Knowledge and News

နိုင်ငံအလိုက် သြဇာအာဏာရှိသောပတ်စ်ပို့များ

Knowledge

ပြည်ပ နိုင်ငံတွေကို ခရီးသွားလာတဲ့အခါမျိုးမှာ ပတ်စ်ပို့လို့ ခေါ်တဲ့ နိုင်ငံကူး လက်မှတ်ဟာ အရေးပါဆုံး မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။

ယနေ့ခေတ် ပတ်စ်ပို့တွေကို စတင် ဖြစ်ပေါ်စေခဲ့သူကတော့ အင်္ဂလန်နိုင်ငံ ပဉ္စမ ဟင်နရီ ဘုရင်ဖြစ်ပြီး အေဒီ ၁၅ ရာစု အစောပိုင်းကတည်းက ရှိနေခဲ့ပြီလို့ သိရပါတယ်။

နိုင်ငံတိုင်းမှာ မိမိနိုင်ငံသားတွေ တခြား ပြည်ပနိုင်ငံတွေကို သွားလာနိုင်စေဖို့အတွက် ပတ်စ်ပို့တွေကို ထုတ်ပေးထားကြပေမယ့် နိုင်ငံအလိုက် ရရှိတဲ့ အခွင့်အရေးချင်းတော့ မတူညီကြပါဘူး။

ပတ်စ်ပို့ချင်း တူပေမယ့် ကိုင်ဆောင်ထားတဲ့ ပတ်စ်ပို့အလိုက် ဗီဇာ ကင်းလွတ်ခွင့်နဲ့ သွားလာနိုင်တဲ့ နိုင်ငံ အရေအတွက်ချင်းက မတူညီကြပါဘူး။

ငြိမ်းချမ်းလုံခြုံပြီး စီးပွားရေး တောင့်တင်းခိုင်မာတဲ့ နိုင်ငံတွေဟာ ပိုမို အခွင့်အရေး ရလေ့ရှိပါတယ်။ ပတ်စ်ပို့အလိုက် ဗီဇာကင်းလွတ် (သို့) ဆိုက်ရောက် ဗီဇာနဲ့ သွားလာနိုင်တဲ့ နိုင်ငံအရေအတွက် စစ်တမ်းကို Henley Passport Index ကနေ ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လေကြောင်း ပို့ဆောင်ရေး အဖွဲ့ကနေ ရရှိထားတဲ့ အချက်အလက်တွေပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။

ဒီတခါတော့ ၂၀၂၁ ခုနှစ်ရဲ့ သြဇာအရှိဆုံး ပတ်စ်ပို့ နဲ့ အဆိုးဆုံး ပတ်စ်ပို့ ၁၀ ခု စီကို ဝေမျှသွားပါမယ်။

ဒီစာရင်းမှာ နိုင်ငံနဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွေ အပါအဝင် ပတ်စ်ပို့ပေါင်း ၂၀၀ ရဲ့ အဆင့်သတ်မှတ်ချက်ကို ဖော်ပြထားပါတယ်။

သြဇာအရှိဆုံး ပတ်စ်ပို့ရဲ့ ထိပ်ဆုံးနေရာကို ရထားသူကတော့ ဂျပန်နိုင်ငံ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံဟာ သူတို့ရဲ့ပထမဆုံး ပတ်စ်ပို့ကို ၁၈၈၆ ခုနှစ်ကတည်းက စတင်ဘသုံးစွဲခဲ့တာ ဖြစ်ပြီး ဂျပန်နိုင်ငံသားတွေရဲ့ပတ်စ်ပို့ဟာ နိုင်ငံပေါင်း ၁၉၃ နိုင်ငံအထိ ဗီဇာ မလိုပဲ (သို့) ဆိုက်ရောက်ဗီဇာနဲ့ သွားနိုင်တယ်လို့ သိရပါတယ်။

မြောက်ကိုရီးယား ၊ အီရတ် ၊ ဆီးရီးယား ၊ လစ်ဗျား ၊ ဆူဒန် နိုင်ငံတွေ အပါအဝင် နိုင်ငံ နဲ့ နယ်မြေအချို့ ကိုတော့ သွားလာနိုင်မှာ မဟုတ်ပါဘူး။

သြဇာအရှိဆုံး စာရင်းမှာ နံပါတ် ၂ နေရာမှာ ရှိနေတာက စင်ကာပူနိုင်ငံရဲ့ ပတ်စ်ပို့ ဖြစ်ပါတယ်။

စင်ကာပူပတ်စ်ပို့ ကိုင်ဆောင်ထားသူတွေဟာ ကမ္ဘာ့နိုင်ငံ နဲ့ နယ်မြေပေါင်း ၁၉၂ အထိ ဗီဇာမလိုဘဲ သွားနိုင်ပါ​​​တယ်။

စင်ကာပူ ရဲ့ နောက်မှာတော့ တောင်ကိုရီးယား နဲ့ ဂျာမနီ နိုင်ငံတွေ ရှိနေပြီး သူတို့ကတော့ ကမ္ဘာ့ နိုင်ငံ နဲ့ နယ်မြေစုစုပေါင်း ၁၉၁ ခုကို ဗီဇာမလိုပဲ သွားနိုင်ပါတယ်။

နံပါတ် ၄ နေရာမှာတော့ ဖင်လန် ၊ အီတလီ ၊ လူဇင်ဘတ် နဲ့ စပိန် နိုင်ငံရဲ့ ပတ်စ်ပို့တွေ ရှိနေပါတယ်။ သူတို့ကတော့ နိုင်ငံ နယ်မြေပေါင်း ၁၉၀ ခုအထိ သွားလာနိုင်ပါတယ်။

နံပါတ် ၅ နေရာမှာ ရှိနေတာကတော့ ဒိန်းမတ် နဲ့ သြစတြီးယားနိုင်ငံတွေရဲ့ ပတ်စ်ပို့တွေပါ။

ဒီနှစ်နိုင်ငံကသူတွေကတော့ နိုင်ငံနဲ့ နယ်မြေပေါင်း ၁၈၉ ခု အထိ သွားလာနိုင်ကြပါတယ်။

ပြင်သစ် ၊ အိုင်ယာလန် ၊ နယ်သာလန် ၊ ပေါ်တူဂီ ၊ ဆွီဒင် အစရှိတဲ့ နိုင်ငံက သူတွေကတော့ နိုင်ငံပေါင်း ၁၈၈ ခုအထိ သွားလာနိုင်ပြီး ဘယ်လ်ဂျီယံ ၊ ဆွစ်ဇာလန် ၊ နော်ဝေ ၊ ယူကေ နဲ့ အမေရိကန် ပတ်စ်ပို့ကိုင်ဆောင်ထားသူတွေကတော့ ၁၈၇ ခု အထိ သွားနိုင်တယ်လို့ သိရပါတယ်။

နံပါတ် ၈ နေရာမှာ ရှိနေပြီး နိုင်ငံပေါင်း ၁၈၆ခု အထိ ဗီဇာကင်းလွတ်ခွင့်နဲ့ သွားလာနိုင်တာကတော့ ချက် ၊ ဂရိ ၊ မော်လ်တာ နဲ့ နယူးဇီလန် ပတ်စ်ပို့တွေ ဖြစ်ပါတယ်။

သြစတြေးလျရဲ့ ကနေဒါ နိုင်ငံသားတွေကတော့ နိုင်ငံ နဲ့ နယ်မြေပေါင်း ၁၈၅ခု အထိ သွားလာနိုင်ကြပြီး

နံပါတ် ၁၀ မှ တော့ ဟန်ဂေရီ ၊ လစ်သူရေးနီးယား ၊ ပိုလန် နဲ့ ဆလိုဗေးနီးယားနိုင်ငံရဲ့ ပတ်စ်ပို့တွေက ရပ်တည်နေပါတယ်။

ဒီနိုင်ငံတွေရဲ့ ပတ်စ်ပို့တွေကတော့ နိုင်ငံ နဲ့ နယ်မြေပေါင်း ၁၈၃ ခုအထိ ဗီဇာကင်းလွတ်ခွင့်နဲ့ သွားလာနိုင်ကြပါတယ်။

အပေါ်မှာ ဖော်ပြခဲ့တာကတော့ ထိပ်တန်းပတ်စ်ပို့ ၁၀ ခုစာရင်းမှာ ပါဝင်တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

အဆိုးဆုံး ပတ်စ်ပို့ အချို့စာရင်းကို အောက်မှာ ဆက်လက်ဝေမျှသွားပါမယ်။

အဆိုးဆုံး ပတ်စ်ပို့တွေထဲက တခုကတော့ မြောက်ကိုရီးယားနိုင်ငံရဲ့ ပတ်စ်ပို့ဖြစ်ပြီး သူကတော့ နိုင်ငံ နယ်မြေပေါင်း ၃၉ ခု အထိပဲ သွားလာနိုင်ပါတယ်။

နီပေါ နဲ့ ပါလက်စတိုင်းက ပတ်စ်ပို့တွေကတော့ နယ်မြေ ၊ နိုင်ငံပေါင်း ၃၈ နဲ့ ၃၇ ခု အထိပဲ သွားလာနိုင်ပြီး သူ့နောက်မှာတော့ ဆိုမာလီယာ ၊ ယီမင် တို့ရဲ့ ပတ်စ်ပို့တွေက သွားလာနိုင်တဲ့ နိုင်ငံ ၊ နယ်မြေ ၃၃ စီ ရှိနေ ပါတယ်။

သူတို့နောက်မှာတောကမ္ဘာ့ပဉ္စမလူ လူဦးရေ အများဆုံးနိုင်ငံဖြစ်တဲ့ ပါကစ္စတန် ရှိနေပါတယ်။

ပါကစ္စတန်ရဲ့ ပတ်စ်ပို့ဟာ နိုင်ငံပေါင်း ၃၂ ခု အထိသာ သွားလို့ရပြီး သူ့နောက်မှာတော့ ဆီရီးယား ပတ်စ်ပို့က ၂၉ခု ၊ အီရတ်ပတ်စ်ပို့က သွားလာနိုင်တဲ့ နိုင်ငံနယ်မြေပေါင်း ၂၈ ခု နဲ့ ရပ်တည်နေပါတယ်။

ဒီစာရင်းမှာ နိုင်ငံပေါင်း ၂၀၀ ရဲ့ ပတ်စ်ပို့စာရင်းကို ထုတ်ပြန်ထားတဲ့အနက် နောက်ဆုံး နံပါတ် ၂၀၀ မှာ ရှိနေတဲ့ ပတ်စ်ပို့ကတော့ အာဖဂန်နစ္စတန်ရဲ့ ပတ်စ်ပို့ ဖြစ်ပြီး

သူကတော့ နိုင်ငံ နဲ့ နယ်မြေပေါင်း ၂၆ ခုသာ သွားလာနိုင်ပြီး ဒီစာရင်းမှာ အဆိုးဆုံး ပတ်စ်ပို့အဖြစ် ရှိနေပါတယ်။

အခြားနိုင်ငံတွေက ပတ်စ်ပို့တွေ အကြောင်း ဖတ်ရတော့ ကျွန်တော်တို့ နိုင်ငံရဲ့ ပတ်စ်ပို့ အဆင့်ကိုလည်း သိချင်ကြမယ် ထင်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ပတ်စ်ပို့ကတော့ ဒီစာရင်းရဲ့ နံပါတ် ၁၇၈ နေရာမှာ ရပ်တည်နေပါတယ်။

မြန်မာနိုင်ငံရဲ့ ပတ်စ်ပို့ ကိုင်ဆောင်ထားသူတွေဟာ ကမ္ဘာ့နိုင်ငံ နဲ့ နယ်မြေပေါင်း ၄၇ ခုအထိ ဗီဇာ ကင်းလွတ်ခွင့် (သို့) ဆိုက်ရောက် ဗီဇာ နဲ့ သွားလာနိုင်တယ်လို့ ဒီစာရင်းမှာ ဖော်ပြထားပါတယ်။

Credit:Thutazone

Ref : Henley Passport Index 2021