့သွားသော်လည်း အမြစ် ရှိနေ၍ အခြားတစ်နေရာမှ အကိုင်းအညွန့် အပင်မြစ်များ လှည့်ထွက်လာနိုင်ပါသေးတယ်။

အဆောက်အအုံများပေါ်တွင် ပေါက်သောညောင်ပင်များကို အောက်ဖော်ပြပါ သဘာ၀နည်းများဖြင့် သတ်နိုင်ပါတယ်။

ပြုလုပ်နည်း

၁။ ငှက်ပျောသီးနှင့် ဆားရော၍ အုံပေးပါ။

၂။ ပင်စည်ကို ဖောက်၍ ငါးပိအနည်းငယ်ထည့်ပြီး လေလုံအောင် ပိတ်ထားပါ။

၃။ အပင်ကို ဖြတ်ပြီး ထိပ်ကို ဆွပါ။ ဆွထားသော အပင်ထိပ်ပေါ်တွင် ဒီဇယ်ဆီ (သို့မဟုတ်) ရေနံဆီ (သို့မဟုတ်) အင်ဂျင်ဝိုင် အဟောင်းများ လောင်းထည့်ပါ။

၄။ ရေနံချေးကို အ၀တ်တွင် ဆွတ်၍ အပင်တွင် ပတ်ထားပါ။

၅။ အပင်ထိပ်ကို ဓါးနဲ့ ခုတ်ပါ၊ ဆွပါ။စိတ်ကြိုက် မွှန်းပြီးတော့မှ ကြွေပြား ဂျီးချွတ်ဆေး လောင်းပေးပါ။

အဆောက်အအုံများပေါ်တွင် ညောင်မြစ်တွယ်ကပ်နေပြီး သတ်ပစ်ဖို့ ခက်ခဲနေသူများအတွက် နည်းလမ်းကောင်းတွေ ဖြစ်လို့ ပြန်လည် မျှဝေလိုက်ပါတယ်။အဆင်ပြေကြပါစေ။

Credit: MM Daily Life