Knowledge and News

ထူးဆန်းတဲ့ရေအောက်မြို့တော်ကြီး

Knowledge, Travel

ဂျပန်နိုင်ငံမှာ ရှိတဲ့ Yonaguni Jima ရှေးဟောင်း ရေအောက်မြို့တော်ကြီးက‌တော့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် ဆွဲဆောင်ထားရာ နေရာတစ်ခုဖြစ်ပါတယ်။

 

အဆိုပါ ရေအောက်မြို့တော် Yonaguni Jima ဟာ ထိုင်ဝမ်အရှေ့ဘက်ကမ်းရိုးတန်းမှ ၇၅ မိုင် (၁၂၀ ကီလိုမီတာ) ခန့်အကွာ ဂျပန် Ryukyu ကျွန်းစုရဲ့ တောင်ဘက်စွန်းအနီးမှာ တည်ရှိတာပါ။

အဆိုပါမြို့‌တော်ဟာ အနက် ၂၅ မီတာ [၈၂ ပေ] ကနေ တက်လာတဲ့ စတုဂံပုံ ပိရမစ်ကဲ့သို့သော အထိမ်းအမှတ် အဆောက်အအုံကြီးဖြစ်ပြီး တွေ့ရှိထားတဲ့ စုစုပေါင်း မြို့အပျက်အစီးများဟာ ၉၈၄ ပေ နှင့် ၄၉၂ ပေ ( ၃၀၀ မီတာ နှင့် ၁၅၀ မီတာ ) အထိကျယ်ဝန်းပါတယ်။

အဆောက်အအုံထဲမှာလည်း ခေတ်မှီတဲ့ ယဉ်ကျေးမှုများပါဝင်တဲ့ ရဲတိုက်အပျက်အစီးများ၊ အောင်ပွဲခံမုခ်ဦးတစ်ခု၊ ဘုရားကျောင်းငါးခုနှင့် အနည်းဆုံး အားကစားကွင်းကြီးတစ်ခု ပါဝင်ပါတယ်။

အဆောက်အအုံအားလုံးရဲ့ လမ်းများကတော့ ရေလမ်းကြောင်းများကို အဓိက ဆယ်သွယ်ဖောက်ထားပြီး ကြီးမားတဲ့ နံရံများရှိတာ တွေ့ရပါတယ်။ ဒီအဆောက်အအုံကြီးကို ၁၉၈၆ ခုနှစ်မှာ ဒေသခံရေငုပ်သမားတစ်ဦးက ပထမဆုံးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ပညာရှင်များကတာ့ အဲ့ဒီ ရှေးဟောင်း အဆောက်အအုံကြီးက နှစ်ပေါင်း ၅၀၀၀ သက်တမ်းရှိပြီး ဒါဟာ အရင်က မြို့တစ်မြို့ရဲ့ အကြွင်းအကျန်တွေလို့ ယုံကြည်ထားကြတာပါ။တချို့ကတော့ ဒီရှေးခေတ်မြို့တော်ကြီးဟာ ငလျင်လှုပ်ခတ်ပြီး ဆူနာမီလှိုင်းလုံးကြီးအောက်ပျောက်ကွယ်သွားကြောင်း ပြောဆိုကြတာတွေလည်း ရှိပါတယ်။

အဲ့ဒီမြို့ကြီးကို ဘီစီ ၁၂၀၀၀ အစောပိုင်းက အဆိုပါကျွန်းပေါ်မှာ နေထိုင်ခဲ့ကြတဲ့ Jomon လူမျိုးများက တည်ဆောက်ထားတာလို့ ပညာရှင်များက ယူဆထားကြပါတယ်။

လက်ရှိမှာ ဂျပန် အဆိုးရက အဆိုပါ ရှေးဟောင်း အဆောက်အအုံကြီးတွေရှိတဲ့ ကျွန်းမှာ ခရီးသွားများနှင့် သုတေသီများကို လွတ်လပ်စွာ လေ့လာခွင့်ပြုထားခဲ့ပါတယ်။

မူရင်းရေးသူအား လေးစားစွာ Creditပေးပါသည်။