Knowledge and News

ထိတာနဲ့ကျောက်ရုပ်ဖြစ်သွားမယ့် ဆန်းကြယ်သောရေကန်နီ

Knowledge

NASA ရဲ့ဂြိုလ်တုကနေ ဖမ်းယူရရှိခဲ့တဲ့ပုံတေအရ အလွန်ကိုဆန်းကြယ်တဲ့ရေကန်နီတစ်ခုကို တွေ့ရှိခဲ့ကြပါတယ်။ရေကန်ရဲ့အရောင်အရ အနီရောင်ဖြစ်နေပြီးတော့ သဘာအလျှောက်ဖြစ်ပေါ်နေတာ မဟုတ်ဘဲနဲ့ chemicalတွေဓာတ်ပြုပြီးဖြစ်ပေါ်လာတယ်လို့ထင်ရနိုင်ပါတယ်။

ဒီရေကန်ရဲ့ဆန်းကြယ်မှုက ဒါတွေတင်မဟုတ်ဘဲ ဒေသခံတွေရဲ့ပြောပြချက်ရအရ ဒီရေကန်နဲ့ ထိတွေ့လိုက်တဲ့အရာတိုင်းဟာ ကျောက်ရုပ်ဖြစ်သွားတယ်လိူ့ပြောကြပါတယ်။ဒါကြောင့် ဒေသခံတွေဟာ အဲ့ရေကန်နားကို မသွားကြပါဘူး။

 

ဒါကြောင့် ဒီရေကန်ကို ဂရိနတ်ဘုရားရဲ့အမည်ကိုအစွဲပြုပြီး မယ်ဒူဇာရဲ့ရေကန်လို့ အမည်မည့်ထားကြတာဖြစ်ပါတယ်။မယ်ဒူဇာရဲ့ဇာတ်လမ်းအကျဉ်းချုပ်ကိုပြောပြရမယ်ဆိုရင် မယ်ဒူဇာဟာ အလွန်လှပတဲ့နတ်ဘုရားမဖြစ်ပြီးတော့

သူနဲ့ မျက်လုံးခြင်းဆုံမိတဲ့သူကို ကျောက်ရုပ်ဖြစ်သွားအောင် လုပ်နိုင်စွမ်းရှိပါတယ်။မယ်ဒူဇာကို သတ်နိုင်ခဲ့တဲ့သူကတော့ နတ်ဘုရားတပိုင်းလူတစ်ပိုင်းဖြစ်တဲ့ ဂရိသူရဲကောင်း ပါးစီးယပ်စ်ဘဲ ဖြစ်ပါတယ်။

သူအကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်တွေလည်း ရှိပါတယ်။ မယ်ဒူဇာရဲ့သွေးတေဟာ အာဖရိကတိုက်ကို စီးဆင်းသွားတယ်လိူ့လည်း ပြောကြပါတယ်။ ဒီရေကန်ဟာ အရင်က အနီရောင်ဖြစ်နေတာ မဟုတ်ခဲ့ပါဘူး။

NASA ရဲ့ဂြိုလ်တုနဲ့ဖမ်းမိပြီး ပြောပြချက်အရကတော့ ဒီရေကန်ဟာ နောက်ပိုင်းမှ အနီရောင်အဖြစ်ကို ပြောင်းသွားခဲ့တာလို့လည်း ပြောထားပါတယ်။

ဘူမိဗေဒပညာရှင်တွေဟာ ဒီရေကန်ကိုလေ့လာခဲ့ကြပြီး ရေကန်ရဲ့ဒဏ္ဏာရီအရ ဒီရေကန်ရဲ့အနီးနားမှာရှိတဲ့သတ္တဝါတေဟာလည်း ကျောက်ရုပ်အဖြစ်ကို ပြောင်းသွားခဲ့ကြတယ်လိူ့လည်း ဆိုထားပါတယ်။

ဒီရေကန်က ရေတွေကိုဓာတ်ခွဲကြည့်တဲ့အခါမှာတော့ ဆိုင်နို Bacteria တော်တော်များများ ပါဝင်နေတယ်လိူ့ဆိုထားပါတယ်။ဒီပိုးတွေကြောင့်ဘဲ ဒီရေကန်ကရေတွေ အနီရောင်ပြောင်းသွားကြတယ်လိူ့ ယုံကြည်နေကြပါတယ်။

သတ္တဝါတွေ ကျောက်အဖြစ်ပြောင်းသွားရခြင်းကိုတော့ အခုချိန်ထိ သိပ္ပွံပညာရှင်တွေ အဖြေရှာမရသေးဘဲနဲ့ ခေါင်းစားနေကြဆဲ ဖြစ်ပါတယ်။

Credit: Original Uploader