Knowledge and News

ချမ်းသာသူနဲ့ဆင်းရဲသူတို့၏ အတွေးအခေါ် အယူအဆကွာခြားချက်များ

Thinking

ဆင်းရဲတယ်ချမ်းသာတယ်ဆိုတာငွေနဲ့ တိုင်းတာမဟုက်ပါဘူး စိတ်ပိုင်းဆိုင်ရာပြည့်ဝရင့်ကျပ်တာကိုပြောဆိုလိုပါတယ်။

(၁) ချမ်းသာသူတွေက ကိုယ်လိုချင်တဲ့ဘဝကို ကိုယ်တိုင်ဖန်တီးမယ်လို့ ယုံကြည်သော်လည်းဆင်းရဲသူတွေက ကံနိမ့်နေလို့ တခြားသူတွေက ဟိုဟိုဒီဒီပြုလုပ်လိုက်လို့ ဘဝကအမြဲရုန်းကန်နေရတယ်လို့တွေးလေ့ရှိကြပါတယ်။

(၂) ချမ်းသာသူတွေက ငွေကို သူတို့အတွက် အလုပ်ပေးပြီး ငွေထပ်များလာအောင် ပြန်ခိုင်းနေကြပြီးဆင်းရဲသူတွေက ငွေရှာဖို့အတွက် ငွေကအလုပ်ကို ပြန်လုပ်ခိုင်းနေသလို့ ဖြစ်နေကြရပါတယ်။

(၃) ချမ်းသားသူတွေက ကြောက်ရွံ့စိတ်နည်းပြီး စွန့်စားကြိုးပမ်း ကြလေ့ရှိပါတယ်။ ဆင်းရဲသူတွေကကြောက်စိတ်တွေ ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေအ ားနည်းတက်လို့ရှေ့မဆက်ဘဲ လက်လျှော့ပြီးရပ်လိုက်ကြတတ်ပါတယ်။

(၄) ချမ်းသာသူတွေက ပတ်ဝန်းကျင်အမြင်ကျယ်ပြန့်ပြီး ရည်မှန်းချက်စိတ်အာရုံကြီးမားကြတယ်။ ဆင်းရဲသူတွေက ပတ်ဝန်းကျင် အမြင်ကျဉ်းပြီး ရည်မှန်းချက်စိတ်အာရုံနည်းတတ်ကြပါတယ်။

(၅) ချမ်းသာသူတွေက အခက်တွေကို အခွင့်အရေးတွေလို့မြင်ပြီး ဖြတ်သန်းဖို့လုပ်ကြံကြပါတယ်။ ဆင်းရဲသူတွေကတော့ ပြဿနာအကျပ်အတည်းတွေလို့ပဲမြင်ပြီး အာရုံအနှောက်အရှက်ကိစ္စတွေလို့တွေးခေါ်ကြတယ်။

(၆) ချမ်းသာသူတွေက သူတို့ထက်တော်တဲ့သူအောင်မြင်သူတွေကို လေးစားကြလေ့ရှိပါတယ်။ ဆင်းရဲသူတွေက သူတို့ထက်တိုးတက်နေရင် မနာလိုစိတ်တွေနဲ့ပဲ အမုန်းပွားတတ်ကြတယ်။

(၇) ချမ်းသာသူတွေက လက်တွေ့ကြတဲ့ ရလဒ်တွေနဲ့တိုင်းတာပြီးလုပ်ဆောင်လေ့ရှိကြတယ်။ ဆင်းရဲသူတွေကအလုပ်ရှုပ်တာ အချိန်ကုန်တာတွေနဲ့ပဲ စတွေးပြီး နောက်ရလဒ်တွေကို မစဉ်းစားတတ်ကြပါဘူး။

(၈) ချမ်းသာသူတွေက ငွေဝင်ငွေထွက်ထိန်းချုပ်နိုင်ကြပါတယ်။ ဆင်းရဲသူတွေက သုံးငွေရှာငွေထက်အမြဲပိုများနေကြပါတယ်။

(၉) ချမ်းသာသူတွေက ဘယ်လိုမရ ရအောင်လုပ်ရမလဲစဉ်းစားကြတယ်။ ဆင်းရဲသူတွေကသူများကိုအပြစ်တင်ဖို့နဲ့ဝေဖန်အော်ဟစ်ပြောဆိုဖို့ပဲ စလုပ်ကြပါတယ်။

(၁၀) ချမ်းသားသူတွေက အမြဲလေ့လာသင်ယူဖတ်ရှူဖို့ တိုးတက်အောင် ကြိုးစားနေလေ့ရှိပါတယ်။ဆင်းရဲသူတွေကသူတို့ အားလုံးအသိအမြင်ပြည့်ဝပြီးသားလို့ ထင်လေ့ထင်ထရှိကြပါတယ်။

Credit: အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်