Knowledge and News

မီးပုံးပျံဦးကျော်ရင်

History, Knowledge

အင်္ဂလိပ်က မြန်မာကို ကျွန်ပြုအုပ်ချုပ်ခဲ့ချိန် မြန်မာတို့သည် ဇာတိသွေး ဇာတိမာန်ကို ရသည့် နည်းဖြင့် အောက်ကျမခံ ပြသတုန့်ပြန်ခဲ့ကြသည်။

ထိုအထဲတွင် ဦးကျော်ရင်လည်းပါသည်။ ခုခေတ်လူငယ်တို့ သိသူအတော်နည်းလိမ့်မည်။

ဘိုးယင်းလေယာဉ်ကုမ္ပဏီဒီဇိုင်းဆရာ ၁၉၀၅ ခုနှစ်လောက်တွင် ဗြိတိသျှလေယာဉ်များ ခဏဏ ပျက်ကျ၍ လူတွေသေသည့် သတင်းကို ခဏဏ ဖတ်ရှု့ရ၍ ဦးကျော်ရင်က ပုံများဆွဲ၍ ခရီးသည်ရော လေယာဉ်မှုးပါ အသက်မသေသည့် နည်းလမ်းများကို ထုတ်ဆွဲခဲ့ရာမှ

တစတစ လူသိများ လာခဲ့ရာ သူရိယ သတင်းစာမှာ သူ့အကြောင်းပါလာခဲ့ပြီး မြန်မာပြည် ဘုရင်ခံမှတဆင့် ဘိုးယင်းလေယာဉ် ကုမ္ပဏီက လေယာဉ်ဒီဇိုင်းများ ဆွဲပေးပါရန် ဆက်သွယ်လာခဲ့တယ်။

မနာလိုစိတ်ပေါတာလူမျိုးတိုင်းမှာရှိ ဒုတိယကမ္ဘာစစ်ကြီးဖြစ်တော့ ဦးကျော်ရင်နဲ့ ဘိုးယင်းလေယာဉ်ကုမ္ပဏီ အဆက်အသွယ်ပြတ် တောက်သွားခဲ့ရာ မြန်မာ့အလင်း သတင်းစာတွင် စောင်းပါးရှင်တစ်ဦးက

“ထားဝယ်မှ မောင်ကျော်ရင် ဆိုသူတစ်ဦးသည် လေယာဉ်လုပ်တတ်သည်ဟု ကြွားဝါခဲ့ပြီးမှ ယခု အခါ သေသလား ရှင်သလားမသိ တိမ်မြုတ်သွား လေပြီ” ဟု ထေ့ငေါ့ငေ့ါ့နှင့် ရေးလိုက်ရာ ဦးကျော်ရင်က မခံချင်စိတ်ဖြင့် “လေယာဉ်လုပ်တတ်တယ်လည်းမကြွားဖူးဘူး။

စက်တပ်လေယာဉ်တွေ ပျက်ကျတဲ့အခါ တခါထဲ ထိုးကျမသွားအောင် နည်းလမ်းကိုသာရေးခဲ့တယ်။ သူ့ကျွန်ဘဝမှာ မြန်မာချင်းအထင်သေးတာဝမ်းနည်း စရာ။

ငါမသေသေးဘူး။ ဒို့မြန်မာတွေအစွမ်းကို မင်း စောင့်ကြည့်လိုက်ပါညီလေး” ဟု သူရိယသတင်းစာမှ ပြန်လည်ချေပခဲ့ပြီး

ဦးကျော်ရင်ဘာကြောင့်မီးပုံးပျံစီး အဖက်ဖက်က စနစ်တကျ သေခြာစဉ်းစားတွက် ချက်ပြီး သူရဲ့တည်ထွင်မှု့ကို ချပြရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း

တဖက်တွင် ကျောင်းဆရာ အလုပ်နှင့်မို့ အချိန်ကမရ ဖြစ်ရာ အသက် (၅၅)နှစ် တွင် ကျောင်းဆရာ အလုပ်မှ နှုတ်ထွက်ခဲ့သည်။

ထို့နောက် ပျဉ်းမနားမှ ထားဝယ်ခရိုင် ဇာတိရွာ ဖြစ်သော ပန်းတလဲရွာသို့သွား၍ အတောင်(၈၀) ပိတ်အုတ် (၂၄) အုပ်ဖြင့် မီးပုံးပျံကိုစတင် ပြုလုပ် ခဲ့သည်။

သူလုပ်သောမီးပုံးပျံမှာ အမြင့် အတောင်(၃၀) လုံးပတ် အတောင် (၁၀၀).ခန့်ရှိသည်။

သူစမ်းသပ်ပြုလုက်ချိန် သတင်းပေါက်ကြား သွားလို့ ထားဝယ်အရေးပိုင်မင်းက ဦးကျော်ရင် အား အကြိမ်ကြိမ် သတိပေးတာမြစ်ခဲ့၍ လွတ် လွတ်လပ်လပ် စမ်းသပ်ပြုလုပ်ခွင့်မရခဲ့ပေ။

တိုင်းမင်းကြီးထံ ခွင့်တောင်းသော်လည်း ခွင့်မပြု၍ မြန်မာပြည် ဘုရင်ခံချုပ်အထိ ခွင့်တောင်းမှ ခွင့်ပြုချက်ရရှိခဲ့ပါတယ်။ သို့ဖြင့် ၁၉၂၉ ခုနှစ်တွင် စတင်လေ့ကျင့် ပျံသန်းခွင့်ရရှိခဲ့သည်။

ဦးကျော်ရင်ရဲ့ သတင်းဟာ မြန်မာပြည်ပါမက အင်္ဂလန်ထိပေါက်ကြားခဲ့ပြီး ၁၉၃၀ ပြည့်နှစ် မှာ National Sporting Club အသင်းကြီး၏ Sponsor ဖြင့် ကန်တော်ကြီးမှာ စတင်ပျံသန်း ပြခဲ့ပါတယ်။

စွမ်းဦးတည်ထွင်သူနှင့်အန္တရာယ် ကနဦးစတင် စီးပြရာမှာ သစ်ပင်သစ်ကိုင်းတွေ နဲ့တိုက်လို့ ဒဏ်ရာရခဲ့ပါတယ်။

အနာပျောက် တဲ့ အခါထပ်မံစီးပြခဲ့ပါတယ်။ ကန်တော်ကြီးအလယ်ကျွန်းမှာ သုံးကြိမ်တိတိ စီးပြခဲ့ပါသေးတယ်။

ဦးကျော်ရင်ဟာ မီးပုံးပျံစီးပြရုံဆို ယခုလောက် အန္တရာယ်မများသော်လည်း မီးပုံးပျံစီးရင်း လူက အငြိမ်မနေ ဂျွမ်းဘာများ စီးပြခဲ့ခြင်းကြောင့် အန္တရာယ်များနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

၁၉၃၀ ခုနှစ်ထဲမှာ မီးပုံးပျံကို (၅၅) ကြိမ်စီးပြ ခဲ့ပြီး ရရှိသော အမြတ်ငွေဟူသမျှကို မြို့မကျောင်း ရံပုံငွေအတွက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

၁၉၃၁ ခုနှစ်တွင် အင်္ဂလန်သို့ မီးပုံပျံစီးပြီး ဖျော်ဖြေရန်ဖိတ်ခေါ်ခံခဲ့ရသော်လည်း ဒဏ်ရာကြောင့် ခရီးစဉ်ဖျက်သိမ်းခဲ့ရပါတယ်။

လေးစားအားကျစရာမြန်မာ မြန်မာဟူသည် ကျွန်မဟုတ် ကျွန်စိတ်မရှိ သခင်စိတ် ဆရာစိတ်ရှိသည် တိုင်းပြည်နှင့်လူမျိုးကိုချစ်သည် ကမ္ဘာ့ထိပ်တန်းလေယာဉ်ကုမ္ပဏီကတောင် ဆရာတင်ရသည်။ ဒါက လွန်ခဲ့တဲ့နှစ်ပေါင်း (၁၀၀) ကျော်ကဖြစ်သည်။

ယနေ့မြန်မာကျွန်စိတ်တွေနဲ့ ယနေ့ခေတ်ပညာတိုးတက်သလောက် မြန်မာတွေ တည်ထွင်ကြံဆမှု့နည်းသည်။ နိုင်ငံခြားကို အတုခိုး၍ အထင်ကြီးပြီး ကျွန်စိတ် ပေါက်သူများသည်။

တည်ထွင်မှုကိုအားပေးသော်လည်း ထူးထူးချွန်ချွန် မရပ်တည်နိုင်ကြသလို အချို့က တည်ထွင်မှု့ အပိုင်းက ယနေ့ခေတ်ကို မယှဉ်နိုင်ဖြစ်နေသေးသည်။

အချို့ကတည်ထွင်သည် ဈေးကောင်းရက ရောင်း စားဖို့ကြံသည်။ နိုင်ငံနှင့်လူမျိုးအတွက်မဟုတ်။

တခါတလေ မိမိတီထွင်သော နည်းပညာဖြင့် မိမိနိုင်ငံနှင့်လူမျိုးကို အန္တရာယ်မပြုဖို့တော့ အထူးသတိပေးချင်သည်။

ဤစာစုဖြင့် ယနေ့မြန်မာလူငယ်တွေ တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် တည်ထွင်ကြံဆ၍ ဖြစ်ဖြစ် မြောက်မြောက် မြန်မာမှု့ပြုစေရန်တိုက်တွန်း လိုက်ရပါသည်။

သူ့အကြောင်းအကျဉ်းချုပ်

အမည် = ဦးကျော်ရင်

မွေးသက္ကရာဇ်= 15th – Jan 1873

ဇာတိ= ပန်းတလဲရွာ။ လောင်းလုံမြို့နယ်။ ထားဝယ်ခရိုင်

အလုပ်အကိုင်= အထက ကျောင်းဆရာ (Retd)

ဇနီးအမည်= ဒေါ်မမ

သားသမီးအမည်= ဦးကျော်လင်း ။ ဦးကျော်ဆန်း

သေဆုံးသည့်ရက်စွဲ = 3rd April 1939

အသက် = ၆၆ ။

Credit: Thutazone