Knowledge and News

လူချစ်လူခင်များတဲ့သူတွေ လုပ်လေ့ရှိတဲ့အမူအကျင့်များ

Knowledge

(၁) ဖြတ်မပြောဘဲနားထောင်ခြင်း

သူတို့တွေက သင်စကားပြောနေရင် ဘယ်တော့မှဖြတ်ပြောလေ့မရှိပါဘူး။ သင့်ခံစားချက်တွေကို အမှန်တကယ်စိတ်ရင်းနဲ့ သေသေချာချာကို နားထောင်ပါတယ်။ သင့်ပြောတာကို စိတ်ရှည်ရှည်နဲ့ ပြီးဆုံးတဲ့အထိနားထောင်လေ့ရှိပါတယ်။

(၂) လှိုက်လှိုက်လှဲလှဲပြုံးလေ့ရှိခြင်း

လှိုက်လှိုက်လှဲလှဲပြုံးပြခြင်းက လူသားအားလုံးကိုနွေးထွေးစေပါတယ်။ဒါကို သူတို့က ကောင်းကောင်းကြီးသဘောပေါက်တဲ့အပြင် အသုံးလည်းအသုံးချတတ်ပါတယ်။

(၃) အမိန့်ပေးသောပုံစံဖြင့်စကားမပြောခြင်း

သူတို့ကဘယ်တော့မှ အမိန့်ပေးတဲ့ပုံစံနဲ့စကားပြောလေ့မရှိပါဘူး။ သူများလည်းပြန်ပြောလို့ရအောင် လမ်းခင်းပေးထားပါတယ်။ သူတို့ရဲ့အသံကိုက နွေးထွေးမှုရှိပါတယ်။

(၄) ရယူလိုခြင်းမရှိဘဲပေးကမ်းခြင်း

သူတို့က ဘယ်လိုတုံ့ပြန်မှုမျိုးကိုမှ မမျှော်လင့်ပဲ ပေးကမ်းတတ်ကြပါတယ်။

(၅) ဆင်ခြေမများဘဲပျော်ရွှင်စွာနေထိုင်တတ်ခြင်း

သူတို့က မလိုအပ်တဲ့အကြောင်းပြချက်တွေ ပေးလေ့မရှိပါဘူး။ သူတို့ဘယ်လိုပျော်ရွှင်အောင်နေရမလဲ ဆိုတာကိုပဲ ဂရုစိုက်ပါတယ်။ ဆင်ခြေတွေအများကြီးနဲ့ ပတ်၀န်းကျင်ကို စိတ်အနှောက်အယှက် မပေးတတ်ပါဘူး။

(၆) ကတိမမေ့တတ်ခြင်း

သူတို့က ဘယ်တော့မှကတိကိုမမေ့တတ်ပါဘူး။ ကတိထိန်းသိမ်းခြင်းကို သူတို့ဘ၀ရဲ့အရေးအကြီးဆုံးအရာအဖြစ်ခံယူထားပါတယ်။ မပိုင်နိုင်ပဲလည်း ကတိပေးလေ့မရှိပါဘူး။ပေးပြီးသားကတိလည်းပျက်လေ့မရှိပါဘူး။

(၇) ခွင့်လွှတ်တတ်ခြင်း

သူတို့က စိတ်အနှောက်အယှက်ဖြစ်စရာများကိုဘယ်တော့မှ စိတ်ထဲအကြာကြီးထားလေ့မရှိပါဘူး။ သူတို့ပေါ်အမှားလုပ်သူတွေကိုလည်း အလွယ်တကူခွင့်လွှတ်တတ်ပါတယ်။ စိတ်ကောက်ခြင်းမရှိတတ်ပါဘူး။

(၈) ရိုးသားခြင်း

သူတို့က စကားအမှန်ကိုပဲပြောလေ့ရှိပါတယ်။ဘယ်တော့မှမဟုတ်မမှန်လုပ်ကြံစကားမျိုးမပြောတတ်ပါဘူး။ သူတစ်ပါးထိခိုက်မည့် စကားမျိုးကိုဘယ်တော့မှပြောလေ့မရှိပါဘူး။

(၉) အကောင်းမြင်တတ်ခြင်း

သူတို့က အကောင်းမြင်လေ့ရှိတတ်ကြပါတယ်။ သူတို့က သင့်အတွက်ဆိုးရွားတယ်လို့ထင်ရတဲ့အရာတွေကိုတောင် အကောင်းမြင်လေ့ရှိပါတယ်။

Credit – Original Writer