Knowledge and News

6G ဆက်သွယ်ရေးဝန်ဆောင်မှုကို 2026 ခုနှစ်မှာစတင်တော့မယ့် တောင်ကိုရီးယား

Sciences & technology

တောင်ကိုရီးယားဟာ ၂၀၁၉ ခုနှစ်မှာ 5G ကို စီးပွားဖြစ် ဝန်ဆောင်မှု ပေးခြင်းဖြင့် 5G နည်းပညာကို ဦးဆောင်ခဲ့ပါတယ်။အခုဆိုရင် ကမ္ဘာမှာ 5G ပေါ်လာတာ ၃ နှစ်ရှိပြီ ဖြစ်ပေမယ့် ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ 5G ကို မသုံးနိုင်သေးပါဘူး။ဒါပေမယ့်လည်း တောင်ကိုရီးယားဟာ 6G နည်းပညာကို ရှေ့တန်းက ဦးဆောင်ဖို့ ကြိုးစားနေပါတယ်။

တောင်ကိုရီးယား အစိုးရဟာ 6G ဆက်သွယ်ရေး နမူနာကို ၂၀၂၆ ခုနှစ်မှာ ဝန်ဆောင်မှုပေးမှာ ဖြစ်ပြီး ၂၀၂၈ ခုနှစ်ကနေ ၂၀၃၀ ခုနှစ်အတွင်း စီးပွားဖြစ် ဝန်ဆောင်မှုပေးဖို့ ရည်မှန်းထားပါတယ်။ 6G ရဲ့ အဓိက စွမ်းရည် ၁ ခုက Latency လုံးဝ မရှိတာ ဖြစ်ပြီး စောင့်ဆိုင်းစရာ မလိုတဲ့ မြန်နှုန်းမြင့် အင်တာနက်ကို သုံးနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ တောင်ကိုရီးယားရဲ့ 6G စီမံကိန်းနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက် အသေးစိတ်ကို မသိရသေးပါဘူး။ တောင်ကိုရီးယား အပြင် တရုတ်ကလည်း 6G ဝန်ဆောင်မှုကို ၂၀၃၀ ခုနှစ်မှာ ပေးဖို့ ကြိုးစားနေပြီး အိန္ဒိယကလည်း လာမယ့် ၂ နှစ်၊ ၃ နှစ်အတွင်း 6G ဝန်ဆောင်မှုပေးမယ်လို့ ကြုံးဝါးထားပါတယ်။

Credit: Original Uploader