Knowledge and News

ကမ္ဘာကြီးရဲ့အနက်ရှိုင်းဆုံးဂူ

Knowledge

သြစတြေးလျရဲ့ အနက်ရှိုင်းဆုံး လှိုဏ်ဂူအသစ်ကို ကိုရိုနာဗိုင်းရပ်မျိုးကွဲတစ်ခုထွက်ပေါ်လာပြီးနောက် တွေ့ရှိရသောကြောင့် ၄င်းမျိုးကွဲအမည်ကိုပေးခဲ့ကြပါတယ်။ ဒီဂူဟာ ကမ္ဘာမြေကြီးရဲ့ အနက်ရှိုင်းဆုံး ဒေသအထိကိုတောင်ခေါ်ဆောင်သွားနိုင်တာကြောင့် လတ်တလောမှာ ရေပန်းစားလို့နေပါတယ်။

စူးစမ်းလေ့လာသူများဟာ ဇူလိုင်လ (၃၀) ရက်နေ့က သြစတြေးလျနိုင်ငံရဲ့ အနက်ရှိုင်းဆုံးလိုဏ်ဂူစနစ်အား ဖြတ်သွားကာ နောက်ဆုံးမှာတော့ တွားသွားရတဲ့အထိဂူပေါက်ရဲ့ မရောက်ဘူးသေးတဲ့ နေရာတွေကို ရောက်ရှိသွားခဲ့ပြီး ဂူအနက်ရဲ့ စံချိန်သစ်ကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

သြစတြေးလျနိုင်ငံ၊ Hobart အခြေစိုက် Southern Tasmanian Caverneers မှ ဂူများဟာ သြစတြေးလျပြည်မကြီးရဲ့ တောင်ဘက် Tasmania ရှိ ၁,၃၁၆ ပေ (၄၀၁ မီတာ) အနက်ရှိတဲ့ ဂူအထိဖြတ်သွားခဲ့ပါတယ်။

ဂူကိုပထမဆုံး ရှာဖွေတွေ့ရှိပြီး လေ့လာရေးခရီးကိုစီစဥ်ခဲ့သူ Stephen Fordyce ကတော့ လက်ရှိဖြစ်ရပ်များကို သတိပေးရန်အတွက် မြစ်ဝကျွန်းပေါ်ဒေသမျိုးကွဲပြီးနောက် ပေါ်ပေါက်လာခဲ့တာကြောင့် ဂူကို “Delta Variant” လို့ခေါ်တွင်ခဲ့ကြောင်း Southern Tasmanian Caverneers မှ ထုတ်ပြန်တဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။

စူးစမ်းသူတွေဟာ အမြင့် ၅၃၅ ပေ (၁၆၃ မီတာ) ရှိတဲ့ ရေတံခွန်များပါဝင်နေတဲ့ မြေအောက်လမ်းကြောင်းကို (၁၄) နာရီအကြာ ဖြတ်သန်းခဲ့ပါတယ်။

“လှိုဏ်ဂူကို စူးစမ်းရှာဖွေခြင်းက အလွန်ပြင်းထန်တယ်” လို့ ဂူတူးဖော်မှုမှာ ပါဝင်ခဲ့တဲ့ Ben Armstrong က ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ ပြောပြချက်အရ ဂူရဲ့ပုံဟာလွန်စွာမှကို ဒေါင်လိုက်ပုံဖြစ်နေပြီး မီတာရာနဲ့ချီ တူးဖော်ပြီး ကြိုးအကူတွေနဲ့ဆင်းဖို့လိုအပ်ခဲ့တယ်လို့ သိရပါတယ်။

Delta Variant လှိုဏ်ဂူရဲ့ အောက်ခြေက Niggly-Growling Swallet လှိုဏ်ဂူစနစ်လို့ခေါ်တဲ့ ယခင်စူးစမ်းလေ့လာထားသည့်စနစ်နှင့် ချိတ်ဆက်ထားပါတယ်။

သို့သော်လည်း Delta Variant ဂူဝင်ပေါက်ဟာ ယခင်သိထားတဲ့ အမြင့်ဆုံးဝင်ပေါက်ထက် မျက်နှာပြင်ပေါ်မှာ ၁၃ ပေ (၄ မီတာ) ခန့် ပိုမြင့်နေတာကြောင့် အဖွဲ့ရဲ့ဂူလမ်းကြောင်းအသစ်ဟာ အနိမ့်ဆုံးနေရာသို့ အမြင့်ဆုံးဝင်ပေါက်အဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စူးစမ်းရှာဖွေသူများဟာ သြစတြေးလျအတွက် စံချိန်သစ်တင်ထားသော်လည်း ကမ္ဘာပေါ်က အနက်ရှိုင်းဆုံးလှိုဏ်ဂူလို့ လူသိများတဲ့ ဂူဟာ ကော့ကေးဆပ်ပြည်နယ်၊ ဂျော်ဂျီယာနိုင်ငံ အနောက်မြောက်ပိုင်းရှိ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ သမ္မတနိုင်ငံ Abkhazia က Veryovkina လှိုဏ်ဂူဖြစ်ပြီး အနက် ၇,၂၅၇ ပေ( ၂,၂၁၂ မီတာ) ရှိကြောင်း ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းများအရ သိရပါတယ်။

စူးစမ်းလေ့လာသူများဟာ Delta Variant ဂူရဲ့အနေအထားနဲ့ Niggly-Growling Swallet တို့ မည်သို့ချိတ်ဆက်သည်ကို လေ့လာရန် ဂူစနစ်အတွင်း လေဆာရောင်ခြည်နှင့် ဆိုးဆေးခြေရာခံခြင်းနည်းပညာများကို အသုံးပြုခဲ့ပါတယ်။ (၆) လတာ ကာလအတွင်း လှိုဏ်ဂူအတွင်း အဆင့်ဆင့် စူးစမ်းလေ့လာခဲ့ကြပြီး ကြိုးများပြုပြင်ပေးခဲ့ကြပါတယ်။

ကျွမ်းကျင်သူတစ်ဦးရဲ့ အဆိုအရ ဒီဂူဟာ တောင်ကို ပြောင်းပြန်တက်နေရသလိုပါပဲလို့ဆိုခဲ့ပြီး ခရီးစဥ်တိုင်း သယ်နိုင်သလောက် ကြိုးတွေယူထားပြီး ဘေးပတ်လမ်းတွေကို ရှာဖွေရင်းနဲ့ အောက်ဆင်းတူးဖော်ကာ တဖန်ကြိုးတွေသယ်ဖို့ပြန်တက်ရပါတယ်။ နောက်ခရီးစဥ်မှာ ကြိုးပိုယူလာပြီး အနက်ပေဟာလည်း နည်းနည်းပိုသွားပါမယ်လို့ ဆိုခဲ့ပါတယ်။

တကယ်တော့ ဂူပေါက်တွေက ဆယ်စုနှစ်နဲ့ချီပြီး သက်တမ်းရှိနေပါပြီ။ ဂူအတွင်းက ပထဝီမြေ အခြေအနေကလည်း ရှည်လျားပြီး မတ်စောက်တဲ့ ချောက်ကမ်းပါးတစ်ခုလိုဖြစ်ပြီး အသက်အန္တရာယ်ရှိတာကြောင့် ဘယ်သူမှလည်း တူးဖော်ဖို့ မစဥ်စားဘူးလို့ သိရပါတယ်။

ဂူအနက်ကိုစူးစမ်းတူးဖော်ရာမှာလည်း အထောက်အကူပြုကြိုးတွေနဲ့အတူ ခြေဖဝါးတစ်ခုစာသာ နေရာလွတ်ရှိတဲ့ ဂူနံရံတွေမှာ တွယ်ကပ်ပြီး တူးဖော်ခဲ့ရတယ်လို့ သိရပါတယ်။

တကယ်တမ်းမှာတော့ အခုဆက်လက်ပြီး တူးဖော်နိုင်ခဲ့တဲ့ အနက်ကြောင့် Delta Variant ဂူဟာ ကမ္ဘာ့အနက်ရှိုင်းဆုံးဂူ တစ်ခုဖြစ်လာတော့မှာဖြစ်ပါတယ်။

Credit: https://hotnewmyanmar.com