Knowledge and News

မွန်သူရဲကောင်းလဂွန်းအိမ်

History, Knowledge

မွန် မြန်မာ သမိုင်းကို လေ့လာလိုက်ရင် ဆယ့်လေးရာစု အကုန်မှာ ဖြစ်တဲ့စစ်၊ မွန်ဧကရာဇ် ရာဇဓိရာဇ်နဲ့ အင်း၀ ရွေနန်းကျော့ရှင် မင်းခေါင်တို့ခေတ်လောက် သူရဲကောင်းပေါများတာ မရှိဘူး။ သူရဲကောင်းတိုင်းလည်း သူ့နဲ့သူလူစွမ်းကောင်းချည်းပါဘဲ။ အဲဒီအထဲမှာ မှ သူရဲကောင်းတို့ရဲ့ သူရဲကောင်းလဂွန်းအိမ် အကြောင်းလေးဖတ်မိတိုင်း တွေးမိတိုင်း အတိုင်းမသိ ကြည်နုးမိတယ်။ လူတစ်ဦးထားအပ်တဲ့စိတ်ဓါတ်ကို သဘောကျတယ်။ဖတ်လေဖတ်လေ…တွေးလေတွေးလေ…ပီတိသောမနသ ဖြစ်ရတယ်။တစိမ့်စိမ့်တွေး တရေးရေးပေါ် တသသပီတိ အရသာရှိလှပါဘိ။လေးစားဂုဏ်ယူစရာကောင်းလိုက်တဲ့ သူရဲကောင်းပါဘဲ။ သူရဲကောင်းဆိုတာ နှလုံးသားလဲလှတဲ့သူပါလားလို့ ဆင်ခြင်မိလေ လေးစားဂုဏ်ယူမိလေပါ ။ရင်ထဲကခံစားချက်ကို ဖေါ်ပြစာဖွဲ့လို့မပြတတ်တဲ့အရသာမျိုးပါဘဲ။ သူရဲကောင်းဆိုတာ ဘာလဲ။ သူတို့ကို သူရဲကောင်းလို့ခေါ်လောက်အောင်ဘာတော်တာလဲ။ လဂွမ်းအိန်ကတော့ နောင်လာနောက်သားတွေ တသသ လွမ်းကျန်ရစ်ခဲ့အောင်များတမင် ရည်ရွယ်လုပ်ခဲ့လေသလားလို့တောင်ထင်ရတဲ့သမိုင်းလေးတစ်ခုကို ရေးပြချင်တယ်။ တကယ်တော့သူရဲကောင်းဆို တာ လက်ရုံးရည်နှလုံးရည်နဲ့ပြည့်စုံရုံတင်မဟုတ်ဘူးအသက်ထွက်ခါနီးတောင် သူရဲကောင်းဆိုတာ သူရဲကောင်းစိတ်ဓါတ်ဆိုတာသူရဲကောင်းရဲ့အသိ သတိတရားတွေကို ပြသွားလေရဲ့။။ တကယ့်လူစွမ်းကောင်းပါဘဲ။ သူ့ရဲ့နောက်ဆုံးဘ၀ ဇာတ်သိမ်းကာနီးသူရဲကောင်းဆိုတဲ့အဓိပ္ပါယ်ကို ဖေါ်ကျုးလှစ်ပြထားတဲ့ သမိုင်းထဲက အဖြစ်လေးတစ်ခုမှာသူ့ရဲ့နှလုံးသားလေးကို လှစ်ပြသွားတာ ဖတ်မိတိုင်းကြက်သီးထမိပါတယ်။သူ့ရှင်ရာဇာဓိရာဇ်ဟာ ကံဇာတာ ညံ့တဲ့အခိုက်နဲ့ဆုံနေပေမဲ့သားတော်ကို အင်းဝအိမ်ရှေ့ မင်းရဲကျော်စွာ ဝိုင်းထားတာကို ကူညီဘို့မူးမတ်တွေတားတဲ့ကြားက ရေတပ်ကြီးနဲ့ချီလာခဲ့တယ်။ အလွဲမြစ်၀ ရောက်တော့အင်းဝတပ် စခန်းကို မြင်တာနဲ့ တလဆီးအရပ်မှာ စခန်းတစ်ထောက်နားတော်မူတယ်။ အဲဒီအချိန်မှာ မြောင်းမြစား သမိန်ဗြဇ္ဇကို လှမ်းခေါ်တယ် ။သမိန်ဗြဇ္ဇနဲ့ လဂွန်းအိမ်က သူ့ရဲ့လက်ရုံးနှစ်ဘက်လဲဖြစ်တယ်။လမ်းခရီးမှာ ဖျားလို့ သမိန်ဗြဇ္ဇ သေတော့ သူ့ရှင်ယူကျုံးမရဖြစ်တော်မူတယ်။ သူရဲကောင်းဆိုတာ ဘုရင်ဧကရာဇ်တို့ရဲ့အဆောင်ယောင်ရတနာ တွေပါ။ ဒါကို မင်းရဲကျော်စွာ မင်းသားကြားတော့အားရတော်မူတယ်။

ရာဇာဓိရာဇ်အားထားရတဲ့လက်မောင်းနှစ်ဘက်ထဲက တစ်ဘက်ပြုတ်ခဲ့ပြီ။ နောင်လက်မောင်းတစ်ဘက် ဖြစ်တဲ့လဂွန်းအိန်ကိုသာ ရခဲ့ရင် မွန်ပြည့်ရှင်အနိုင်ယူတော့မှာကိုး။ ဒါနဲ့ လဂွန်းအိမ်ကို ရနိုင်မဲ့နည်းကို ကြံစည်ပြီး ရာဇာဓိရာဇ် ဆီကို သံတမန်လွတ်ပြီး စကားပါးသတဲ့။ပါးလိုက်တဲ့စကားကတော့……..” ဘကြီးတော်ရာဇာဓိရာဇ်မှာခရီးပန်းလာ၍ နားတော်မူပါ။ နောင်နေ့တိုက်မည်။ နားနေစဉ် ဟံသာဝတီမှသူရဲကောင်း တစ်ဦးနှင့်အင်းဝမှ သူရဲကောင်းတစ်ဦးချင်း လှေ တစ်စင်းချင်းတိုက်စေကာ ဧကရာဇ်တို့ရှုစားစေမည်ဟု စကားစေစေတယ်။ ဒီစကားကိုကြားလို့ ရာဇာဓိရာဇ်က ဝေ့ဝိုက်ကြည့်လိုက်တော့ …..လဂွန်းအိမ်ကကျွန်ပ်သည် ယော်ကျားဖြစ်သည်မှဆင်စီးချင်း မြင်းစိးချင်း လှေစီးချင်းစစ်ထိုးရန် ဤဇဗ္ဗူထိပ်မြေပြင်ဝယ် မည်သူ့ကို မျှ မကြောက်။တစ်ဥိးချင်းဖြစ်လျှင်ကျနုပ်ထွက်တိုက်မည်ဖြစ်ကြောင်း ရွေနန်းကျော့ရှင်မင်းသားမင်းရဲကျော်စွာကို အမိန့်တော်ပြန်ကြားတော်မူပါ …ဟုလျှောက်တင်တယ်။မင်းရဲကျော်စွာရဲ့တစ်မန်တော်မင်းနတ်တော်လည်းလဂွန်းအိန်ရဲ့ပြန်ကြားချက်ကို မင်းရဲကျော်စွာကို ပြန် လျှောက်တင်တယ်။ မွန်ဘက်အမှာစကားကြားတော့ မင်းရဲကျော်စွာက အလွန်အားရတော်မူတယ်။” သမိန်ဗြဇ္ဇနှင့် လဂွန်းအိမ်ဟာသူ့ရှင်ရာဇာဓိရာဇ်လက်ဝဲနဲ့ လက်ယာရံဖြစ်တော်မူတယ်။ လဂွန်းအိမ်ကို ရလျှင် ငါတို့လက်ချက် မွန်တို့ခံနိုင်အံ့နည်း။ လှေတစ်စင်း ချင်းသာသူရမည် ။ လှေသုံးစင်းကိုခံနိုင်မည်လော ဟုကြုံးဝါးတော်မူသတဲ့။ စစ်တို့မည်သည်နဲသည်များသည်မဆိုလို စီရင်ခြင်းသာပဓာန ဖြစ်တယ်လို့ မိန့်သတဲ့။သူစီမံထားတဲ့အတိုင်း လှေသုံးစင်းကို လည်း သူဖေါက်ထားတဲ့မြောင်းကျဉ်းထဲ ဝှက်ပြီး အသင့်အနေထားအတိုင်းပြင်ဆင်ထားတယ်။တစ်အောင့်နေတော့ စစ်ထိုးတဲ့အခန်းနားစပါတော့တယ်။လဂွန်းအိန်ကလည်း စစ်သေနာပတိ အဆောင်ယောင်တွေ ကိုဝတ်ဆင်ပြီး သူ့ရှင်ချီးမြင့်တဲ့ မိချောင်းလှေကို စီးပြီး သူရဲသုံးရာ နဲ့ထွက်တယ်။ အင်းဝသား စုက္ကတေးက အံ့စရာလှေကိုစီး ပြီးထီးဖြူနဲ့ထွက်တယ်။လှေနစ်စီးဆုံကြတော့ ထိုးကြခုတ်ကြ နဲ့ အံ့စရာလှေကနှစ်ဆ မြင့်လို့လဂွန်းအိမ်ကလှေချင်းဆက်ကူးပြီး တိုက်ဖို့ ကြိုးစားတယ်။ ဒါကိုမြင်တော့အင်းဝဘက်မှလှေတစ်စင်းထွက်လာပါရော..။ ထိုးခုတ်ကြ တာအင်းဝတို့အထိနာပြန်တော့ နောက်လှေနှစ်စင်းထွက်လာတော့အင်းဝဘက်က လေးစီး မွန်ဘက်က တစ်စီးနဲ့ ဆိုတော့ကြာရှည်မခံနိုင်ဘူး။ မွန် သူရဲ တစ်ရာကျော် ရေထဲကျသေတယ်။လဂွန်းအိမ်ဟာ နောက်ဆုံးအချိန်ထိ အရှုံးမပေးဘဲရွံ့ရွံ့ချွန်ချွန်တိုက်တယ်။နောက်ဆုံးတော့ ပေါင်မှာ လှံချက်စူးပြီး အင်းဝသားတို့လက်ထဲပါသွားတော့တယ်။ သူ့ရှင်က အင်းဝဘက်လှေတွေ ထွက်လာတာကို မြင်ပေမဲ့အလှေကူ ထွက်ဘို့ အမိန့်မပေးခဲ့ဘူး။ စစ်လန့်မှာ စိုးရိမ်ခဲ့တယ်။အင်းဝသားတို့ကို မင်းရဲကျော်စွာကလဂွန်းအိမ်မသေစေနဲ့ ၊ အရှင်ဖမ်းလို့ဟစ်အော်သတဲ့။

ဖခမည်းတော် မင်းခေါင်ဆီကို လဲ အမှာ ပါးစေတယ်။မင်းရဲကျော်စွာလဲ ဆင်းကြည့်ုပြီး လဂွန်းအိန်ကို မြင်တော့ မရှင်တော့ဘူးဆိုတာသိတယ်။ လဂွန်းအိန် အခြေနေတွေ လဂွန်းအိမ်သေမှာကို အင်းဝမင်းခေါင်ကြားးတော့ မင်းရဲကျော်စွာကို အပြစ်ဆိုတယ်။ မင်းရဲကျော်စွာဟာလဂွန်းအိမ်အနာသည်းတော့လဂွန်းအိမ်ရှိတဲ့လှေကို ရွှေလှော်ကားစီးပြီးသွားပြီး တင်းထိမ်ကိုဖွင့်၍ကြည့်တယ်။ မင်းကို ငါမစားမည်။သူကောင်းပြူမည်။ဘာမျှမစိုးရိမ်နဲ့လို့အားပေးတယ်။လဂွန်းအိန်ကကျွန်ပ် လူဖြစ်နိုင်တော့မည်မဟုတ်ပါလို့ လျောက်တယ်။”ထမင်းစားမည်လောဟု မေးတော့ အရှင်တစ်ယောက်၏ထမင်းကိုသာဝမ်းတွင်းသို့သွင်းမည် အရှင်နှစ်ယောက်ထမင်း ကိုမသွင်းလို့ဆိုတယ်။ ရေသောက်မည်လားမေးရာ ရေနှင့်ကွမ်းသာပေးပါဟုဆိုရာ မင်း ရဲကျော်စွာက သူ၏ရေတကောင်းတော်ဖြင့်ရေတိုက်ပြီးမိမိစားတော်ကွမ်းကို ယူ ၍ကျွေးလေသည် ဟုဖေါ်ပြထားတယ်။ “ရေသောက်ကွမ်းစားပြီးတော့ လဂွန်းအိမ် ကအခုလို လျှောက်တင်သတဲ့။အရှင့်သားတော်၏ ရေနှင့်ကွမ်းကျေးဇူးကို တစ်ပွဲတစ်လမ်းမျှကျွန်ပ် ဆပ်ခွင့်မကြုံတော့ပါ. သို့သော်အရှင့်သားတော်ရဲ့အရေးကို နောင်ရေးအကျိုုး ဖြစ်စေချင်းဌာလျှောက်တင်ပါသည်။မှတ်ယူတော်မူပါ။ လို့ဆိုသတဲ့။ မင်းရဲကျော်စွာ အရေးမထားတာကို သိတော့ လဂွန်းအိမ်က ” ရွေနန်းရှင်သားတော် မမှတ်သားပါကအမတ်များမှတ်ကြကုန်။ နောင်ကိုသူ့ရှှုင်ရာဇာဓိရာဇ်နှင့်ဆင်စီးချင်းလှေစီးချင်း မြင်းစီချင်း ခြေလျှင်ချင်းမတွေ့ ပါလေနှင့်။သူ့ရှင်ရာဇာဓိရာဇ်သည် ဆင်စီးချင်း လှေစီးချင်း မြင်းစီချင်း ခြေလျှင်ချင်းတွင်နဲနဲကောင်းသည်မဟုတ်။ ထို့အပြင် လက်ဝဲလက်ယာဆင်စီးသားသုံးဆယ်တို့ သည်တစ်စိမ်းတရံရှိသည်မဟုတ်ဆွေမျိုးသားချင်းတို့သာဖြစ်ကုန်သည်.။ အကြောက်အလန့်မရှိသောဘီလူးသရဲနှင့်တူကာရန်သူကိုပမာမခန့်ချေမှုန်းနိုင်သည်ချည်းဖြစ် ချေတယ်။ကျနုပ်လျှောက်တာမယုံသော် နောင်တွေ့သောသိချေမည်။ လို့လျှာက်ထားပြီးကွမ်းနဲ့ရေသောက်ခဲ့ရခြင်းအတွက် ကျေးဇူးစကားဆိုတယ်။ ညဘက်အနာသည်း၍ လွန်လေသော် ဖေါင်ဖြင့်မျှောလေသည်လို့မှတ်သားရတယ်။

ဒီစာလေးကို ဖတ်လိုက်ရတဲ့အချိန်မှာ ထပ်ခါတလဲလဲစဉ်းစားမိတာက လဂွန်းအိမ်ဟာ သူ့ကို ဥပါလ်တမျင်နဲ့ လှည့်စားအနိုင်ယူသူကို အပြစ်တင်တဲ့စကားတစ်လုံးမှ ပြောမသွားခဲ့ဘူး။ ရန်သူကျွေးတဲ့ထမင်းကို မစားဘဲ အရှင်တစ်ဦးထဲမှာသာ သေတဲ့အထိသစ္စာတည်တဲ့သူရဲကောင်းစိတ်ဓါတ်ကို ပြခဲ့တယ်။ ရေနဲ့ကွမ်းအတွက် နောက်ဆုံးအကြွေးမကျန်စေချင်ဘဲ…သူတစ်ဦးပျက်စီးမဲ့အရေးကို သတိရှိပြီးမေတ္တာကြီးလှတဲ့နှလုံးသားကို လည်းလှစ်ပြခဲ့တယ်။ တကယ်တော့ ဒါဟာ အာဇာနည်ယော်ကျာၤးတွေ ရဲ့ နှလုံးသားပါကို လှစ်ပြလိုက်တာပါ။မင်းရဲကျော်စွာ အရေးမစိုက်တာသိလို့ အနားက မူးမတ်တွေကို မှတ်သားစေတာ သူဘယ်လောက်တာဝန်ကျေခဲ့လဲ။သူ့အသိ သူ့သတိ ဘယ်လောက်များရှိခဲ့လေသလဲ။ သေအံ့ဆဲအချိန်မှာတောင် သတိဆိုတာ ရှိတယ်။ သွေးရူးသွေးတန်းမဖြစ်ဘဲ သူရဲကောင်းဆိုတာ ဘာလဲ။ သူရဲကောင်းတို့ နှလုံးသားဟာဘာလဲ။ သူရဲကောင်း တစ်ဦးရဲ့ နောက်ဆုံးအချိန်ထိ အသိတရားဘယ်လောက်ရှိတယ်ဘယ်လောက်နှလုံးသားဖြူစင်တာကို သမိုင်းမှာ ပြောခဲ့တာ ဖတ်မိတိုင်းကြက်သီးထလောက်အောင် လေးစားမိတယ်။ တစိမ့်စိမ့်တွေး၊ တငွေ့ငွေ့ပေးတဲ့ သူရဲကောင်း အရသာလို့သာ ဆိုချင်ပါတယ်။ ဒီဥပမာကို ဖတ်မိသူတိုင်း သမိုင်းက အဖြစ်အပျက်တွေကို ချစ်တတ် နားလည်တတ်လာရင်လောကကြီးအတွက် အကျိုးများတဲ့အမြတ်ပါပဲ။ ဒီစာကို ဖတ်ပြီး အားလုံးတစိမ့်စိမ့်တွေးပြီး ခံစားနိုင်ပါစေ။

Credit: မူရင်းရေးသားသူ