Knowledge and News

ခရီးဝေးထွက်ရင်စစ်ဆေးသင့်တဲ့ကားအစိတ်အပိုင်းများ

Knowledge

ကိုယ့်ကားနဲ့ကိုယ် ခရီးဝေးထွက်တော့မယ်ဆိုရင် ခရီးမထွက်ခင် ကြိုတင်စစ်ဆေးရမယ့် ကားနဲ့ ပတ်သက်တဲ့ အစိတ်အပိုင်းများကို ဗဟု သုတအဖြစ် မျှဝေပေးလိုက်ပါတယ်။

စစ်ဆေးသင့်တဲ့ အစိတ်အပိုင်းတွေကတော့ (၁) ပန်ကာကြိုး (Fan Belt)၊ (၂) တိုင်မင်ဘတ်ကြိုး (Timing Belt)၊ (၃) ဘရိတ်ဆီ (Brake Fluid)၊ (၄) အင်ဂျင်ဝိုင် (Engine Oil)၊(၅) အင်ဂျင်ကူးလန့် (Engine Coolant)၊ (၆) ဂီယာဝိုင် (Gear Oil)၊ (၇) ပါဝါစတီယာရင်ဆီ (Power Steering Fluid)၊ (၈) ဘရိတ်ရှုးနှင့် ဘရိတ်ပတ် (Brake Shoe and Brake Pad)၊(၉) ဝိုက်ဘာနှင့် ဝိုက်ဘာရည် (Wiper & Washer Fluid)၊ (၁၀) ဟွန်း (Horn)၊ (၁၁) အောက်ပိုင်းနှင့် အလိုင်းမင့် (Suspension & Wheel Alignment) တို့ပဲဖြစ်ပါတယ်။

ဒီအစိတ်အပိုင်းတွေကို သေချာစစ်ဆေးပြီး လိုအပ်ပါက လဲပေးသင့်တာဖြစ်ပါတယ်။ ဒါအပြင် အင်ဂျင်လေစစ်နှင့် ကားတာယာကိုလည်း စစ်ဆေးသင့်ပါတယ်။ တာယာသက်တမ်းက အများဆုံး ၆ နှစ်ဆိုပေမယ့် ၄ နှစ်အထက်ဆိုရင် စိတ်မချရတော့ပါဘူး။

တာယာလေပေါင်ကိုလည်း သတ်မှတ်ချက်အတိုင်း ချိန်ညှိပေးဖို့လည်းလိုအပ်ပါတယ်။ တာယာလေပေါင်နည်းပါက တာယာပွန်းစားမှုဖြစ်နိူင်သလို တာယာပွင့်ထွက်မှုဖြင့် ဖြစ်နိူင်ပါတယ်။လမ်းခရီးရောက်မှ တစ်စုံတစ်ခု ပျက်စီးမှု၊ ချို့ယွင်းမှုဖြစ်လာပါက သွားတဲ့ခရီးနှောင့်နှေးသလို အန္တရာယ်လည်း များပါတယ်။ တောင်ကုန်းတောင်တက်လမ်းများမှာ အကယ်၍ အင်ဂျင်ထိုးရပ်သွားပါကကြီးမားတဲ့ အန္တရာယ်တွေ ကြုံတွေ့နိူင်ပါတယ်။ဒါကြောင့် စာဖတ်သူ မိတ်ဆွေတို့အနေနဲ့ ခရီးမထွက်ခင်မှာ လိုအပ်တဲ့ စစ်ဆေးမှုများကို ကြိုတင်ပြုလုပ်သင့်ပါတယ်။

ကားလောက အသုံးအနှုန်းတခုဖြစ်တဲ့ ခရီးမထွက်ခင် ဆီ၊ ရေ၊ လေ၊ ဝိုင် စစ်ဆေးပါ ဆိုတဲ့အတိုင်း ကြိုတင်စစ်ဆေးသင့်တာဖြစ်ပါတယ်။ ဒါမှသာ လမ်းခရီးမှာ ခရီးမဖင့်ပဲ လိုရာကို စိတ်ချမ်းသာအန္တရာယ်ကင်းကင်းနဲ့ ရောက်ရှိနိုင်မှာဖြစ်ပါတယ်။ ခရီးသွားအားလုံး စိတ်ချမ်းသား ကိုယ်ကျန်းမာရှိကြပါစေ..။

Credit – မူရင်းရေးသူ