Knowledge and News

မကြာခင်မြင်တွေ့ရတော့မယ့် မိုးပျံဆိုင်ကယ်

Sciences & technology

လွန်ခဲ့နှစ်က အားပေးမှုများစွာနဲ့ မိတ်ဆက်ခဲ့ပြီး ပထမဆုံး full – scale prototype ကို စမ်းသပ်မှုများ အောင်မြင်စွာ ပြီးစီးပြီးတဲ့နောက် Los Angeles အခြေစိုက် ကုမ္ပဏီ ဖြစ်တဲ့ JetPack Aviation မှ တီထွင်သူ David Mayman ကနေ ဦးစီးဦးဆောင်ပြုကာ ရောက်ရှိလာခြင်း ဖြစ်တယ်။

bike riders များလိုမျိုး seating position ကို ဦးစားပေးထားတဲ့အတွက်ကြောင့် အဆိုပါယာဉ်ကို “flying motorcycle” အဖြစ် သတ်မှတ်ထားပါတယ်။

၎င်းကို ပျံသန်းနိုင်သော မော်တော်ဆိုင်ကယ်လို့ ခေါ်ဆိုခြင်းဟာ recreational purposes များအတွက် အသုံးပြုတယ်လို့ အဓိပ္ပာယ်ရပြီး Speeder အနေနဲ့တော့ ထိုသို့ မဟုတ်သေးပါ။

နည်းပညာအရ Speeder ဟာ ဘာမှ မဖြစ်သေးသော်လည်း တိုးတက်မှုအနေနဲ့ ကောင်းမွန်နေပြီး နှစ်နှစ်အကြာမှာ ထုတ်လုပ်သွားမယ်လို့ ဆိုထားပါတယ်။

စစ်ရေး၊ အကြီးစားဗားရှင်း – AUV ၊ ဝေဟင်သုံးယာဉ်များကိုသာ အာရုံစိုက်နေတဲ့အတွက် recreational purposes များဘက်ကိုတော့ အလှမ်း ဝေးသွားနိုင်ပါတယ်။

အထူးသဖြင့် ၎င်းကို ကယ်ဆယ်ရေးမစ်ရှင်များ, အများအားဖြင့် အရေးပေါ်နဲ့ စစ်ရေး လေ့ကျင့်မှုများမှာ အသုံးပြုလာဖွယ်ရှိပါတယ်။

Speeder ကို ဗားရှင်းသုံးမျိုးနဲ့ ကမ်းလှမ်းလာမှာ ဖြစ်ပြီး အစွမ်းထက်ဆုံး မော်ဒယ်ရဲ့ မယုံနိုင်လောက်အောင် စွမ်းဆောင်ရည်များကို မီးမောင်းထိုးပြထားပါတယ်။

အချို့သော ကုန်စည်များကို သယ်ဆောင်ဖို့အတွက် မော်တော်ဆိုင်ကယ်ရဲ့အရွယ်အစားမှာ သေးငယ်သော်လည်း ၎င်းကို မြန်နှုန်းဘက်ကို ဦးစားပေးထားပါတယ်။

မြန်နှုန်းအနေနဲ့ 480 mph (772.5 kph) ဖြစ်ပြီး ဒါက ဇိမ်ခံ Cessna ထက် လေးဆ ပိုမြန်တယ်လို့ ဆိုထားပါတယ်။

ကနဦးမှာ ၎င်းကို မောင်းသူမဲ့ သို့မဟုတ် အဝေးထိန်းစနစ်ဖြင့် လည်ပတ်နိုင်သော်လည်း pilot တစ်ဦး ထည့်သွင်းနိုင်ခြေကို ထည့်သွင်းစဉ်းစားလျက် ရှိပါတယ်။

ရာသီဥတု အခြေအနေ သို့မဟုတ် အမြင့် တို့လိုမျိုး အရာများက Speeder အတွက် ပြဿနာ မဟုတ်ပါ။

မိုးရွာနေချိန် သို့မဟုတ် မြင်နိုင်စွမ်း မရှိချိန်မှာတောင် ပျံသန်းနိုင်ပြီး လေတိုက်နှုန်း တစ်နာရီ မိုင် ၅၀ (၈၀ ကီလိုမီတာ) နှုန်းဖြင့် ပျံသန်းနိုင်ပြီး တောင်များကို ကျော်တက်ပါက ပေ 20,000 (6,096 မီတာ) အထိ စွမ်းဆောင်နိုင်မှာ ဖြစ်တယ်။

 

Speeder ကို လျှပ်စစ်နဲ့ ထုတ်လုပ်နိုင်ချေမရှိသေးသော်လည်း လောလောဆယ်မှာ အမြင့်ဆုံး ဘက်စုံသုံးနိုင်မှုနှင့် ထိရောက်မှုတို့ကြောင့် heavy fuel အမျိုးအစား အားလုံးနဲ့ သုံးနိင်အောင် ဒီဇိုင်း ထုတ်ထားပါတယ်။

အကောင်းဆုံး အနေနဲ့ ပထမဆုံး အကြီးစား အသုံးဝင်သော မော်ဒယ်များကို 2024 နှစ်ကုန်ပိုင်းမှာ ထုတ်လုပ်သွားမှာ ဖြစ်တယ်။

Credit..Ga Mone Pwint