Knowledge and News

PUBGဂိမ်းကိုဖန်တီးခဲ့သူ

Game

PlayerUnknown’s Battleground (PUBG) ဟာ လက်ရှိ ဂိမ်းလောကမှာဆို လူအကြိုက်အများဆုံး ဂိမ်းတစ်ခုဖြစ်နေပါတယ်။ ဒီ ဂိမ်းကို ဒီမှာလည်းတော်တော်များများ ကစားနေကြပြီး အမျိုးသမီးတွေပါ စိတ်ဝင်စားကြတာတွေ့ရပါတယ်။

ဒီ ဂိမ်းက ကွန်ပျုတာ ဂိမ်းတစ်ခုအဖြစ် အရင်ထွက်ရှိခဲ့ပြီး မိုဘိုင်းဖုန်း ဂိမ်းအဖြစ်ထွက်ရှိလာတဲ့ အချိန်မှာတော့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ အိန္ဒိယနိုင်ငံမှာ ခဏလေးအတွင်း နာမည်အကြီးဆုံး၊ အပျံအနှံ့ဆုံး ဂိမ်းဖြစ်သွားတယ်။ ဒါကြောင့်နဲ့ ဒီလောက် ဆွဲဆောင်မှုပြင်းတဲ့ ဂိမ်းရဲ့နောက်ကွယ်က ဖန်တီးသူအကြောင်း ဖော်ပြပေးချင်ပါတယ်။

PUBG ဂိမ်းကို ဖန်တီးတဲ့ သူဟာ အိုင်ယာလန်နိုင်ငံသား Brenden Greene (၃၇ နှစ်) ဖြစ်တယ်။ လက်ရှိမှာသူက ဂရပ်ဖစ် ဒီဇိုင်၊ ဝက်ဘ်တည်ဆောက်သူနဲ့ ဓာတ်ပုံဆရာ တစ်ယောက်အဖြစ် ဘရာဇီးလ်နိုင်ငံမှာ လုပ်ကိုင်နေတယ်။(၂၀၁၃) ခုနှစ်တုန်းက Brendan ဟာ DayZ လို့ခေါ်တဲ့ ဂိမ်းပုံစံကို သဘောတွေ့ခဲ့တယ်။ အဲ့ဒီ့နောက် သူဟာ DayZ ဂိမ်းအတွက် mod ဖန်တီးတဲ့ သူအဖြစ်လုပ်ကိုင်ခဲ့တယ်။ အဲ့ဒီ့နောက် ဂျပန် ရုပ်ရှင်တစ်ခုဖြစ်တဲ့ Battle Royale ထဲကလည်း အကြံတစ်ချို့နဲ့ စေ့ဆော်မှုတွေ ရရှိခဲ့ပြီး ကိုယ်ပိုင်ဂိမ်း စစ်စတမ် Battler Royale ပုံစံတစ်ခုကို ဆန်းသစ် ဖန်တီးခဲ့တယ်လို့ သိရတယ်။

ဒီလိုနဲ့ ကုတ်တင်တွေရေးတာ သင်ပြီးတဲ့နောက် ပထမဆုံး PUBG ဗားရှင်းကို ဖန်တီးခဲ့တယ်။ ဒီ ဂိမ်းဟာ DayZ ဆိုတဲ့နာမည်နဲ့ ဂိမ်းဆော့သူတွေရဲ့ အကြိုက်ဖြစ်လာခဲ့တယ်။ သူရဲ့ ဖန်တီးမှုကို Sony ထုတ်လုပ်ရေးက စိတ်ဝင်စား နှစ်သက်ခဲ့လို့ H1Z1 ဆိုတဲ့ ဂိမ်းရဲ့ Battle Royale ဒီဇိုင်းအတွက် အကြံအပေးအဖြစ် ငှားရမ်းခဲ့တယ်။ ဂိမ်းထွှက် လာတဲ့ အခါမှာလည်း သူရဲ့ ဒီဇိုင်းအဖြစ် အတည်ပြုပေးခဲ့တယ်။(၂၀၁၅) ခုနှစ်မှာတော့ Brendan က တောင်ကိုရီးယာနိုင်ငံက Bluehole Ginno ဆိုတဲ့ဂိမ်းကုမ္ပဏီနဲ့ စာချုပ်ချုပ်ခဲ့တယ်။ အဲ့ဒီ့နောက် (၂၀၁၆) ခုနှစ်မှာ ဂိမ်းအသစ် ထုတ်လုပ်ဖို့နဲ့ သူဟာ ဖန်တီးမှုပိုင်း ဒါရိုက်တာဖြစ်လာခဲ့တယ်။ တောင်ကိုရီယား ကုမ္ပဏီက လက်ရှိ သူတို့နိုင်ငံမှာ သိပ်ရေပန်းမစားသေးတဲ့ ဒီလို တိုက်ခိုက်ရတဲ့ ဂိမ်းပုံစံကို ဖန်တီးပြီး အကျိုးအမြတ် ရှာဖွေလိုတာဖြစ်တယ်လို့ သိရတယ်။ ပထမဆုံး ဖန်တီး ထုတ်လုပ်ချင်တဲ့ ရည်ရွယ်ချက်လည်းရှိတယ်။

ဒီလိုနဲ့ပဲ PUBG ဆိုပြီး (၂၀၁၇) မှာ စတင် ထုတ်လုပ်ခဲ့တယ်။ အဲ့ဒီနောက်ကစလို့ အင်မတန်မှ လူကြိုက်များတဲ့ ဂိမ်းတစ်ခုဖြစ်လာခဲ့ပြီး တစ်နေ့ကို ပျှမ်းမျှ လူသန်း(၁၀၀)နီးပါးလောက် ကစားနေတယ်ဆိုတဲ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။

Credit :burmese.asia, thutazone