Knowledge and News

ဂရိလူမျိုးစွယ်စုံပညာရှင် အာခီမီးဒီးစ်

Knowledge

အာခီမီးဒီးစ် (၂၈၇-၂၁၂ဘီစီ) – အာခီမီးဒီးစ် သည် ဂရိလူမျိုး သင်္ချာ ပညာရှင်၊ ရူပဗေဒ ပညာရှင်၊ အင်ဂျင်နီယာ၊ တီထွင်ပညာရှင် နှင့် နက္ခတ္တဗေဒ ပညာရှင်ကြီး ဖြစ်သည်။အာခီမီးဒီးစ်ကို ဘီစီ ၂၈၇ ခန့်က ရှေးဟောင်း မဂ္ဂနာဂရေစီယာပြည်လက်အောက်ခံ စစ္စလီပြည် ဆိုင်ရာကျူးစ် မြို့ တွင် မွေးဖွားခဲ့သည်။ ဘိုင်ဇန်တိုင်းဂရိခေတ် က သမိုင်းပညာရှင် ဂျွန်ဇီဇီ ၏ မှတ်တမ်းအရ အာခီမီးဒီးစ်သည် အသက် ၇၅ နှစ်အထိ နေထိုင်သွားရကြောင်း သိရသည်။အာခီမီးဒီးစ်သည် သူ၏ တီထွင်မှု တစ်ခုဖြစ်သော သဲနာရီ နှင့် ပတ်သက်၍ ရေးသားထားသော Sand Reckoners အမည်ရှိ စာတမ်းများတွင် သူ၏ ဖခင်အမည်ကို နက္ခတ္တဗေဒပညာရှင် ဖီးဒီးယပ်စ် ဟု ဖော်ပြထားသည်။

 

 

သမိုင်းပညာရှင် ပလူးတပ် ရေးသားသော ခေတ်ပြိုင်ပုဂ္ဂိုလ်ထူးကြီးများ စာအုပ်တွင် အာခီမီးဒီးစ်သည် ဆိုင်ရာကျူးစ်ဘုရင် ဒုတိယမြောက်ဟီရိုးနှင့် ဆွေမျိုး တော်စပ်ကြောင်း ဖော်ပြထားသည်။သူငယ်ရွယ်စဉ်က အီဂျစ်ပြည် အလက်ဇန္ဒြီးယားမြို့ တွင် ပညာဆည်းပူး ခဲ့သည်ဟု ယူဆရသည်။ သူသည် Hydrostatics နှင့် Statics စသော ရူပဗေဒ ပညာရပ်များကို အုတ်မြစ်ချ ပေးခဲ့သူဖြစ်ပြီး ကုတ်နိယာမ သဘောတရား ကို ဖော်ထုတ်ခဲ့သူလည်း ဖြစ်သည်။Seige engine နှင့် Screw pump တို့ကဲ့သို့သော ဆန်းသစ်သည့် စက်ပစ္စည်းများကို တီထွင်ခဲ့သည့် အတွက်ကြောင့်လည်း သူ့အား အင်ဂျင်နီယာ တစ်ဦးအဖြစ် သတ်မှတ်ကြသည်။

 

ထပ်မံ တွေ့ရှိချက်များအရ အာခီမီးဒီးစ်သည် ကြေးမုံမှ အလင်းပြန်အားကို အသုံးပြပြီး တစ်ဘက်ရန်သူ၏ စစ်သင်္ဘောများကို မီးရှို့ဖျက်ဆီးနိုင်သည့် အတတ်ပညာကိုလည်း တီထွင်ခဲ့သည်ဟု သိရသည်။ အာခီမီးဒီးစ်ကို လူသိများသည်မှာ သင်္ချာပညာရှင် တစ်ဦးအဖြစ် ဖြစ်သည်။

ပါရာဘိုလာ မျဉ်းကွေးတစ်ခုအောက်ရှိ ဧရိယာကို အနန္တကိန်းစဉ် ပေါင်းလာဒ်ဖြင့် ရှာဖွေတွက်ချက်နိုင်သည့် Method of Exhaustion ကို တီထွင် ဖော်ထုတ်ခဲ့သူ ဖြစ်သည်။ ထို့အပြင် pi (π) ၏ တန်ဖိုးကိုလည်း ယ ခင် ကထက် ပိုမိုတိကျအောင် တွက်ထုတ် ပေးနိုင်ခဲ့သည်။ ဝက်အူရစ် လှည့်ခြင်း နိယာမကို သူ၏အမည်နှင့်တွဲ၍ ဖော်ထုတ်ခဲ့သည်။ထို့အပြင် ထုထည်တွက်နည်း ဖော်မြူလာ အများအပြားကိုလည်း ဖော်ထုတ်ပေးခဲ့သည်။ စက်လုံးတစ်ခု၏ ထုထည်နှင့် မျက်နှာပြင် ဧရိယာတို့သည် ၎င်းနှင့် အချင်းဝက် တူညီသော ထုလုံးရှည်မှန် တစ်ခု၏ ထုထည်နှင့် မျက်နှာပြင် ဧရိယာတို့၏ သုံးပုံ နှစ်ပုံ ရှိကြောင်းကို အာခီမီးဒီးစ်က သက်သေပြခဲ့သည်။

ယင်းသက်သေပြချက်သည် သင်္ချာပညာရပ်တွင် အကြီးမားဆုံးသော တိုးတက်မှုကြီးတစ်ခု ဖြစ်သည်။ သူ၏တွေ့ရှိချက်စာများကို အေဒီ ၃၅၀ မတိုင်ခင်အထိ စုစည်း စာအုပ်ထုတ်ခြင်း မရှိခဲ့ပေ။အေဒီ ၆ ရာစု ကျမှသာ သူ၏ပညာရပ်များကို လူအများသိအောင် ဖြန့်ချိနိုင်ခဲ့သည်။ ရီနေးဆွန်းခေတ် တစ်လျောက်လုံး သိပ္ပံပညာရှင် များအပေါ်တွင် သူ၏ အယူအဆ သဘောတရားများ လွှမ်းမိုးထားခဲ့သည်။ အာခီမီးဒီးစ်ဟာ သူ့ခေတ်သူ့အခါမှာ အကြီးကျယ်ဆုံး သင်္ချာပညာရှင်အဖြစ် သတ်မှတ်ခံခဲ့ရပြီးကမ္ဘာ့သမိုင်းမှာ အကြီးကျယ်ဆုံး တီထွင်သူ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ထောင်ကျော်တုန်းက အသက်ရှင်နေထိုင်ခဲ့သူ သူ့ကြောင့်သာ ယခုတီထွင်သူစာရင်းထဲက သူတွေအားလုံးနီးပါး တီထွင်မှုတွေ လုပ်နိုင်ခဲ့တာလို့ ဆိုနိုင်ပါတယ်။

သူဟာ ယနေ့ကျွန်တော်တို့မှီခိုနေရတဲ့ စက်ဝိုင်းဧရိယာ၊ မျက်နှာပြင်ဧရိ ယာ၊ စက်လုံးရဲ့ ထုထည်၊ ပါရာဘိုလာဧရိယာ စတဲ့ ဂျီအော်မေတြီသီအိုရမ်တွေကို သက်သေပြခဲ့ပြီး ပိုင်ရဲ့ တန်ဖိုးကိုလဲ ခန့်မှန်းတွက်ချက်ခဲ့သူပါ။ ဒီ သင်္ချာပညာရပ်ဆိုင်ရာ တီထွင်ဆန်းသစ်မှုတွေကို သူ့ဘ၀တစ်လျှောက်လုံး လုပ်ခဲ့သလို သူတီထွင်ခဲ့တဲ့အရာတွေကလည်း သူ့ရဲ့ တွက် ချက်မှုတွေကို အခြေခံခဲ့တာပါ။

အာခီမီးဒီးစ်ဟာ ကုတ်(lever)ရဲ့ အခြေခံသဘောတရားကို ပထမဆုံး ထုတ်ဖော်ခဲ့သူဖြစ်ပြီး၊ ရှေးဦးစက်ကိရိယာတွေလို့ ခေါ်နိုင်တဲ့ ၀က်အူရစ်ရေတင်စက်၊ ပူလီတွေကို စုစည်းပြီး အလေးသယ်တဲ့စက်၊ ပထမဆုံးဂြိုလ်နက္ခတာရာမြေပုံစတာတွေ တီထွင်ခဲ့တဲ့အပြင်သူရဲ့ မွေးရပ်မြေ ဆီရာကျုမြို့ကို စစ်အတွင်းမှာ စိတ်ကူးယဉ်ဆန်ဆန် စက်ကိရိယာတွေနဲ့ ကာကွယ်ခဲ့သူဖြစ်ပါတယ်။ ရောမစစ်ဗိုလ်ချုပ် မားကပ်စ် ကလောဒီးယပ်စ် မာဆဲလပ်စ် က နှစ်နှစ်ကြာဝိုင်းရံ ပိတ်ဆို့ပြီးနောက် ဆိုင်ရာကျူးစ် မြို့ကို သိမ်းပိုက်လိုက်ချိန်တွင်သူ့ရဲ့ ကြီးကျယ်ထင်ရှားတဲ့ တီထွင်မှုတွေကြောင့် ဆိုင်ရာကျူးစ် စစ်ပွဲအတွင်း ရောမဘုရင်က သူ့အားမသတ်ဖြတ်ရန် အမိန့်ပေးထားခဲ့သော်လည်း ရောမစစ်သားတစ်ယောက်က ဗိုလ်ချုပ် မာဆဲလပ်စ် နှင့် တွေ့ဆုံရန် ပြောဆိုရာ ထိုအချိန်တွင် သူက သူ၏ ဂျော်မက်ထရီပုစ္ဆာစဉ်းစားနေဆဲဖြစ်၍ မတွေ့လိုကြောင်း ငြင်းဆိုခဲ့သဖြင့် ရောမစစ်သားက ဒေါသထွက်ကာ ဓားဖြင့် ထိုးသတ်လိုက်ခြင်းကြောင့် ဘီစီ ၂၁၂ တွင် အာခီမီးဒီးစ် သေဆုံးခဲ့ရပါတယ်။

Credit – မူရင်း