Knowledge and News

ကော်ဖီသောက်ခြင်းဖြင့်ရရှိနိုင်သည့်အကျိုးကျေးဇူး

Health, Knowledge

ကော်ဖီသောက်ခြင်းအားဖြင့်

၁ – ဦးနှောက်စွမ်းဆောင်ရည်

ကော်ဖီက တက်ကြွလန်းဆန်းခြင်း ၊ အာရုံစူးစိုက်မှုကောင်းစေခြင်း တို့ကို ဖြစ်စေပါတယ်။ ကော်ဖီမှာ သကြားထည့်သောက်ခြင်းကအချိန်အနည်းငယ် ဉာဏ်ရွှင်စေပြီး ကော်ဖီနဲ့ ဂလူးဂိုစ့်တိုက ဦးနှောက်ကို စီမံခန့်ခွဲမှုမြှင့်မားစေပါတယ်။သို့ပေမယ့် ဗိုက်ထဲအစာမရှိပဲ ကော်ဖီမသောက်ပါနဲ့။

၂ – သွေးပေါင်ချိန်မြှင့်တက်စေခြင်း

သွေးပေါင်ကျနေတဲ့အချိန် ကော်ဖီကို သောက်သုံးသင့်ပါတယ်။ အကြောင်းမှာ ကော်ဖီက သွေးပေါင်ချိန်မြှင့်တက်စေနိုင်လို့ပါပဲ ။ဒါပေမယ့် Tachycardia ဖြစ်တဲ့လူတွေတော့ သောက်လို့မရပါဘူး။

၃ – ဖျားနာပြီးခါစ

လေ့လာချက်များအရ ကော်ဖီက အရွယ်မတိုင်ခင် သေဆုံးခြင်းကို လျော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။ ကော်ဖီသောက်လေလေ ၊ ထိခိုက်မှုနည်းလေလေဟု ဆိုကာ ကော်ဖီက ဖျားနာပြီးခါစအချိန်သောက်မယ်ဆိုရင် မြန်မြန်ကျန်းမာလန်းဆန်းစေပါတယ်။အသည်းကို ကောင်းကျိုးပေးပြီးအစာခြေဖျက်မှုကိုလည်း ကောင်းမွန်စေပါတယ်။ သို့ပေမယ့် သဘာဝကော်ဖီမှုန့်စစ်စစ်ကိုသာသောက်ပါ ၊ ရယ်ဒီမိတ်ထုပ်တွေမှာ ဓာတုပစ္စည်းတွေပါဝင်လို့ ခန္ဓာကိုယ်တွင်း အင်္ဂါရပ်တွေကို ထိခိုက်စေနိုင်ပါတယ်။

၄ – ခေါင်းကိုက်ခြင်း

ကော်ဖီမှာပါတဲ့ ကာဖိန်းဓါတ်က ခေါင်းကိုက်ခြင်း နှင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းတို့ကို သက်သာစေပါတယ်။ ဒါပေမယ့် ရောဂါသက်သာစေတဲ့ဆေးတော့မဟုတ်ပါဘူး။နောက်ပိုင်းဆေးတွေမှာလည်း ကဖိန်းဓါတ်ပါဝင်လာတာဖြစ်ပြီး ခေါင်းကိုက်ခြင်းကို ပျောက်ကင်းစေနိုင်အောင် စွမ်းဆောင်ထားကြတာဖြစ်ပါတယ်။

၅ – မှတ်ဉာဏ်အားကောင်းစေခြင်း

ကော်ဖီက စိတ်ပိုင်းဆိုင်ရာကိုသာ လန်းဆန်းစေတာမဟုတ်ဘဲ မှတ်ဉာဏ်အားကိုလည်း ကောင်းစေပါတယ်။တဒင်္ဂမှတ်ဉာဏ်အားကို ထောက်ကူပေးပြီး အလုပ်လုပ်စဉ်နာရီၤပေါင်းများစွာ အရေးကြီးတာတွေကို မမေ့လျော့စေရန်ကူညီပေးနိုင်ပါတယ်။

source: mingalarmorning
Credit – Health Guide