Knowledge and News

ဘူးသီးကြော်သုပ်

Food

အိမ်မှာအေးအေးဆေးဆေးနားရတဲ့ရက်မျိုးဆို မိသားစုနဲ့အတူ ဘယာကြော်၊ ဘူးသီးကြော်၊ ဂေါ်ရခါးသီးကြော်လေးတွေလည်း ကြော်စားနိုင်တယ်နော်။ အိမ်မှာ ကိုယ်တိုင် အကြော်ကြော်စားတာက မုန့်နှစ်လည်းမချဉ်၊ ဆီလည်းသန့်ပြီး အချဉ်ရည်ကိုလည်း သန့်သန့်လေးစားလို့ရတယ်လေ။ ဒီတစ်ခေါက်မှာတော့ ဘူးသီးကြော်ကို မန်ကျည်းမှည့်ရည်လေးနဲ့သုပ်တဲ့ အအီပြေဘူးသီးကြော်သုပ်လေးကို ဘယ်လိုပြင်ဆင်မလဲဆိုတာမျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဘူးသီး တစ်စိတ် (ဘူးသီးကို ရေဆေး အခွံနွှာပြီး မထူမပါး ၆ စင်တီမီတာအရှည်အချောင်းလေးများ လှီးထားပါ)
  • ချင်း ၅ စင်တီမီတာ (ညက်အောင်ထောင်းထားပါ)(အရည်ယူရန်)
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ရွှေလိပ်ပြာအကြော်မှုန့် ၂၀၀ ဂရမ်
  • ဂျုံမှုန့် ၁၀၀ ဂရမ်
  • ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၁ ဇွန်း
  • ရေအေး ၃၀၀ မီလီလီတာ
  • ဆီ ၄၀၀ မီလီလီတာ
  • ခနောချဥ်ပြုံးပြုံးမန်ကျည်းအရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် (ရေနွေးစားပွဲတင်ဇွန်း ၁ ဇွန်းရောကာဖျော်ထားပါ)(ချဉ်ပြုံးပြုံးမန်ကျည်းအရသာမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းသည် မန်ကျည်းမှည့် ၂ ကျပ်ခွဲသားခန့်နှင့်ညီမျှပါသည်)
  • ပဲမှုန့် ထမင်းစားဇွန်း တစ်ဝက်
  • နံနံပင် ၂ ပင် (ရေဆေးပြီးမထူမပါးလှီးထားပါ)
  • ငရုတ်သီးစိမ်း ၃ တောင့် (ရေဆေးပြီး ခပ်စွေစွေညှပ်ထားပါ)
  • ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
  • ငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ဘူးသီးကြော်ဖို့အတွက်ဇလုံထဲကို အကြော်မှုန့်၊ ဂျုံမှုန့်၊နနွင်း၊ကြက်သားမှုန့်၊ချင်းအရည်၊ ရေတို့ထည့်ပြီး သမအောင်သေသေချာချာနယ်ပါ။

  2. ပြီးရင်တော့ ဆီအိုးတည်ပါ။ ဆီဆူလာတဲ့အခါ လှီးထားတဲ့ဘူးသီးတွေနဲ့မုန့်နှစ်ကို သမအောင်နယ်ပြီး နှစ်ချောင်းခန့်စီပူးကြော်ပါ။ ဒယ်အိုးဆံ့သလောက်ထည့်ကြော်နိုင်ပါတယ်။

  3. ဘူးသီးကြော်လေးတွေ ရွှေရောင်သန်းလာရင် တစ်ဖက်သို့လှန်ပေးပါ။ တစ်ခုလုံး ရွှေရောင်သန်းပြီး ကြွပ်ရွလာပြီဆိုရင် ဆန်ကာထဲဆယ်ထည့်ထားပါ။

  4. ဘူးသီးကြော်လေးတွေလုံးဝအေးသွားတဲ့အခါ ဗူးသီးကြော်သုံးခုကိုယူပါ။ ပန်းကန်ထဲကိုကတ်ကြေးနဲ့ညှပ်ထည့်ပါ။

  5. ပြီးရင်တော့ ကြက်သွန်နီ၊ ပဲမှုန့်၊ ငံပြာရည်၊ ငရုတ်သီး ၊ နံနံပင်၊ မန်ကျည်းရည်တို့ထည့်ကာ နယ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ မွှေးစပ်ချဉ်ပြုံးတဲ့အရသာလေးနဲ့ အအီပြေဘူးသီးကြော်သုပ်လေးကို ရရှိပြီဖြစ်ပါတယ်။

  6. မန်ကျည်းရည်နံ့မွှေးမွှေးလေးနဲ့သုပ်ထားတဲ့ ချဉ်ငန်စပ်ဘူးသီးကြော်သုပ်လေးကို ရေနွေးကြမ်းလေးနဲ့ တွဲဖက်သုံးဆောင်ကြည့်ပါဦးနော်။

    Credit: https://www.howtocook.com.mm