Knowledge and News

မျောက်တွေဆောက်ခဲ့တဲ့ရာမတံတား(သို့)အာဒမ်တံတား

History, Knowledge

“မျောက်တွေဆောက်ခဲ့တယ် ဆိုတဲ့  ရာမတံတား (သို့) အာဒမ်တံတား”

ဒီတံတား ဟာ အိန္ဒိယနိုင်ငံ နဲ့ သီရိလင်္ကာနိုင်ငံ အကြားမှာရှိတဲ့ တံတားဖြစ်ပါတယ်။ အိန္ဒိယရဲ့ Tamil Nadu ကျွန်းဆွယ် နဲ့ သိရိလင်္ကာအနောက်မြောက်ပိုင်းက Mannar ကျွန်းတို့ကို ဆက်သွယ်ထားတဲ့တံတားပါ။ ဒီတံတားကို ရာမတံတား လို့ခေါ်တဲ့အပြင် ဟာနုမာန်တံတား ၊ အာဒမ်တံတားလို့လည်းခေါ်ကြပါတယ်။

ရာမ ဆိုတာ အိန္ဒိယရဲ့ ဒဏ္ဍာရီလာ သူရဲကောင်းတစ်ယောက်ဖြစ်ပါတယ်။ (ဟိန္ဒူဘာသာ၀င်တို့ရဲ့ဘုရားဖြစ်ပါတယ်) ရာမရဏဇာတ်ဟာ ကျွန်တော်တို့နိုင်ငံအပြင် အရှေ့တောင်အာရှနိုင်ငံအတော်များများနဲ့ လည်း ရင်းနှီးပါတယ်။ အားလုံးလည်း သိပြီးဖြစ်မှာပါ။

ဒီဇာတ်မှာ မင်းသားရာမ ၊ ဇနီး သီတာဒေဝီ နဲ့ ဒသဂီရိဘီလူးတို့က အဓိကဖြစ်ပါတယ်။ သီတာဒေဝီကို ရာ၀ဏ(ဒသဂီရိဘီလူမင်း) က ဖမ်းသွားတဲ့အချိန်မှာ ရာမမင်း နဲ့ သုဂြိတ်ရဲ့မျောက်စ စ်တပ်ကြီးက ရာ၀ဏရှိရာ သီဟိုဠ်ကျွန်းကို စစ်တိုက်ဖို့ပြင်ပါတယ်။

ဒီလိုပြင်တဲ့နေရာမှာ သီဟိုဠ်ကျွန်းကိုချီတက်နိုင်ဖို့အတွက် အိန္ဒိယနဲ့ သီဟိုဠ်ကျွန်းကို ဖြတ်ပြီး မျောက်စစ်တပ်ကြီးက တံတားထိုးခဲ့ပါတယ်။ တံတားထိုးတဲ့နေရာမှာ ကျောက်တုံးတွေကိုပစ်ချပြီးထိုးခဲ့ခြင်းဖြစ်ပါတယ်။

ကျောက်တုံးတွေမှာ ရာမရဲ့နာမည်ထိုးတဲ့အခါ ရာမရဲ့ဘုန်းတံခိုးကြောင့် ရေမမြုပ်ပါဘူးတဲ့။ နောက်ဆုံးတံတားထိုးပြီးတဲ့အခါ သီဟိုဠ်ကိုချီတက်ပြီး ရာ၀ဏကို သတ်ကာ သီတာဒေဝီကို ပြန်ခေါ်လာနိုင်ခဲ့တယ်လို့ ဇာတ်တော်က ဆိုပါတယ်။

ရာမ သီဟိုဠ်ဘက်ကိုချီတက်ဖို့ မျောက်တွေထိုးခဲ့တဲ့ တံတားကို ရာမ တံတားလို့ခေါ်ပါတယ်။ ၃၀မိုင် ရှည်လျားပြီး အချို့အစိတ်အပိုင်းတွေသာ ကျန်ရှိတော့ပါတယ်။ ဒီတံတားဟာ ၁၅ရာစုမှာ ပြင်းထန်တဲ့မုန်တိုင်း မတိုက်ခံရမီအချိန်အထိ ဖြတ်သန်းသွားလာလို့ ရခဲ့သေးတယ်လို့ သိရပါတယ်။ နာဆာက ရိုက်ယူခဲ့တဲ့ဓာတ်ပုံတွေမှာ ဒီတံတားရှိနေတာကို တွေ့နိုင်ပါတယ်။

အများစုကတော့ ဇာတ်တော်ထဲကအတိုင်း တကယ်ပဲမျောက်တွေထိုးခဲ့တယ်လို့ ယုံကြည်ကြပေမယ့် တချို့ကတော့ မျောက်နဲ့ ပုံစံတူတဲ့ လူမျိုးတွေတည်ဆောက်ခဲ့တဲ့ တံတားလို့ယုံကြည်ကြပါတယ်။ အိန္ဒိယရဲ့ ရှေးဟောင်းနံရံထွင်းပန်းချီတွေမှာလည်း ဒီတံတားကိုမျောက်တွေက တည်ဆောက်ခဲ့တဲ့ပုံစံတွေ ထွင်းထုထားတာကိုလည်း တွေ့ရတတ်ပါတယ်။ ဟာနုမာန်မြောက်မင်းက ဦးဆောင်တည်ဆောက်ခဲ့တဲ့အတွက် ဟာနုမာန်တံတားလို့လည်းခေါ်ပါတယ်။

ခရစ်ယာန်တွေရဲ့ ကျမ်းစာထဲမှာ တော့ ဘုရားသခင်ဟာ အာဒမ်ကို နှင်ထုတ်လိုက်တဲ့အခါ အာဒမ်ဟာ ဒီတံတားကိုဖြတ်ပြီး သီရိလင်္ကာကနေ အိန္ဒိယကိုသွားခဲ့တဲ့အတွက် အာဒမ်တံတားလို့လည်း ခေါ်ကြပါတယ်။

တကယ်လို့မျောက်တွေမဆောက်ခဲ့ဖူးဆိုရင်လည်း နှစ်ထောင်ပေါင်းများစွာက တည်ရှိခဲ့တဲ့ဒီတံတားကို ဘယ်လိုလူတွေက ဘယ်လိုနည်းပညာတွေနဲ့ တည်ဆောက်ခဲ့ပါသလဲ ဆိုတာကတော့ အံသြဖွယ်ပုစ္ဆာတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

(ကိုယ်တိုင်လည်း Google map / Google earth တွေနဲ့ အိန္ဒိယနဲ့ သိရလင်္ကာနိုင်ငံရဲ့ အကြားမှာ ဒီတံတားကိုရှာကြည့်လို့ရပါတယ်။ Google map မှာတော့ Adam’s Bridge လို့ပြထားပါလိမ့်မယ်။

Crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်