Knowledge and News

မြန်မာအက္ခရာ ဘယ်ကစ

History, Knowledge

အရှေ့တောင်အာရှ (မြန်မာ၊ ထိုင်း ၊ ကမ္ဘောဒီးယား ၊ ဂျာဗား စသည့်) အရှေ့တောင်အာရှ အက္ခရာတို့သည် ပလ္လ၀ အက္ခရာပေါ်တွင် အခြေခံသည်။ ပလ္လ၀ မင်းဆက်သည် ၃ ရာစုမှ ၉ ရာစု အတွင်း အိန္ဒိယနိုင်ငံတောင်ပိုင်း ဒေသအတော်တော်များများကို အုပ်စိုးခဲ့သည်။ အေဒီ ရာစုနှစ်အစောပိုင်းကာလက ဗုဒ္ဓအယူဝါဒသည် အိန္ဒိယတောင်ပိုင်းမှ တစ်ဆင့် ယခု မြန်မာပြည် တည်ရှိနေရာသို့ စတင်ပျံ့နှံ့လာခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ပလ္လ၀ အက္ခရာသည်လည်း အေဒီ သုံးရာစု မောရိယဘုရင် အသောကမင်းကြီး လက်ထက် အသုံးပြုခဲ့သော ဗြဟ္မီအက္ခရာမှ ဆင်းသက်လာခြင်းဖြစ်သည်။ (မူရင်းကို အဆုံးစွန်လိုက်လျှင် အာရမိတ် ဘာသာစကားနှင့် ဖီနီရှန်ဘာသာစကားတို့မှ ဆင်းသက်လာသည်။) ၁၁ ရာစုတွင် (ထိုထက် ပိုစောနိုင်ပါသည်) မြန်မာစာ အရေးအသား စတင်ပေါ်ထွန်းလာခဲ့သည်။ (ပလ္လဝအက္ခရာကိုပင် အခြေခံသော) မွန်နှင့်ပျူ အက္ခရာတို့က ပို၍ရှေးကျသည်။ မြန်မာအက္ခရာမှာ မွန်အက္ခရာ သို့မဟုတ် ပျူအက္ခရာ (သို့မဟုတ် နှစ်ခုလုံးကို) အမွေခံပြီး ပြုပြင်ပြောင်းလဲယူထားခြင်း ဖြစ်သည်။

Credit: https://lostfootsteps.org