Knowledge and News

ကားဝယ်သူတိုင်း သွားပြီးဦးတိုက်နေတဲ့ ရွှေညောင်ပင်ဘိုးဘိုးကြီးသမိုင်း

Knowledge

၁၉၃၅ လောက်က ရန်ကုန် ပဲခူး လမ်းမပေါ် ထောက်ကြန့်နားမှာ ညောင်ပင်ကြီး တစ်ပင်ရှိသတဲ့။အဲ့ဒီညောင်ပင်ဘေးမှာ ပထမကမ္ဘာစစ်ပြန် အဘိုးကြီးတစ်ယောက်ရဲ့ ကားဝပ်ရှော့တဲကလေးရှိတယ်။

အဘိုးကြီးသေသွားတဲ့အခါ အဲ့ဒီညောင်ပင်ကြီးနားမှာ ကားတွေ မကြာမကြာပျက်တတ်တယ်။ ညောင်ပင်ကြီးကို ပါလာတဲ့

ထမင်း၊ဟင်း၊ မုန့်လေးတွေ ပသပြီး တောင်းပန်လိုက်ရင် ကားတွေက ပြန်ကောင်းသွားရောတဲ့လေ။ ဝပ်ရှော့ဆရာကြီးက နတ်ဖြစ်နေမယ်လို့ ကားသမားတွေက ယူဆကြတယ်။

၁၉၄၂ ခုနှစ်မှာဒေါ်အေးရင် ဆိုတဲ့အဘွားက အဲ့ဒီညောင်ပင်မှာ ရွှေညောင်ပင်ဘိုးဘိုးကြီး ဆိုပြီး နတ်ကွန်းဆောက်လိုက်တယ်။နောက်ပိုင်း ကားတွေ ဝယ်ပြီးရင် ဝပ်ရှော့ဆရာဘိုးဘိုးကြီး ကို လာလာပြကြတော့တာတဲ့လေ။

အခု ရွှေညောင်ပင်နတ်နန်းသွားပြီး သမိုင်းကြောင်းမေးရင်တော့- ကဿပဘုရားရှင်ကနေ အစချီပြီး ရွှေတိဂုံဘုရားသမိုင်းပါ အထိပါပြောပြပါလိမ့်မယ်။ ဘယ်လိုသမိုင်းတွေပဲရှိရှိ လူတွေမှာ ကိုယ့်အယူအဆနဲ့ ကိုယ်ယုံကြည်ရာ၊ ယုံကြည်ရာ လုပ်ခွင့်ရှိကြလို့ အပြစ်ဆို၍မရပါချေ။

Credit – Original Uploader